၀င်းဦးနှင့် မန်းသင်္ကြန်

 

ဆူးငှက်

 

 

‘လမ်းသူရဲယောင်
အမောက်ထောင်
မျောက်ကောင် အသုံးအဆောင်
သူ့ခမျာ ပြူးကြောင်ကြောင်…
တော့။
ဘိုးဘွားအစဉ်အဆက်
မြန်မာမှုမဟုတ်ပြန်
နားမှာလည်း ဆံပင်အုပ်
ယောကျ်ားမပီလေပြန်၊
ဘောင်းဘီကျပ်မောင်တို့
ဆင်ယင်မှုမပီသလေ ..တော့
သူ့အဖေက ဒက်ဒီ
သူ့အမေက မာမီ
စကားမပီရှာသလေ …
ပျို့မောင်ကြီးရေ .. တော့၊
ခေါင်းမှာလည်း
ကောက်ရိုးတွေပုံ …’

 

မြန်မာဆန်ဆန်ဆံတောက်များ ဖားလျားချကာ ပိတောက်တွေဝေနေ အောင်ပန်ပြီး သနပ်ခါးပါးကွက် ကျားများဖြင့် မြန်မာဆန်ဆန် ချော မောလှသော ‘ငုရွှေဝါ’ နှမငယ်တို့ က သီဆိုကပြဖျော်ဖြေသည်။

 

ကျိတ်ကျိတ်ခဲမျှအားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ်ပြီး တိုင်းပြီးတိုင်း အားပါးတရလက်ခုပ် တီးအားပေးကြသည်။ စာသားသာမ က သံစဉ်ပါ ထူးခြားလှသော သီ ချင်းတွင် ‘ငုရွှေဝါ’ တို့က လှပညီ ညာစွာ ကပြအသုံးခံသည်။ ထို့ နောက် မောင်ကြီးမြို့မတို့က နှုတ် ဆက်သီချင်းသီဆိုပြီး ထွက်ခွာမည် ဖြစ်သည်။ ပရိသတ်ကြီးကလည်း မြို့မအလှပြယာဉ်ကြီးပေါ်မှ ရုပ်ရှင် မင်းသားဝင်းဦးကို ‘ဒီဘက်လှည့်ပြီး သီဆိုဖျော်ဖြေပါဦး’ ဟု တောင်းဆို အားပေးကြသည်။

‘ငုရွှေဝါ အမျိုးသမီးရေသဘင် အဖွဲ့ကြီး ကျန်းမာပါစေ’ ဟု သုံး ကြိမ်သုံးခါနှုတ်ဆက်ပြီး …

‘ရုပ်ရှင်မင်းသားဝင်းဦးနှင့် မြို့မ ငွေငန်းအလှပြယာဉ်ကြီး ကျန်းမာပါ စေ’ ဟု ငုရွှေဝါနှမငယ်တို့ကလည်း ပြန်လှန်နှုတ်ဆက်ချိန်တွင် မြို့မက နှုတ်ဆက်တေးသွားကိုခပ်ညက်ညက် လေးတီးမှုတ်ပြီး စောစောက ပရိ သတ်ကြီးက သူတို့ဘက်လှည့်ပြီး သီဆိုပါဦးဟု တောင်းဆိုသဖြင့် ရုပ် ရှင်မင်းသားဝင်းဦးက အလှပြယာဉ် ပေါ်မှ မတ်တပ်ရပ်၍ ရှေ့တူရှုရှိ ပရိ သတ်ကြီးဘက်လှည့်ကာ နှုတ်ဆက် သီချင်းကို သီဆိုရင်း ..အလှပြယာဉ် ကြီးကတရွေ့ရွေ့ထွက်ခွာသွားတော့ ၏။

 

(ဃ)

 

နောက်နေ့နံနက်တွင် မန္တလေး မြို့ထုတ် သတင်းစာ၌ ဆောင်းပါး ရှင်တစ်ဦးက ‘မဏ္ဍပ်ပေါ်မှ (ဘောင်း ဘီဖင်ကျပ်အကြောင်း၊ မြန်မာမဆန် သူတို့အကြောင်း၊ သတိပေး ပညာ ပေးသည့်သီချင်းများ သီဆိုကြရာ ဘောင်းဘီဝတ်လာသူကိုဝင်းဦးက သူ့ကိုစောင်းမြောင်းသီဆိုရပါ့မလား ဟု မျက်မာန်ရှကာ အလှပြယာဉ်အ ထွက်တွင် မဏ္ဍပ်ကိုနှုတ်မဆက်ဘဲ တမင်ကျောပေးပြီး ထွက်ခွာသွား ကြောင်း ဤအပြုအမူမှာ အရုပ်ဆိုး ရိုင်းစိုင်းလှပါကြောင်း’ စသည့် အ ဓိပ္ပာယ်သက်ရောက်သောဆောင်းပါး ကို ရေးသားဖော်ပြပါရှိခဲ့သည်။

 

ထိုအဖြစ်အပျက်ကား ထိုနှစ် သင်္ကြန်တွင် ပရိသတ်အကြားအထူး အသားပေးပြောကြားငြင်းခုန်ဖြစ်ခဲ့ ကြသည်။ ဆောင်းပါးရေးတာမှန် တယ်။ မန္တလေးလို ယဉ်ကျေးမှုမြို့ တော်မှာ ဒီလိုအပြုအမူမျိုးခွင့်မလွှတ် နိုင်ဟူသော သုံးသပ်မှုမျိုး။ ထိုကိစ္စ မဟုတ်ပါ။ မင်းသားကြီးက ပရိသတ်အများစုဘက်လှည့်၍ သီချင်း သီဆိုသဖြင့် မဏ္ဍပ်ကိုကျောပေးသ လိုဖြစ်ရတာပါ။ အဲဒီအချိန် ကိုယ် တိုင်မြင်ရတာပါ’ ဟု အတွေ့အကြုံ ဖြင့် ပြောဆိုမှုမျိုး … စသည်ဖြင့် စီ စီညံခဲ့၏။

 

မည်သို့ဆိုစေ နိုင်ငံကျော်ရုပ်ရှင် မင်းသားမို့ သတင်းဖြစ်သွားတာ သေချာသည်။ မန္တလေးကလည်း တာဝန်ရှိသူမှအစ မြို့သူမြို့သား အားလုံးကလည်း ‘ယဉ်ကျေးမှု သင်္ကြန်’ ဟူသော အနှစ်သာရကို မည်သို့မျှ အပွန်းအပဲ့မခံတာလည်း သေချာသည်။ ထို့အတူ အလွန်ယဉ် ကျေးသိမ့်မွေ့သော ရုပ်ရှင်မင်းသား ဝင်းဦးကလည်း ထိုကိစ္စအတွက် ဆောင်းပါးရှင်၏ထင်မြင်ယူဆချက် လည်း မမှားပါ။ မိမိဝတ်လာသော အဝတ်အစားနှင့်မဏ္ဍပ်မှ သီချင်းတို့ တိုက်ဆိုင်မှုတွင် မိမိစိတ်ကသိက အောက်ဖြစ်ကာ ဤသို့ပြုမူခြင်းဖြစ် လိမ့်မည်ဟု ဆောင်းပါးရှင်က ယူဆ သော်လည်း တကယ့် ဖြစ်ရပ်မှာမ ဟုတ်ပါ။ မိမိမှာ ပရိသတ်အားလုံး ၏ဆန္ဒကို လိုက်လျောလိုသဖြင့် မိမိတို့အလှပြယာဉ်အထွက်တွင် အများစုပရိသတ်ကြီးအား ဖျော်ဖြေ လို၍ မျက်နှာမူမိရာမှ မဏ္ဍပ်အား ကျောပေးသကဲ့သို့ဖြစ်ရပါသည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

ကိစ္စမရှိ။

ထိုစဉ်က ရုပ်ရှင်မင်းသားဝင်းဦး နှင့် မန္တလေးပရိသတ်မှာ အဝေး ရောက်မိမိအိမ်သားတစ်ယောက် သင်္ကြန်ပြန်လာခိုက် ဝမ်းပန်းတသာ ကြိုဆိုကြသည့် အမူအကျင့်ပဲဖြစ် သည်။ နောက်နှစ်ကစ၍ မင်းသား ဝင်းဦးကလည်း ချိတ်ပိုးလုံချည်၊ တိုက်ပုံနှင့် ဝတ်စားသီဆိုသည်။ ပရိသတ်ကလည်း ထွေးထွေး ပိုက် ပိုက် စောင့်ရှောက်အားပေးခဲ့၏။ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်တိုင်။

 

(င)

မကြာမီ သင်္ကြန်ကျတော့မည်။ မနက်လင်းသည်မှ မိုးစုပ်စုပ်ချုပ် သည်အထိ ကျုံးလေးဘက်လေးတန် မှာ ကျုံးရေတွေ ဂါလံသန်း ၄ဝ ကျော်သုံးပြီးမွန်းအောင်ပက်ကြမည်။ ၁ဝ ပေနီးပါးမြင့်ပြီး ပေ ၁ဝဝ ကျော် ကျယ်သော စင်ကြီးတွေပေါ်က နာမည်ကျော် အနုပညာရှင်တွေ ခေတ် အဆန်ဆုံးအဝတ်အစားများဝတ်ဆင် ပြီး သူတို့ကိုယ်တိုင် သီချင်းတွေသီ ဆိုကြမည်။ ဘယ်ပရိသတ်ကို ကျော ပေးပေး ကိစ္စမရှိ။ ပရိသတ်ခေါင်း ပေါ်ကစင်မှာ ခြေထောက်တင်၊ ခြေ ထောက်မြှောက်လည်း ကိစ္စမရှိ။ စင် အောက်က ပရိသတ်ကလည်း သူတို့ နှင့်အပြိုင် ဝတ်စားပြီး ခုန်ပေါက်မြူး တူးကြဖို့ပဲဖြစ်သည်။

စည်းချက်ကမြန်၊ ရင်ခုန်သံက မြန်၊ မြန်လွန်းမက မြန်တော့ ပေါက် ကွဲ …။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW