မတ် ၁၃ – ၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားအလောင်း စွန့်ပစ်ခံထားရမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ မနေ့က မတ် ၁၂ ရက်နေ့ မနက်ပိုင်းမှာ သတ်ခံထားရတဲ့အမျိုးသားအလောင်းနှစ်လောင်း ကိုတွေ့ရှိရတာဖြစ်ပြီး လည်ပင်းမှာ “အနက်ရောင်သေမင်းတမန် အဖွဲ့”ဆိုတဲ့ စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲထားတာတွေ့ရှိရတယ်လို့သိရပါတယ်။ “အသက်တွေက ငယ်သေးတယ်။ လည်ပင်းလှီးထားတဲ့ဒဏ်ရာရှိတယ်။အဲဒီအနက်ရောင်သေမင်းတမန်စာသားချိတ်ထားပြီးအသတ်ခံရတဲ့သူတိုင်း လည်ပင်းလှီးခံထားရတာမျိုးပဲ။အခုအသတ်ခံရတဲ့နှစ်ယောက်က နတ္တလင်းကပဲလို့သိရတယ်။အလောင်းတွေက ရှားစီးဘိုရွာနားမှာတွေ့တာပါ။ ” လို့ဒေသခံကပြောပါတယ်။ အဆိုပါ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ယောက်ဟာ အဆိုပါ တွေ့ရှိရတဲ့ အမျိုးသားနှစ်ဦးမှာ နတ်တလင်းမြို့နယ်ထဲက ကွင်းစမ်းကျေးရွာ နဲ့ စောင်းဝှက်ကျေးရွာက ဖြစ်တယ်လို့ကနဦးသတင်းအရသိရပါတယ်။ ဇန်နဝါရီလ ၁၀ ရက်ကလည်းပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ပေါင်းတလည်-ပေါက်ခေါင်းကားလမ်းဘေးမှာ အနက်ရောင်သေမင်းတမန်အဖွဲ့စာသားပါ လည်ဆွဲကတ်ချိတ်ဆွဲပြီး အသတ်ခံထားရတဲ့အမျိုးသားလူငယ်အလောင်းနှစ်လောင်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ကလည်း ပြည် – ပေါင်းတလည်ကားလမ်းဘေး၊ပေါင်းတလည်မြို့အဝင်မှာ…
Read MoreDay: March 14, 2025
ကယားပြည်နယ်မှာ သောက်သုံးရေရှားပါးမှု ဆိုးရွားလာနေ
မတ် ၁၄့- ၂၀၂၅ SN (VOM) ကယားပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်း အများစုမှာ သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နေပြီး အကူအညီ များစွာ လိုအပ်နေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ စတင်ကာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ နန်းမယ်ခုံ စတဲ့ မြို့နယ်တွေက သောက်သုံးရေကန်တွေမှာ ရေခန်းခြောက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကဆို ဖေဖော်ဝါရီလလောက်မှ ရေစပြတ်တာ။ ဒီနှစ်က ပိုဆိုးလာတယ်။ ဒီနှစ်က စစ်ရှောင်အရေအတွက်လည်း ပိုတိုးလာတယ်လေ။ အဲဒါကြောင့် ရေကုန်တာမြန်တာ။ သောက်သုံးရေအတွက် သိုလှောင်ထားတဲ့ ရေကန်တွေမှာလည်း ရေမရှိတော့ဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ရေတွေ ဝယ်နေကြရပြီ” လို့ လူမှုကူညီရေးအဖွဲ့ဝင် တယောက်က ပြောပါတယ်။ လက်ရှိမှာ ဂါလံ ၁၀၀၀ ဆံ့တဲ့ ရေကားတစီးကို ကျပ် ငါးသောင်းကနေ ခြောက်သောင်းအထိ…
Read Moreဆင်မြဲမြန်းကာ လှတဲ့မေ
ဆူးငှက် ပျော်ခင်းလေးသာပါဘိတယ် အတိတ်ကောင်းယူမယ် နှစ်ဦး…..သင်္ကြန်တော်ဝယ်……” သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင် တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ…..။ သင်္ကြန်ဖွင့်ပွဲကအပြန် အတောမသတ်နိုင်ဘဲ တီးမှုတ်သွားသော မြို့မငွေငန်းယာဉ်က နေလုံးနောက်ခံတွင် တရွေ့ရွေ့ထွက်ခွာသွား သည်။ ပလပ်စတစ်ပန်းကုံးစွပ်၊ ဆင်တူဝတ်စုံဝတ်ကျောင်းသူကလေးများလည်း အသင့်ကြိုစောင့်နေသော ဘတ်စ်ကားတွေပေါ်အလုအယက် တက်နေကြ၏။ ဘီလမ်းမကြီးပေါ်တွင် အရာအားလုံးမှာ ဆောင့်ကန်တက်လာသော မီးသတ်ပိုက်ရေလုံးဖြင့် နစ်မွန်းလုလု….။ ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းမှ တီးလုံးသံ ကားပါး၍ပါး၍ဝေး၍ဝေး၍သွားခြင်းနှင့်အတူ ဗေ့စ်သံခပ်ပြင်းပြင်း၊ ဒရမ်ရိုက်ချက်ပြင်းပြင်းဖြင့် အသံအရှိန်ပြင်းပြင်း ပေါင်းများစွာကား ရေသေးရေမွှား….၊ ရေလုံးရေဖွားများနှင့်အတူ မဏ္ဍပ်တိုင်းမှအသံကုန်ထွက်လာကြ၏။ မဏ္ဍပ်ပေါ်မှာလည်း စည်းချက်နှင့် အပြိုင်၊ လမ်းပေါ်မှာလည်း စည်းချက်နှင့်လှိုင်းကြီးတစ်ခုလို ခုန်ပေါက်ကုန်ကြပြီ။ ထိန်းသိမ်းကျပ်စည်းထားခြင်းမှာ ကင်းလွတ်ကုန်သော လွတ်လပ်သည့်…
Read More