မတ် ၆၊ ၂၀၂၅
Shy V VOM
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမှာ လတ်တလော ကိုးကန့် MNDAA က ထုတ်ပေးတဲ့ ယာယီ ယာဉ်မောင်းလိုင်စင် စစ်ဆေးနေပြီး မလုပ်ထားတဲ့ သူတွေကို ရှစ် သောင်းနဲ့ အထက် ပေးပြီး ပြန်လုပ်ခိုင်းနေ ကြောင်း ယာဉ်မောင်း တွေဆီက သိရပါတယ်။
“ကျွန်မတို့ကိုလည်း လမ်းမှာ စစ်ပြီး လုပ်ခိုင်းတယ်။ သိန္နီမှာ လုပ်ရင် ကားသေး ၈၀၀၀၀ တောင်းတယ်။ သူတို့ ဂိတ်သိမ်းတဲ့ အချိန် စောင့်ပြန်ပြီး လားရှိုးမှာ လုပ်လိုက်တယ်။ ၁၅,၀၀၀ ပဲပေးရတယ်။ နောက်တစီးက တသိန်းကျော်ပေးရတယ်။ သိန္နိမှာ အဲလို လုပ်ခိုင်းလို့ လုပ်လိုက်တာ။ ကင်တာမို့လေ။ ကားပေါ်မူတည်ပြီးပေးရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
လတ်တလော လမ်းတလျှောက် အစစ်အဆေးတွေ များပြီ ကားပေါ်ကနေတောင် ဆင်းခိုင်းပြီး စစ်ဆေးနေတယ်လို့ သူက ပြောပါတယ်။
ယာဉ်မောင်း လိုင်စင် သပ်သပ် လုပ်ရပြီး ဘီးခွန်လည်း တနှစ်စာ ဆောင်ရတယ်၊ ကားပေါ်မူတည်ပြီး ဈေးနှုန်းကွာတယ်၊ ကင်တာဆိုရင် နှစ်သိန်းကျော် ပေးရတယ်လို့ သူက ပြောပါတယ်။
“သိန္နီမှာ ကိုးကန့် MNDAA ထုတ်ပေးတဲ့ ယာယီ ယာဉ်မောင်း လိုင်စင်တွေ စစ်နေတာ ဟုတ်တယ်။ မရှိတဲ့ လူတွေ ပြန်လုပ်ရတယ်။ ကားတွေလည်း တန်းစီနေတာတွေ့တယ်” လို့ ခရီးသွား အမျိုးသမီး တယောက်က ပြောပါတယ်။
တချို့ယာဉ်မောင်းတွေက တော့ မစောင့်နိုင်လို့ ပြန်လှည့် သွားရတာလည်း ရှိတယ်လို့ သူကပြောပါတယ်။
ကွတ်ခိုင်မှာတော့ အဲဒီ ကိုးကန့် MNDAA ထုတ်ပေးတဲ့ ယာယီ ယာဉ်မောင်းလိုင်စင်ကို ၅၀၀၀၀ ပေးရတယ်လို့ ယာဉ်မောင်း အမျိုးသား တယောက်က ပြောပါတယ်။
အစိုးရ လိုင်စင်ပဲရှိရှိ ကိုးကန့် MNDAA ထိန်းချုပ် နယ်မြေအတွက် သူတို့ ထုတ်ပေးတဲ့ လိုင်စင်လိုပြီး ဝ ထိန်းချုပ် နယ်မြေဘက် သွားမယ်ဆိုရင်လည်း ဝ အဖွဲ့အစည်းက ထုတ်ပေးတဲ့ လိုင်စင်လိုတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
Photo Crd# ဒေသခံ