မြန်မာ အပါအဝင် ကမ္ဘာ့လူဦးရေ ၂၉၅ သန်း စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားစွာကြုံ

ကုလသဂ္ဂ၊ မေ-၁၈-၂၀၂၅
မျိုးဆက်(VOM)
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတဝန်းရှိ လူပေါင်း၂၉၅ သန်းဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ဆိုးရွားစွာ ကြုံခဲ့ရပြီး ဒီအရေအတွက်ဟာ ခြောက်နှစ်ဆက်တိုက် စံချိန်တိုးလာတယ်လို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
လူပေါင်း ၂၉၅ ဒဿမ ၃ သန်းဟာ အစာရေစာမလုံလောက်မှု သတ်မှတ်ချက်ငါးဆင့်မှာ အဆင့် ၃ သို့မဟုတ် ဒီထက်ပိုတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၃ သန်းကျော် တိုးလာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နဲ့ အခြားနိုင်ငံတကာအဖွဲ့တွေက ထုတ်ပြန်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီထဲက လူပေါင်း ၁ ဒဿမ ၉၅ သန်းဟာ အစာရေစာပြတ်လပ်မှု အဆိုးရွားဆုံးအဆင့်ကို ရင်ဆိုင်ခဲ့ရပြီး ယခင်နှစ်က မှတ်တမ်းထက် နှစ်ဆပိုများကာ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဆူဒန်တို့ဟာ ၉၅ ရာခှိုင်နှုန်း ကိုယ်စားပြုနေပါတယ်။
ဒီအစီရင်ခံစာမှာ နိုင်ငံနဲ့နယ်မြေပေါင်း ၂၀ မှာ ပဋိပက္ခတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၈ နိုင်ငံကတော့ ရာသီဥတုပြင်းထန်ဆိုးရွားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ နိုင်ဂျီးရီးယားတို့ရဲ့ အခြေအနေတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီရန်ပုံငွေတွေ လျော့သွားတာက ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်းကို ပိုဆိုးစေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတိပေးထားပါတယ်။
Ref:NHK
Photo:IBC

Related posts

Leave a Comment

VOM News

FREE
VIEW