လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂)

ဆူးငှက် (၁) “မိုးရေတွေ အဖွေးသားနဲ့ ထွန်ရေးသွား မပြင်နိုင်။ တဲဝက ထိုင်။ မိုးသီးကဖြိုင်၊ တိမ်စိုင်က မြှေး လယ်ကွင်း ဒလဟာနဲ့ ဆင်တန်ဆာ ယဉ်ပါဘိတယ် ပြည့်တွက်မို့လေး …” ကျွန်တော်က … ကဗျာကို ဖတ်ရင်း ပျော်ရွှင်လာသည်။ လေးငါးခြောက်နှစ်သားအရွယ်မို့ ကဗျာပါ စာသားတွေ၏ အဓိပ္ပာယ်ကို ဂဃနဏ မသိ… ။သို့သော် ကဗျာလေးဖတ်ပြီး ကြည်နူးလာသည်။ သည်စာမျက်နှာမှာပဲ နောက်ထပ်ကဗျာတစ်ပုဒ် ပါလာသည်။ ကျွန်တော် ဝမ်းသာသွားသည်။ ဖတ်ဦးမှလေ … “ငှက်ကလေး သေးသွယ် လှိုင်းကို စီးတော့မယ်၊ ချစ်စဖွယ် မြည်တဲ့တေး ဝန်းကျင် အနှံ့ ကြွေး ညနေအေး ဆည်းဆာရွှင် သာလှပေတယ် ထင် လှိုင်းဘောင်ဘင်နဲ့ သူ ချိုတေး ခင်မင်မိတယ်လေး …” … တဲ့။ ကဗျာတွေကို ပုံနှိပ်ဖော်ပြထားသော…

Read More

အမေရိကန်မှာ ဖမ်းဆီးခံရတဲ့ ဟွန်ဒိုင်းစက်ရုံ အလုပ်သမားတွေ ပြန်လွှတ်ပေးရေး သဘောတူညီချက်ရ

ဆိုးလ်၊ စက်တင်ဘာ-၈-၂၀၂၅ ရတီ(VOM) အမေရိကန်နိုင်ငံ ဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံကို လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုအတွင်း ဖမ်းဆီးခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ လုပ်စဉ်စဉ်တွေ ပြီးမြောက်ရင် ဖမ်းဆီးခံရသူတွေကို ပြန်လည်ခေါ်ဆောင်ဖို့ စင်းလုံးငှားလေယာဉ်တစင်း စေလွှတ်မယ်လို့ တောင်ကိုရီးယားသမ္မတရုံးအကြီးအကဲက ပြောပါတယ်။ နောက်နောင်မှာ ဒီလိုဖြစ်စဉ်တွေကနေ ကာကွယ်ဖို့ အာဏာပိုင်တွေဟာ ဗီဇာစနစ် မြှင့်တင်ဖို့ ကြိုးစားနေကြောင်း သူက ပြောပါတယ်။ အမေရိကန်နိုင်ငံရှိ အကြီးမားဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များထဲမှ တခုဖြစ်တဲ့ ဟွန်ဒိုင်း ဘက်ထရီစက်ရုံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြောင်း တွေ့ရှိတယ်ဆိုကာ တောင်ကိုရီးယားနိုင်ံငံသား ၃၀၀ ကျော်ကို အမေရိကန်အာဏာပိုင်တွေက ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းဟာ ဒီကနေ့မှာ အမေရိကန်ကို သွားရောက်မယ်လို့ နှစ်နိုင်ငံ သတင်းဌာနတွေက…

Read More

ဟောင်ကောင်မှာ မုန်တိုင်းကြောင့် စာသင်ကျောင်း၊ လုပ်ငန်းနဲ့ ပို့ဆောင်ရေးတွေ ပိတ်သိမ်း ရပ်နားထားရ

ဟောင်ကောင်၊ စက်တင်ဘာ-၈-၂၀၂၅ မျိုးဆက်(VOM) ဟောင်ကောင်ကို ချဉ်းကပ် တိုက်ခတ်နေတဲ့ မုန်တိုင်း တာပါချ် မုန်တိုင်းဒဏ်ကြောင့် ဒီကနေ့မှာတော့ ကျွန်းရှိ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်သိမ်းရပ်နားထားရပါတယ်။ မုန်တိုင်းဟာ ဟောင်ကောင်ကနေ ၁၇၀ ကီလိုမီတာအကွာမှ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြို့ရဲ့ ဗဟိုချက်နေရာအများအပြားကို ထိခိုက်စေခဲ့ကာ လေယာဉ်အချို့ ပျံသန်းမှုများ ရပ်ဆိုင်းခဲ့ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းအထိ လမ်းတွေမှာ အပျက်အစီးတွေ သိပ်မတွေ့ရဘဲ ထိခိုက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ ဖယ်ရီသင်္ဘောတွေ၊ ဘတ်စ်ကားတွေနဲ့ ရထားတွေအပါအဝင် သယ်ယူပို့ဆောင်ရေး အများစုကို ယာယီရပ်ဆိုင်းထားပါတယ်။ ဟောင်ကောင် မိုးလေဝသ ဌာနက ဒုတိယမြောက်အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မနက် ၁၁ နာရီအထိ ဆက်လက်ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ မြို့တော်ရဲ့ ပညာရေးဌာနကတော့ သတိပေးချက် လျှော့ချပါက လုပ်ငန်းတွေပြန်လုပ်နိုင်ပေမယ့် ကျောင်းတွေကိုတော့တနေ့လုံး ပိတ်ထားမယ်လို့ ပြောပါတယ်။…

Read More

ထီးချိုင့် လေကြောင်းတိုက်ခိုက်မှု လေးယောက် သေဆုံး

စက်တင်ဘာ ၈ – ၂၀၂၅ SS (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်ဒေသမှာ နလအရဲ့ စစ်သင်္ဘောတွေအတွက် လုံခြုံရေးအဖြစ် လိုက်ပါလာတဲ့ လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် လေးယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အဆိုပါ စစ်သင်္ဘောတွေဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာတာဖြစ်ပြီး မနေ့ စက်တင်ဘာ ၇ ရက်၊ ညနေ ၄ နာရီခွဲ ဝန်းကျင်က ထီးချိုင့်ဒေသ ဖြတ်သန်းချိန် မြစ်ကမ်းနံဘေး ကျေးရွာတွေဖြစ်တဲ့ ကမ်းနီ၊ မောင်းကုန်းနဲ့ ဘိုကုန်းကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်သင်္ဘောတွေ အပေါ်ကနေ လုံခြုံရေး လိုက်ပါလာတဲ့ Y-12 အမျိုးအစား လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။…

Read More

ပဲခူးအနောက်ပိုင်းက အုတ်ဖိုနဲ့မင်းလှမှာ လေကြောင်းတိုက်ခိုက်ခံရလို့သုံးယောက်သေပြီး လေးယောက်ဒဏ်ရာရ

စက်တင်ဘာ ၈၊၂၀၂၅ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း ၊ မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်ထဲက ကျေးရွာအချို့မှာ စက်တင်ဘာ ၇ ရက်နေ့ညနေပိုင်းက စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီး လူသုံးယောက်သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ အုတ်ဖိုမြို့နယ်ထဲက ကိုင်းကြီးရွာ၊ ချင်းစု၊ ဒေါင်းစပါးကွင်းရွာဘက်မှာ ဗုံးကြဲခံရတာဖြစ်ပြီး အမျိုးသားသုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နဲ့ဘုန်းကြီးကျောင်းပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” မနေ့ကညနေ ၅ ကျော်လောက်မှာဖြစ်တာပါ။သေတဲ့အထဲမှာ ချင်းစုရွာကခုနှစ်တန်းကျောင်းသားလေးနဲ့ အမျိုးသားတယောက်သေတယ်။ကိုင်းကြီးရွာက တယောက်သေတယ်။ ပြေးရင်းလွှားရင်းကို ထိပြီးသေကြတာလို့သိရတယ်။ဒဏ်ရာရတဲ့နှစ်ယောက်က ကျတော့သားအဖတွေ၊ ဒေါင်းစပါးကွင်းရာဘက်ကပါ။ခုဖြစ်တဲ့နေရာတွေက pdf တွေလည်းလှုပ်ရှားတာရှိတယ်။” လို့ အုတ်ဖိုဒေသခံကပြောပါတယ်။ အဆိုပါကျေးရွာတွေဘက်မှာ လတ်တလော ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့သားအဖနှစ်ယောက်မှာ ဆေးဝါးကုသမှုခံယူနေတယ်လို့သိရပါတယ်။ အလားတူ မနေ့ကညနေပိုင်းမှာပဲ မင်းလှမြို့နယ်ထဲက ထောက်ကြန့်‌ကျေးရွာနဲ့ တောင်ပြတ်‌ရွာ‌ဘက်မှာလည်း.စက်တပ်လေထီးနဲ့ဗုံးကြဲခံခဲ့ရပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” အဲဒီရွာတွေက ရိုးမနဲ့နီးတဲ့နေရာတွေပါ။မြို့နဲ့ကျနည်းနည်းလှမ်းတယ်။မနေ့က စက်တပ်လေထီးနဲ့ကြဲတာ နှစ်ယောက်ထိတယ်။သေဆုံးတော့မကြားမိဘူး။ ” လို့ မင်းလှ ဒေသခံကပြောပါတယ်။ ပဲခူးအနောက်ပိုင်းရှိ…

Read More

သိမ်ကြီး​စျေးအနီး YBS အချင်းချင်းတိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှုဖြစ်ပွား

စက်တင်ဘာ ၈ ၊၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ လမ်းမတော်မြို့နယ် သိမ်ကြီး​စျေး နဲ့ ဂမုန်းပွင့်အနီးမှာ ဒီနေ့စက်တင်ဘာ ၈ ရက်နေ့မနက်ပိုင်းက YBS အချင်းချင်းဝင်တိုက်မိရာကနေ ကားငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်က လှည်းကူး နဲ့ ဆူးလေပြေးဆွဲနေတဲ့ YBS 107 ကားနောက်ပိုင်းကို ရွှေတိဂုံဘုရားလမ်းမီးပွိုင့်မှာ နောက်ထပ် YBS တစီးက ဝင်ရောက်တိုက်မိရာကနေ YBS 107 မှ နောက်ထပ်ကားသုံးစီးကို ထပ်မံဆင့်တိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ YBS107 ကားမောင်းသူကတော့ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ” မီးပွိုင့်ပျက်နေတာလားတော့မသိဘူး နှစ်ဖက်လုံးက ကားကိုမရပ်ပဲမောင်းတော့ ညီမတို့ကားအနောက်ပိုင်းကို ​​​တခြားကားကနေဖြတ်တိုက်ခံရတာပါ။ အဲဒီမှာ အရှိန်ထိန်းမရပဲ ကားကလည်သွားပြီး ဟိုဘက်လမ်းကြောမှာ ရပ်ထားတဲ့ကားသုံးစီးကိုထပ်တိုက်တာပါ။ ညီမတို့စီးလာတဲ့ကားသမားက ကားမှောက်မှာစိုးပြီး ထိန်းရင်းကနေ ထပ်တိုက်မိတာပါ။ ကားသမားကတော့ ပြေးသွားတယ်။လူတွေတော့ သိပ်မထိခိုက်ပါဘူး။ထပ်အတိုက်ခံရတဲ့ ကားအဖြူလေးကတော့ ကားထိပ်ပိုင်းပျက်စီးသွားတယ်။…

Read More

အစ္စရေးတောင်ပိုင်း လေဆိပ်ကို ယီမင်အခြေစိုက် ဟူသီအဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်

တဲလ်အဗစ်၊ စက်တင်ဘာ-၈-၂၀၂၅ ရတီ(VOM) အစ္စရေးတောင်ပိုင်းရှိ လေဆိပ်တခုကို ဟူသီသူပုန်တွေရဲ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူနှစ်ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြှောင်‌ဒေသမှာ စစ်ဆင်ရေးတွေ တိုးချဲ့နေချိန်မှာ ဟူသီတို့ရဲ့ တိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဂါဇာစီးတီးနဲ့ ဝန်းကျင်‌ဒေသမှာ စစ်ဆင်ရေးတွေ တိုးလုပ်မယ်လို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ ဒေသခံတသိန်းလောက် ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာစစ်ပွဲ စတင်ပြီးနောက်ပိုင်း ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယီမင်အခြေစိုက် ဟူသီအဖွဲ့ဟာ အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သြဂုတ်လက အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာတော့ ဟူသီအဖွဲ့ ထိပ်တန်း တာဝန်ရှိသူတွေ သေဆုံးခဲ့ပါတယ်။ အစ္စရေး လေဆိပ်ကို နောက်ဆုံးတိုက်ခိုက်မှုကြောင့် နှစ်ဖက်စလုံးအနေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုအရှိန်မြှင့်တင်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒီအတောအတွင်း…

Read More

လားရှိုးမှာ ဒုက္ခသည်တွေ ထပ်တိုးလာလို့ အစားအသောက်နဲ့ နေရာထိုင်ခင်း အကူအညီတွေလိုအပ်

စက်တင်ဘာ ၈၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကျောက်မဲနှင့် သီပေါမြို့တွေက ထွက်ပြေးလာ တဲ့ စစ်​ရှောင်တွေ နေ့စဉ် တိုးလာနေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခ သည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ကျောက်မဲမြို့နယ်အတွင်း နလအ တပ်နဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲကြောင့် လားရှိုးမြို့ ပေါ်ကို ထွက်ပြေးလာတဲ့ စစ်​ရှောင် ၅၀၀ ကျော် ရှိနေပြီး နောက်ထပ် ထွက်ပြေးလာသူတွေလည်း ရှိနေတာကြောင့် နေရာထိုင်ခင်းတွေ အခက်အခဲရှိနေတယ်လို့ ဒုက္ခသည် အရေး ကူညီပေးနေသူ တယောက်က ပြောပါတယ်။ “ရှမ်းယဉ်ကျေးမှုခမ်းမမှာက လူမဆန့်တော့ဘူး။ နောက်ထပ်နေရာတွေတော့ ကျွန်တော်တို့ ထပ်ရှာဖို့ လုပ်နေရတယ်။ အခု လူတွေက ထပ်တိုးနေတော့ စားသောက်ရေးအတွက် လည်း အကူအညီလိုနေပါတယ်” ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် လားရှိုးကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို…

Read More

မန္တ​လေးမှာ ငလျင်​ကြောင့် ပြိုကျခဲ့တဲ့ Sky Villa မှာ အသက်ဆုံးရှုံးရသူ​တိုင်းကို တ​ယောက် သိန်း(၁၀၀) ကုမ္ပဏီက​ထောက်ပံ့ ၊ တိုက်ခန်းဝယ်ယူထားသူ​တွေက​တော့ မူလဝယ်ထားတဲ့​စျေးအတိုင်းရယူလို

မန္တ​လေး စက်တင်ဘာ ၈-၂၀၂၅ SA(VOM) Sky Villa ကွန်ဒိုအဆောက်အဦဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ဒီကနေ့ စက်တင်ဘာ ၈ ရက်နေ့ နေ့လယ်အထိ ငါးလအတွင်း သေဆုံးသူရုပ်အလောင်း ၂၀၆ တွေ့ရှိထားကာ အသက်ရှင်လျက်ဒဏ်ရာနဲ့ ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ​သေဆုံးသူ ၂၀၆​ယောက်ထဲက​နေ ဆက်သွယ်လို့ရတဲ့ ကျန်ရစ်သူ​မိသားစုအတွက် ​သေဆုံးသူတ​ယောက်ချင်းဆီကို သိန်း(၁၀၀) Sky Villaကို တာဝန်ယူရတဲ့ ​NTL ကုမ္ပဏီက ဒီက​နေ့မှာ ထောက်ပံ့​ပေးခဲ့ပါတယ်။ ဒီက​နေ့ ​​ထောက်ပံ့​ငွေ​ပေးအပ်ပွဲမှာ ပထမအသုတ်အ​နေနဲ့ ဆက်သွယ်လို့ရသူ ၇၂ ဦးကို သက်ဆိုင်ရာ အုပ်ချုပ်​ရေးတာဝန်ရှိသူ​တွေ​ရှေ့မှာ ​ပေးအပ်တာ​တွေ့ရပါတယ်။ ဒီ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲမှာ NTL ကုမ္ပဏီပိုင်ရှင်ရဲ့ဇနီး ​ဒေါ်သက်သက်ခိုင်၊NTL ကုမ္ပဏီရဲ့ SKY Villa…

Read More

စစ်ရေး ပိုမိုတင်းမာလာလို့ လေးကေ့ကော်ဒေသခံတွေတကျော့ပြန် စစ်ရှောင်

စက်တင်ဘာ ၈ ၊၂၀၂၅ GG (VOM) ကရင်ပြည်နယ်ထဲက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေ့ကော်ဒေသကို စစ်တပ်မှ လေကြောင်းတိုက်ခိုက်နေသလို DKBA နဲ့ BGF ဘက်ကလည်း အင်အားအများအပြားနဲ့ တပ်စခန်းအထိုင်တွေချထား တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။ လက်ရှိမှာ BGF က မြဝတီမြို့အထွက်မှ ကားလမ်းမတလျှောက် မေတ္တာလင်းမြိုင်၊လေးကေ့ကော်၊မယ်ထော်သလေးအထိကို အင်အားအများအပြားနဲ့ လုံခြုံရေးရယူထားပြီး DKBA က မင်းလက်ပံ၊ဖလူး၊ဖလူးကြီး၊ကျောက်​ခက်နဲ့ သေ့ဘောဘိုးကနေ ဝေါလေ လမ်းတလျှောက်ကို ထိန်ချုပ်ထားပြီး အင်အားအများအပြားနဲ့ အထိုင်တပ်စခန်း တွေချထားတယ်လို့သိရပါတယ်။ ” ဒီနေ့မနက် လေးကေ့ကော်နဲ့ ရသေဂူအကြားကို နှစ်ကြိမ်ကြဲသွားတယ်။လူထိခိုက်ဘာညာတော့မကြားမိဘူး။အခုက DKBA နဲ့ BGF ကလည်း နယ်မြေတွေမှာ အင်အားအများအပြားသုံးပြီး တပ်စခန်းတွေချထားတယ်။အခု BGF နဲ့စစ်တပ်က စစ်ရေးရောလုံခြုံရေးရောပူးပေါင်းလုပ်နေသလို DKBA ဘက်ကလည်း ရွေးကောက်ပွဲလုပ်ရင်ကူညီမယ်တရားဝင်ပြောလာတယ်ဆိုတော့ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်ပြီး ရှောင်ကြပြီပေါ့။ စစ်တပ်ကလည်းစစ်ကြောင်းထိုးနေ တယ်။တချို့…

Read More
VOM News

FREE
VIEW