မန္တလေးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိ
မန္တလေး၊ ဖေဖော်ဝါရီ – ၂၂- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဥ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃၇ မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဓါးပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။
ဓားပြမှု ကျူးလွန်ခဲ့တဲ့ ဦးသိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈(B) လမ်း ၆၈ (C)လမ်းကြားက နေအိမ်တအိမ်မှာ ဒီကနေ့ နံနက် ၉ နာရီက ဘဏ်ဓားပြတိုက်ရာပါငွေ ၁၀၉၈ သိန်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ကမ္ဘောဇဘဏ်(၃၇)ဟာ ဒုတိယအကြိမ် ဓားပြတိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ တဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဓားပြတိုက်တဲ့သူကိုလည်း ဘဏ်ကနေအထွက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။