ဝါရှင်တန်၊ မတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်မှု စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။ ဟူသီအဖွဲ့ဟာ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်နေပြီး အီရန်ကျောထောက်နောက်ခံပြု အမေရိကန်လေယောဉ်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေကို ဒုံးကြည်တွေနဲ့ တိုက်ခိုက်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးပြီး အသက်များစွာ ဆုံးရှုံးနေတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ ဂါဇာစစ်ပွဲစတင်ကတည်းက ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပင်လယ်နီသင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ ဟူသီအဖွဲ့ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျနဲ့ ထိစပ်နေတဲ့ ဆာဒါပြည်နယ်မှာ စနေနေ့ညပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဟူသီတို့က ဆိုပါတယ်။ ဒီအဖွဲ့ဟာ ဆာနားနဲ့ ယီမင်အနောက်မြောက်ဘက်တို့ကို ထိန်းချုပ်ထားပေမယ့် နိုင်ငံတကာက အစိုးရအဖြစ်…
Read MoreDay: March 16, 2025
ရွှေစာရံဘုးရားပွဲတော်ကိုလာတဲ့ ဘုရားဖူးကား အပြန်မှာ ကားမှောက်လို့ လူ ခြောက်ယောက်သေဆုံး
မန္တလေး၊ မတ်- ၁၆ – ၂၀၂၅ SA(VOM) မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာကနေ၊ ရွှေစာရံစေတီတော်ဘုးရားပွဲကို လာရောက်လည်ပတ်တဲ့ Double cup 4WD အမျိုးအစား ဘုရားဖူးကားတစီးဟာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းက ဘုရားပွဲကအပြန် စဥ့်ကိုင်မြို့နယ်၊ စိုက်ပျိုး ရေးကျေးရွာအနီးမှာ ယာဥ်တိမ်းမှောက်ပြီး လူခြောက်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ မတ်လ ၁၅ ရက်နေ့ညနေပိုင်းအချိန် ရွှေစာရံစေတီတော် ဘုရားပွဲတော်ကနေ ပြင်ဦးလွင်ကို ပြန်တဲ့အချိန် လမ်းမှားပြီး ရွှေစာရံ – ကျောက်ဆည် လမ်းပေါ်ကို ရောက်သွားကာ စိုက်ပျိုးရေးကျေးရွာအနီးမှာ ခွေးဘီးလူးကားတစီးကို တိမ်းရှောင်ရင်း ရေမြောင်းထဲကို အဲ့ဒီမော်တော်ကားက ထိုးကျပြီး နေရာမှာတင် အမျိုးသားတစ်ယောက်၊ ကလေးနှစ်ယောက် သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော်တို့အသင်းရောက်တော့ တချို့တဝက်ကို ပြည်သူတချို့ကလည်း ကိုယ့်ကားတွေနဲ့ ပို့ပေးတာရှိတာပေါ့၊ နေရာမှာတင်…
Read MoreVOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို လျှော့ချဖို့ ကန်သမ္မတ အမိန့်တရပ်ထုတ်ပြန်
မတ် ၁၆ – ၂ဝ၂၅ KKO(VOM) VOA/RFA သတင်းဌာနတွေ အပါအဝင် အစိုးရအေဂျင်စီဌာနအချို့က ဝန်ထမ်းတွေကို အဆုံးစွန်ဆုံးလျှော့ချဖို့ဆိုတဲ့ အမိန့်တရပ်ကို အမေရိကန်သမ္မတ Donald Trump က လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ပါတယ်။ ကန်သမ္မတထရန့် ရဲ့ဒီအမိန့်အသစ်ဟာ VOA နဲ့ RFA တို့ရဲ့ခေါင်းကိုင် အေဂျင်စီအဖွဲ့ကြီးဖြစ်တဲ့ USAGM (United States Agency for Global Media)ကို တခြားအေဂျင်စီအချို့နဲ့အတူ အမေရိကန်ဖက်ဒရယ်ဗြုရိုကရေစီအုပ်ချုပ်ရေးရဲ့မလိုအပ်တဲ့ကဏ္ဏ/အဖွဲ့အစည်းတွေ အဖြစ်သတ်မှတ်ပြီး ဖျက်သိမ်းရမယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်က အခုမတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ် နေ့စွဲနဲ့ကြေငြာချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ ထရန့်ရဲ့ဒီအမိန့်အသစ်တရပ်ထွက်ပေါ်လာအပြီးမှာ ဗွီအိုအေ မြန်မာပိုင်းသတင်းဌာနရဲ့ တိုက်ရိုက် Live ထုတ်လွှင့်မှု အစီအစဥ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင်ကာလမှာ ပြန် လည်ထုတ်လွှင့်သွားမယ်လို့ VOA သတင်းဌာနကြီးက ထုတ်ပြန်ကြေညာထားတာကိုလည်း တွေ့ရပါတယ်။ RFA…
Read Moreရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ် လမ်းကြောင်းကနေ လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကုလ စီစဉ်နေ
ဒါကာ၊ မတ်-၁၆-၂၀၂၅ မျိုးဆက်(VOM) ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အဆုံးသတ်ရေးနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် သင့်လျော်တဲ့ ပတ်ဝန်းကျင်ဖန်တီးပေးဖို့ ရခိုင်ပြည်နယ်အတွက် လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဒါကာကို ရောက်ရှိချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်သို့ ဘင်္ဂလားဒေ့ရှ်ကနေတဆင့် လူသားချင်းစာနမှုဆိုင်ရာ အကူအညီပေးရေး လမ်းကြောင်းတခုဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး ကနဦးဆွေးနွေးခဲ့ကြပြီး ဒါကိုအကောင်အထည်ဖော်ဖို့ ခွင့်ပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး အကြံပေး တူဟစ်ဟူစိန်က ဒါကာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီအတွက် အကြမ်းဖက်တို်ကခို်ကမှုတွေကို ဦးစွာရပ်တန့်ရမှာဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီနည်းကျ အဖြေရှာဖို့လိုအပ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်ပြေချော့မွေ့စမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြောပါတယ်။ “တချိန်တည်းမှာ သင့်တော်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေးအတွက် ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးဖို့ လိုအပ်ပါတယ်။…
Read Moreပြည်တော်ဝင်သင်္ကြန်
ဆူးငှက် ” မန်းသူနွဲ့မူ နုယဉ်ယဉ်တွေလန်းပါစေ …. ခါရေလောင်း ညှာကြွေပြောင်းပေါ့ ခင်ရယ်၊ အေးစေတော့ဆိုလောင်းတဲ့ စိတ်ရင်းပင် ….၊ အဟုတ်ပ နှမလေးအသွင်… အလှဘုရင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့ မငြင်းသာပြီဘု ရွှေမန်းမြို့မမောင်တို့သင်္ကြန်တော်တွင် ….” နိုင်ငံရေးဒီရေအမြင့်ဆုံး ၁၃ဝဝ ပြည့်နှစ် (၁၉၃၉ ခုနှစ်)သင်္ကြန်တွင်လည်း အမြော်အမြင်ရှိသော မြို့မိမြို့ဖများနှင့် ပညာရှင်များ ကိုယ်တိုင် ကိုယ့်ခြေကိုယ့်လက်ဦးစီးဆောင်ရွက်ခဲ့ကြခြင်းဖြင့် မန္တလေး၏အထင်ကရကျုံး၊ မြို့ရိုး၊ ပြာသာဒ်များရှေ့မှစတင်ကာ မဟာမုနိ ဘုရားကြီးသို့ ဦးခိုက်ကန်တော့ခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ခဲ့ကြသည်။ ကိုယ့်ရေ၊ ကိုယ့်မြေတွင် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် ကိုယ့် ဘာသာ၊ ကိုယ့်သာသနာအပေါ် အမွန်အမြတ် အလေးထားသည့် ဝံသာနုစိတ်ဓာတ်ကို ထင်ရှားစေခဲ့သည့်သာဓကတစ်ခုဖြစ်သည်။ ဘာသာတရားကိုင်းရှိုင်းသော၊ ဒိုးတူဘောင်ဘက်လက်ရည်တပြင်တည်းစိတ်ဖြင့် ညီညွတ်ချစ်ခင်သော၊ ခိုင်မာခံ့ထည်သည့် ရိုးရာ ယဉ်ကျေးမှုအမွေကို ခုံမင်မက်မောသော၊ တင်းတိမ်ရောင့်ရဲသည့်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားပြည့်ဝသော…
Read More