၀င်းဦးနှင့် မန်းသင်္ကြန်

 

 

ဆူးငှက်

 

 

မြန်မာလူမျိုးတို့၏ ရိုးရာပွဲလမ်း များတွင် ‘သင်္ကြန်’ ပွဲတော်သည် ယဉ်ကျေးမှု၏ အထင်ကရအဓိက အမှတ်အသားစရိုက်လက္ခဏာကြီး ဖြစ်သည်။ တစ်လျှောက်လုံး ‘မြန်မာ့ ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်’ ဟု လေးနက်စွာ တခုတ်တရပြောဆိုသုံး နှုန်းထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် မန္တလေးကဲ့သို့သော ကျန်ကောင်း ကျန်ရာမြန်မာ့ဓလေ့စရိုက်လက္ခဏာ အစုအဝေးတည်ရှိရာ မြို့ကြီး၏ သင်္ကြန်ပွဲတော်များတွင် ထိုအပြော အဆို၊ ထိုအသုံးအနှုန်း၊ ထိုအမူအ ကျင့်တို့ကို တစိုက်မတ်မတ်တစ် လျှောက်လုံး ထိန်းသိမ်းခဲ့သည်။ လက်ဆင့်ကမ်းခဲ့သည်။

 

မြို့လူထု သာမက(အထူးသဖြင့်) တာဝန်ရှိသူ များကလည်း (တာဝန်ရှိသည့်ပမာ) အထူးအလေးအနက်ထားခဲ့ကြသည်။ ထို့ကြောင့်လည်း တစ်လျှာက်လုံး  ‘မြန်မာရိုးရာယဉ်ကျေးမှုမန္တလေးမဟာ သင်္ကြန်’ ဟု သုံးနှုန်းခဲ့ကြသည်။ သုံး နှုန်းသလိုလည်းလိုက်နာခဲ့ကြသည်။  ထို့ကြောင့်လည်း သင်္ကြန်ရောက် သည်နှင့် မြန်မာဆန်ဆန်ယဉ်ကျေး စွာ ရေပက်ကစားခြင်း၊ ဂီတ၊ အက၊ အလှတို့ကို တစ်ဝကြီးခံစားလိုကြ ခြင်းဖြင့် ‘မြန်မာသင်္ကြန်’၏ အမှတ် အသားတစ်ခုပမာ မန္တလေးသင်္ကြန် ကို ပြည်တွင်းသာမက ပြည်ပမှပါ အာရုံစိုက်ခဲ့ကြခြင်းဖြစ်သည်။

 

Xxxx     xxxxx

(က)

အဆိုတော်ရုပ်ရှင်မင်းသား ဝင်းဦးသည် ၁၉၆၈ ခုနှစ်မှစ၍ ၁၉၇၈ ခုနှစ်အထိ ဆယ်နှစ်ကျော်ဆယ့်တစ် နှစ်ကာလမျှ မန္တလေးသင်္ကြန်တွင်ပါ ဝင်ဆင်နွှဲခဲ့သည်။ ဝင်းဦးသည် ထို စဉ်က နံပါတ်(၁)မင်းသားဟု ပြော ရလောက်အောင်လျှမ်းလျှမ်းတောက် နေသော ကာလလည်းဖြစ်ကာ မိန်း ကလေးပရိသတ်အများဆုံးရရှိထား သည်။ ဝင်းဦးသည် ရုပ်ရှင်မင်းသား သာမက စာရေးဆရာလည်းဖြစ်ကာ အထူးသဖြင့် နာမည်ကျော် အဆို တော်တစ်ဦးလည်းဖြစ်သည်။

 

မန္တလေးသင်္ကြန်သို့ ရုပ်ရှင်မင်း သားအဆိုတော်ဝင်းဦးဆယ်နှစ်ကျော် ကြာလာရောက်ခြင်းမှာ သိန်းဘယ် နှဆယ်နှင့်ငှားရမ်း၍သို့မဟုတ်ဘယ် သူဘယ်ဝါက စပွန်ဆာပေး၍ လာ ရောက်ခြင်းမဟုတ်။ ကိုယ်ကိုယ်နှိုက် ကအနုပညာအပေါ်နှစ်ယူခံစားလေး စားမြတ်နိုးလွန်း၍ ‘အနုပညာ’ များ အတောက်စား၊ အမြူးတူးဆုံး မန္တ လေးသင်္ကြန်တွင် ကိုယ်စရိတ်နှင့် ကိုယ်လာရောက်ကာ ဆင်နွှဲခြင်းဖြစ် သည်။ သည်နေရာတွင် အကြောင်း တိုက်ဆိုင်၍ပြောရလျှင် ရုပ်ရှင်မင်း သားဝင်းဦးက မန္တလေးသင်္ကြန်တွင် ကိုယ့်စရိတ်နှင့်ကိုယ်လာရောက်ကာ ‘ဖျော်ဖြေ’ ခြင်းဖြစ်သည်ဟု သုံးနှုန်း သော် ရုတ်တရက်ဆိုလျှင်လျော်ကန် သည်ဟု မှတ်ယူနိုင်၏။ သို့သော် မဟုတ်။

 

 

တကယ်တော့ ရုပ်ရှင်မင်း သားဝင်းဦးက လာရောက်ဖျော်ဖြေ ခြင်းမဟုတ်။ မန္တလေးသူ၊ မန္တလေး သားတိုင်းတစ်ယောက်ချင်းစီ အသီး သီး အသက အသက မိမိတို့တတ် ကျွမ်းသော ပန်းချီ၊ ပန်းပု၊ အက၊ အဆို၊ အတီး၊ အနုသုခုမပညာကိုယ် စီဖြင့် မိမိဆန္ဒအလျောက်အမှီခိုကင်း စွာဖြင့် သင်္ကြန်တွင်ဆင်နွှဲကြသည့် နည်းတူ ရုပ်ရှင်မင်းသားဝင်းဦးက လည်း အများသူငါလိုဆင်နွှဲခြင်းဖြစ် သည်။ လာရောက်ဖျော်ဖြေခြင်း မဟုတ်။

 

ထို့ကြောင့် ရုပ်ရှင်မင်းသားဝင်း ဦးသီဆိုသလို မန္တလေးသူလေးတွေ ကပြသည်။ မန္တလေးသားများ အလှ ပြယာဉ်အသင်းအဖွဲ့တွေကလည်း ပြန်လည်သီဆိုတီးမှုတ်ကြသည်။ ရုပ်ရှင်မင်းသားဝင်းဦးအပါအဝင် သူ တို့သူတို့သီဆိုတီးမှုတ်ကပြကြသည့် သီချင်း၊ တီးလုံး၊ တီးကွက်တိုင်းက လည်း မန္တလေးသားတွေအားလုံး၏ အနုပညာပစ္စည်းချည်းပဲလေ။

 

သင်္ကြန်သည်မည်သူတစ်ဦးတစ် ယောက်ကမျှ အပေါ်ဆီးဖြင့် သိမ်း ပိုက်ကာ ခံစားခြင်းမဟုတ်။ အသား ယူခြင်းမဟုတ်။ ဇိမ်ခံခြင်းမဟုတ်။ အဖျော်ဖြေခံခြင်းလည်းမဟုတ်။ ထို့ အတူ ဖျော်ဖြေခြင်းလည်းမဟုတ်။ ဝင်ခွင့်လက်မှတ်မရှိ။ VIP Rool မရှိ။ အသင်းဝင်ကတ်မရှိ။ အြေ>ွခအရံမရှိ။ ဆိုဖာခုံမရှိ။ အအေးဗူး သစ်သီးလင် ပန်းမရှိ။ သံဆူးကြိုးမရှိ၊ ကော်ဇောနီ မရှိ။ အားလုံးတန်းတူရည်တူ အနု ပညာတောက်စားမှု …။ ပျော်ရွှင်မှု။

သို့သော် …

 

Xxxxx     xxxxx

(ခ)

ရာချီသော ဧည့်ခံအလှပြမဏ္ဍပ်တွေ မြို့လုံးပတ်လည်ရှိသောကြောင့် မြို့လယ်လမ်းမကြီး တွေပေါ်မှာမဏ္ဍပ် များဆီ ကူးသန်းကြသည့် အလှပြ ယာဉ်ကြီးများ၊ သင်္ကြန်ပျော်ဂျစ်ကား များက ပျားပန်းခတ်မျှ ဥဒဟိုသွား လာနေကြသည်။လမ်းမကြီးတွေပေါ် သာမက လမ်းသွယ်၊ လမ်းကြားများ ထိ လျှပ်စစ်မီးတထိန်ထိန်၊ မီးစက် သံတညံညံနှင့်အလှပြယာဉ်ကြီးများ ဖြတ်သန်းသွားကြသလို ဘောနက် ဖုံးကို စည်းချက်ကျကျ ထုရိုက်သံနှင့် ဂျစ်ကားများကလည်း ဆူညံစွာအော် ဟစ်ရင်း အပြေးအလွှားမောင်းနှင် သွားကြသည်။

 

အထူးသဖြင့် ချစ်ပန်းနွယ်၊ ဈေး ချိုသူ၊ ဗဟိုမဏ္ဍပ်၊ နဂါးမယ်၊ အောင်မြေသူဇာစသည် မဏ္ဍပ်ကြီးများတစ် ဆက်တည်းရှိနေသော မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ဈေးချိုသူ၊ မီးရထား၊ ဆောက်လုပ် ရေး၊ ငုရွှေဝါမဏ္ဍပ်များသို့ ဆက်စပ် သွားလာနိုင်သည့် အာဇာနည်လမ်း၊ ၇၈ လမ်းနှင့် လမ်း ၃ဝ မှာလည်း အလှပြယာဉ်တွေ၊ ဂျစ်ကားတွေ အ ကြားမလပ်မရှိ တေးသံမြိုင်မြိုင်နှင့် ဆက်စပ်သွားလာလျက်ရှိ၏။

 

 

ညာဉ့် ဦးယံ ၇ နာရီကျော်သည်နှင့် ဟို .. အနောက်ဘက် နာရီစင်ဆီမှ အာဇာ နည်လမ်းအတိုင်း အမိုးပွင့်ဂျစ်ကား နှင့်လင့်ရိုဗာကားအစီး ၂ဝ ခန့်က ကားဦး၌ ငွေငန်းရုပ်များကိုဆင်ယင် ထားပြီး မြို့မငွေငန်းအလှပြယာဉ် ကြီးကို ဦးဆောင်ကာအရှေ့သို့တက် လာသည်။ မီးလုံးရောင်စုံများ၊ အလှ ဆင်မီးဆိုင်းများဆင်ယင်ထားသော ငွေငန်းယာဉ်ကြီးပေါ်မှာ ရုပ်ရှင်မင်း သားဝင်းဦးက မိုက်ကရိုဖုန်းတိုင်ကို ကိုင်ရင်း သီချင်းတစ်ပုဒ်ကို သီဆို လာသည်။ သီချင်းနှင့်အတူ ဥရောပ ဗုံချက်အသွားဖြင့်တေးသံစုံကိုလည်း  ညက်ညက်ညောညောတီးမှုတ်လာလို့ အလှပြယာဉ်ကြီးမှာ စည်းချက်နှင့် အတူ တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားမောင်း နှင်လာ၏။

 

‘ခါသင်္ကြန်တေးသံ ယဉ်ယဉ်

ငြိမ့်ညောင်းစွာ နားမှာချိုရွှင်

ဗေလုဝ ညင်းသွဲ့သွဲ့မို့ပင် …

နှစ်ဦးငွေငန်းမောင်ပျော်ရွှင်

တင့်ထူးစွာ အမြဲသာဆင်ယင်

စိတ်ရောကိုယ်

ချမ်းမြေ့ကြည်ကြည်လင် …’

 

 

မြို့မအလှပြယာဉ်ကြီး၏ ဘေး တစ်ဖက်တစ်ချက်စီမှာ ကားတန်း ကြီးနှစ်တန်းက လမ်းလုံးပြည့်ယှဉ်၍ လိုက်လာကြသည်။ ကားပေါ်ပါလာ သူ ရွှေမန်းသူပျိုပျိုရွယ်ရွယ်အားလုံး ကလည်း ကားအမိုးကိုင်းကို ကျော မှီပြီး အကဲပိုလှစွာဖြင့် အလှပြယာဉ် ကြီးပေါ်က မင်းသားဆီ မျက်နှာမူ ကြသည်။ အလှပြယာဉ်ကြီး၏ဘေး မှာ၊ နောက်မှာ အမိုးဖွင့်ထားသော ကားအမျိုးအစားပေါင်းစုံက အစီး လေးဆယ်၊ ငါးဆယ် အနည်းဆုံးရှိ မှာပေါ့။

 

ထိုယာဉ်တန်းကြီးက အာဇာနည်လမ်းအတိုင်း မစိုးရိမ်မီးပွိုင့်ကို ကျော်သည်။ ၇၈ လမ်း ဓာတ်ဆီဆိုင်ရောက်တော့ တောင်ချိုးသည်။ မီးရ ထားမဏ္ဍပ်မှာ ခေတ္တခဏဖျော်ဖြေ သည်။ ထို့နောက် လမ်း ၃ဝ အတိုင်း အရှေ့တက်ပြီး ဗထူးကွင်းတောင် ဘက်က ဆောက်လုပ်ရေးမဏ္ဍပ်မှာ လည်း အပြန်အလှန်သီဆိုကြသည်။ ထို့နောက် အရှေ့သို့ဆက်တက်ကာ မန္တလေးတွင်အကနာမည်ကျော်သော ငုရွှေဝါအမျိုးသမီးအလှပြမဏ္ဍပ်သို့ ဝင်တော့ ညသန်းခေါင်တိုင်လုပြီ။ မန္တလေးသင်္ကြန်ပျော်ပရိသတ်ကလည်း မြို့မငွေငန်းအလှပြယာဉ်ကြီးနှင့် နာ မည်ကျော်ရုပ်ရှင်မင်းသားဝင်းဦး…။ ထို့ပြင် အစီး ၅ဝ ကျော်နီးပါးကား များဖြင့် ကျိတ်ကျိတ်ခဲအားပေးကြ သည့် ရွှေမန်းသူသည်းသည်းလှုပ် များကို နာမည်ကျော် ‘ငုရွှေဝါ’ မဏ္ဍပ်မှာ မည်သို့မည်ပုံဆုံကြမလဲ ဆိုတာ အလွန်စိတ်ဝင်စားကြ၏။ ထို့ကြောင့်လည်း ငုရွှေဝါမဏ္ဍပ်သို့ မြို့မရောက်ရှိမည့်နေ့၊ အချိန်ကို စောင့်စားနေကြခြင်းဖြစ်သည်။

 

 

အဘယ့်ကြောင့်ဆိုသော် ….

xxxxx     xxxxxx

 

နောက်ရက်ဆက်ပါဦးမည်။

 

#voiceofmyanmar #VOM #၀င်းဦးနှင့် မန်းသင်္ကြန် #ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW