မေ ၁၈၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်းကြား ဒီရက်ပိုင်းအတွင်း နယ်မြေ အငြင်းပွားမှု ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့ စီးပွားရေး လုပ်တဲ့ကား တစီး TNLA တပ်ဖွဲ့ ဘက်က ဖမ်းထားတာထင်တယ်။ ကွတ်ခိုင်မြို့က ကိုးကန့် MNDAA ကား တပ်သား အပြည့် တင်ပြီး သေနတ်တွေပါ ချိန်ပြီး ဒရစပ် မောင်းထွက်လာတယ်။ TNLA တွေလည်း တိုးဂိတ်မှာ သေနတ်ချိန်ပြီး တားတယ် ရပ်မပေးဘူး။ ကွတ်ခိုင် အထွက် မန်ဘန်ရွာဘက် ကုန်းပေါ်မှာ အချင်းချင်း သေနတ်တွေ ချိန်နေကြတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မေလ ၁၆ ရက်နေ့က နေ့လယ်ပိုင်းက ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ TNLA တပ်ဖွဲ့တွေ တို့အချင်းချင်း အချိန် ခဏလေး တင်းမာမှု ဖြစ်ခဲ့ကြတာလို့ သူက ပြောပါတယ်။
သေနတ် ဖောက်သံတော့ ကြားလိုက်ရပေမယ့် ဘယ်ဘက်လည်း မသိဘူးလို့ ကွတ်ခိုင် ဒေသခံ တယောက်က ပြောပါတယ်။
မေလ ၁၅ ရက်နေ့က KIA တပ်မဟာ ၄၊ တပ်ရင်း ၈ နယ်မြေ၊ နမ္မတူ အနီးက မိုင်းမော်ဘက်က KIA တပ်ဖွဲ့ ရဲ့ ရှေ့တန်းစခန်း ၂ ခုကို TNLA တပ်ဖွဲ့က အင်အားအလုံး အရင်းနဲ့ ရောက်လာပြီး တပ်စခန်း ရွှေ့ပြောင်းခိုင်းတယ်လို့ သိရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“TNLA တွေ အင်အား ၃၀၀ လောက်နဲ့ ဝင်စီးကြတယ်။ KIA ဘက်က တပ်သား ၃ ယောက်လောက် ထိခိုက် ဒဏ်ရာ ရသွားတယ်။ လို့သိရတယ်။ အခုက နှစ်ဘက် တာဝန်ရှိလူကြီးတွေ ပြန်လည်တွေ့ဆုံညှိနှိုင်းပြီး အခြေအနေ နည်ငြိမ်သွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ တွေက မိုင်းမော် – နမ်ဟိုင်း လမ်း ကနေ စတင်ဖြစ်ပွားခဲ့တာ လို့ သူက ပြောပါတယ်။
“KIA တပ်မဟာ ၁၀၊ တပ်ရင်း ၂ နယ်မြေ ကွမ်းလုံဘက် ဒေသအခေါ် ယိမ်းမောက KIA တပ်စခန်းကိုလည်း မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး MNDAA တွေ ရွှေ့ခ်ုင်းနေတယ်လို့ ကြားတယ်။ တွေ့ဆုံ ဆွေးနွေးကြနယ်လို့ ပြောတာ ဘာတွေပဲ တွေးနွေးကြလဲ မသိဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အခုလ ဧပြီ လကုန် ကနေ မေလ ၁၀ ရက် ဝန်းကျင် လောက်အထိ KIA အပါအဝင် မြောက်ပိုင်း မဟာမိတ် ညီနောင်တွေ၊ SSPP တို့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ မယ်မြေနဲ့ ပတ်သက်နာတွေရော တိုက်ပွဲနဲ့ ပတ်သက်တာတွေရော တွေဆုံဆွေး နွေးခဲ့ကြတယ်လို့ သိရကြောင်း KIA နဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။
Video Crd# ဒေသခံ