နောင်ချိုဗုံးကျဲခံရပြီး သေဆုံးသူ ၁၄ ယောက်ထိရှိလာ

မတ် ၁၆ – ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်မှာ ဒီနေ့မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး နောင်ချိုမြို့ရှိ ပရိယတ္တိစာသင်တိုက်ပေါ်ကို ကျရောက်ခဲ့ကြောင်း ၊ သံဃာကိုးပါးနဲ့လူ ငါးယောက် သေဆုံးမှုရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။
“သေဆုံး ၁၄ ယောက်မှန်ပါတယ်။ ဗုံးကျဲတာတော့ လေးကြိမ်လည်းမှန်ပါတယ် ” လို့ မြေပြင်ဒေသခံနဲ့အချိတ်ဆက်ရှိသူကပြောပါတယ်။
နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး TNLA ကလည်းသတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာ လေကြောင်းတိုက်ခိုက်မှုက နောင်ချိုမြို့၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ပေါ်ကို ဗုံးလေးလုံးကျဲချခဲ့ကြောင်း ၊ စက်​သေန တ်တွေနဲ့လည်း ကျဲချပစ်ခတ်ခဲ့ကြောင်း ၊ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် လူအများအပြားထိခိုက်မှုရှိပြီး နေအိမ်နဲ့ ကျောင်းဆောင်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။
ထိခိုက်မှုနောက်ဆက်တွဲအခြေအနေကို ထပ်မံဖော်ပြသွားမယ်လို့ အသိပေးထားတာတွေ့ရပြီး နစကဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။
ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်ကလည်း နောင်ချိုမြို့ပေါ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူဆယ်​​ယောက်လောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေ အဆောက်အဦးထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။
Photo – TNLA

Related posts

Leave a Comment

VOM News

FREE
VIEW