စက်တင်ဘာလ ၃၀ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့မှာ တောင်ကျရေကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားပြီး ဆေးရုံအတွင်းရေဝင်ရောက်ခဲ့လို့ ဆေးရုံတက်ရောက်ကုသနေတဲ့ လူနာ ၂၀ ကျော်ကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးပြီး စက်တင်ဘာ ၃၀ ရက်နေ့ မနက်အစောပိုင်းမှာ ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ “ရုတ်တရက်ရေကြီးပြီး ဆေးရုံထဲမှာရေက ခါးကျော်အထိဝင်တာ။ရေက လူနာကုတင်အောက်ကိုထိတော့မယ်အခြေအနေဖြစ်နေပြီ။အရေးပေါ် ကယ်ထုတ်ခဲ့ရတယ်။စက်လှေတော့ဝင်မရဘူး။လူနဲ့လှေတွန်းပြီး လူနာကူတင်အထိသွားကယ်ခဲ့ရတယ်။သူကတိုက်နယ်ဆေးရုံပေါ့။ပြောင်သေချောင်းက ပေါ့။မိုးကခုထိလည်းရွာတုန်းပဲ။ ” လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ အုတ်တွင်းမြို့နယ် ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဆရာတော်ကမိန့်ပါတယ်။ လက်ရှိမှာ ညောင်ခြေထောက်ဆေးရုံမှ ကယ်ထုတ်ခဲ့ရတဲ့ လူနာတွေကို ကျွဲပွဲတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားကာ ပြောင်းလဲကုသမှုပေးနေတယ်လို့သိရပါတယ်။ ” ဆေးရုံဝန်းထဲက ဝန်ထမ်းအိမ်ယာတွေလည်း ရေတွေနစ်တယ်။ရုတ်တရက်ရေကြီးတာဆိုတော့ ထိခိုက်ပျက်စီးမှုတော့အနည်းနဲ့အများရှိပါတယ်။ ဆရာဝန်တွေလည်း လုပ်နေကြတယ်။”လို့ ဒေသခံကပြောပါတယ်။ လက်ရှိမှာတော့ ညောင်ခြေထောက်မြို့နယ်အတွင်း ကားလမ်းမပေါ်လည်း ရေကျော်နေပြီး ၊ဆေးရုံဝန်းထဲမှာ ရေတွေ မကျသေးဘူးလို့…
Read MoreMonth: September 2025
ရှစ်ထပ်ရေတံခွန် ဖြစ်စဉ်မှ အမေရိကန်သူ ရုပ်အလောင်း တလောင်း ထပ်မံတွေ့ရှိ၊ တယောက် ပျောက်ဆုံးနေဆဲ
စက်တင်ဘာ ၃၀ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီး ရှစ်ထပ် ရေတံခွန်တောင်က လူငါးယောက် ပြုတ်ကျမှုဖြစ်စဉ်မှ အမေရိကန် နိုင်ငံသူ ရုပ်အလောင်း တလောင်းကို ထပ်မံရှာဖွေ တွေ့ရှိထားပြီး တယောက်ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ သိရပါတယ်။ မနေ့ စက်တင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်အတွင်း အန္တရာယ် ကြုံတွေ့ခဲ့ရသူတွေဟာ မန္တလေးမြို့၊ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်း တကျောင်းက ဝန်ထမ်းတွေဖြစ်ပြီး နိုင်ငံခြားသား ဝန်ထမ်း နှစ်ယောက် ပါဝင်တယ်လို့ သိရပါတယ်။ တောင်ကျရေနဲ့အတူ ပြုတ်ကျခဲ့သူ ငါးယောက်မှာ ရုရှားလူမျိုး အမျိုးသားတယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာဖြစ်ကာ အမျိုးသမီး နှစ်ယောက်ကိုတော့ မနေ့ ညနေ…
Read Moreမဲစာရင်း ကြည့်ရှု့သူ နည်းပါးနေသေး
စက်တင်ဘာ ၃၀ – ၂၀၂၅ KKO + SN (VOM) ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားပေမယ့် လာရောက်ကြည့်ရှု့သူ နည်းပါးနေသေးတယ်လို့ စုံစမ်း သိရှိရပါတယ်။ အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှစလို့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေနဲ့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ်အဖြစ် ကြေညာထားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူ တယောက်က “မနက်က…
Read Moreလားရှိုးမှာ ပထမအကြိမ် မဲစာရင်းတွေ စတင်ကပ်ထား
စက်တင်ဘာ ၃၀၊ ၂၀၂၅ Shy V (VOM) နလအ ပြန်လည် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကစ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီကသိရပါတယ်။ “စက်တင်ဘာလ ၂၉ ရက်နေ့ ရပ်ကွက်ရုံးမှာ ပထမ အကြိမ် မဲစာရင်း ကပ်မယ်၊ လာကြည့်လို့ ရပြီလို့ လော်စပီကာနဲ့ လိုက်အော်ပြောတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ၂၉ ရက် ၉ လ ၂၀၁၅ ရက် တနင်္လာနေ့တွင် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီဖြစ်တာကြောင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးကြ စေရေးအတွက် မဲစာရင်းတွေမှာ မိမိ တို့ရဲ့ အမည်စာရင်းတွေ ပါဝင်ခြင်းရှိ မရှိ…
Read Moreလားရှိုးမှာ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ်လုယူသူတွေ များလာ
စက်တင်ဘာ ၃၀၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက် တွေမှာ ဓါးနဲ့ခုတ်ပြီး ဆိုင်ကယ် လုယက်သူတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ လားရှိုးမြို့ရပ်ကွက် (၇)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)နဲ့ ရပ်ကွက် (၁၂) လမ်းတွေပေါ်မှာ အခုလို ဖြစ်စဉ်တွေ မကြာခဏဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “လူနှစ်ယောက် ဓါးကိုင်ပြီး အနောက်ကနေ လိုက်ခုတ်တာ၊ လက်မှာခုတ်ခံရတယ်။ ဆိုင်ကယ်ကို အနောက်လှည့်မောင်းပြီး ပြေးလို့ လွတ်ခဲ့တာလို့” ယခုရက်ပိုင်းအတွင်း ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသား တယောက်က ပြောပါတယ်။ ညနေပိုင်း နေဝင်တဲ့အချိန်နဲ့ ညပိုင်းအချိန်တွေမှာ လုယက်ခံရတာတွေ ပိုများတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာရင်ကို ကျောမလုံတော့ဘူးဖြစ်နေတာ။ အဲလိုတွေ မကြာခဏ ဖြစ်နေတော့ ။ မှောင်ပြီဆိုရင် လမ်းကြို၊ လမ်းကြားထဲကို မသွားရဲတော့ဘူး” လို့ လားရှိုးမြို့ခံ…
Read Moreဂါဇာစစ်ပွဲ အဆုံးသတ်ရေး ထရန့်အဆိုပြုချက် ဥရောပနဲ့ အာရပ်ခေါင်းဆောင်တွေ ထောက်ခံကြိုဆို
ဝါရှင်တန်၊ စက်တင်ဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) ဂါဇာကမ်းမြောင်ဒေသမှာ နှစ်နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးအဆိုပြုချက်တရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြန်လိုက်ပါတယ်။ အချက် ၂၀ ပါဝင်တဲ့ ဒီအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံသဘောတူပေမယ့် ဟားမတ်စ်အနေနဲ့ ဒီအစီအစဉ်ကို လက်ခံမှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဟားမတ်စ်တို့အနေနဲ့ သူကမ်းလှမ်းထားတာကို ငြင်းပယ်ပါက ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ စစ်ရေး တုံ့ပြန်ဆောင်ရွက်မှုတွေကို အမေရိကန်က ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး အချက် ၂၀ ထဲမှာ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ဟားမတ်စ်က အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးဖို့၊ ဂါဇာကမ်းမြောင်ကနေ အစ္စရေး အစ္စရေးတပ်တွေ ရုပ်သိမ်းရေး၊ ဟားမတ်စ် လက်နက် ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရေးတို့ပါဝင်နေပါတယ်။ ထရန့်ရဲ့ အဆိုပြုချက်နဲ့ အစ္စရေးက သဘောတူညီမှုအပေါ်…
Read Moreနှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကြက်မောက်တောင်ဆည် ရေပိုလွှဲမှ ရေလျှံလို့ ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်း ရေကျော်ပြီး လမ်းပိတ်
စက်တင်ဘာ ၃၀ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်မောက်တောင်ဆည် ရေပိုလွှဲကနေ ရေလျှံကျနေတဲ့အတွက် ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်းရေကျော်နေလို့ ကားလမ်းယာယီပိတ်လိုက်ထားရတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မိတ္ထီလာလမ်းပေါ်ရှိ ကိုင်းရွာနဲ့ စည်ပင်သာရွာကြားမှာ လမ်းပေါ်ရေကျော်နေတာဖြစ်ပြီး နေ့လယ်ပိုင်းမှာ ဆည်ရေပိုများလာပြီး ရေစီးကြမ်းလာတာကြောင့် ကား၊ဆိုင်ကယ် အားလုံးကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာဖြစ်ကြောင်း လက်ရှိမှာ ကားတွေရာနဲ့ချီပိတ်မိနေကြတယ်လို့သိရပါတယ်။ ” ကျောက်ပန်းတောင်းအထွက်မှာရေကျော်နေတာပါ။ စည်ပင်သာနားပေါ့။မနက်ပိုင်းကဖြေးဖြေးရယ်ဖြတ် သွားလို့ရသေးတယ်။အဲဒီတုန်းကလည်းရေစီးသန်တာပဲ။အခုက ရေပိုများလာလို့ လမ်းပိတ်လိုက်ကြတာ။ရေစီးကြမ်းနေတယ်။ကားတွေကတော့ ဟိုဘက်ခြမ်းဒီဘက်ခြမ်းမှာပဲ ရပ်ထား ပိတ်မိနေတာပေါ့။ခရီးသည်တင်ကားတွေ၊ကုန်ကား ၊အိမ်စီးကား ဆိုင်ကယ်အကုန်ပဲ။ရေကျမှပြန်ဖွင့်ပေးမယ်ပြောတယ်။” လို့ မြေပြင်ရောက်ရှိနေသူ ကပြောပါတယ်။ ကြက်မောက်တောင်ဆည်က စတင်တည်ဆောက်ပြီးချိန်ကတည်းက ဆည်ရေပြည့်ပြီး ရေပိုလွှဲကနေ ရေလျှံကျတာမျိုး ယခင်က မရှိခဲ့ဘူးကြောင်း ၊ ယခုဆည်ရေပြည့်ပြီး ရေလျှံကျတာက ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ ” အသက် ၅၀ ကျော်ရှိပြီ…
Read Moreရေနံချောင်းမှာ မိုးကြီးပြီး ချောင်းရေလျှံမှုကြောင့် အိမ်ထောင်စု ရာနဲ့ချီ ရေဘေးသင့်
စက်တင်ဘာ ၃၀ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဆင်သေချောင်းရေ လျှံကျခဲ့တာကြောင့် ချောင်းနံဘေးရှိ မြေနိမ့်ပိုင်းနေရာတွေက အိမ်ထောင်စု ရာနဲ့ချီ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆင်သေချောင်းနံဘေးက မြို့မမြောက်၊ မြို့မတောင်၊ သပြေတန်း၊ ချောင်းဖျား၊ ဆုံတိုက်ရပ်မြောက်ပိုင်း အစရှိတဲ့ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်လောက်မှာ စက်တင်ဘာ ၂၈ ရက်၊ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ “ရပ်ကွက် တရပ်ကွက်တည်းမှာတင် အိမ်ခြေ ၅၀ ဝန်းကျင်လောက် ရှိတယ်။ အဲဒီတော့ လက်ရှိ ရေဝင်ရောက်နေတဲ့ အိမ်ခြေက ရာနဲ့ချီ ရှိနိုင်တယ်။ တချို့အိမ်တွေဆို ပစ္စည်းတွေအကုန် မျောပါဆုံးရှုံးသွားတာ ရှိတယ်။ မြို့မမြောက်၊ မြို့မတောင်၊ ဆုံတိုက်ဘက်ကတော့ ရေဝင်ရောက်မှု အဓိက အများဆုံး သုံးနေရာပေါ့” လို့…
Read Moreအင်ဒိုနီးရှား ဘာသာရေးကျောင်း အဆောက်အအုံပြိုကျမှု သုံးယောက်သေပြီး ၉၉ ယောက် ဆေးရုံရောက်
ဂျကာတာ၊ စက်တင်ဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားမှာ မနေ့က ပြိုကျခဲ့တဲ့ ဘာသာရေးကျောင်း အပျက်အစီးတွေအောက်မှာ ကျောင်းသားတွေနဲ့ အလုပ်သမား ဒါဇင်ပေါင်းများစွာကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်း ရှာဖွေကယ်ဆယ်နေကြပါတယ်။ ဒီမတော်တဆမှုကြောင့် လူ သုံးယောက် သေဆုံးပြီး ၉၉ ယောက်ဆေးရုံတင်ထားရကာ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုထားပြီး သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆယ်ကျော်သက် ယောက်ျားလေး အများစုအပါအဝင် လူ ၃၈ ယောက်ဟာ ဆီဒိုဂျိုရှိ အစ္စလာမ် စာသင်ကျောင်း အပျက်အစီးတွေအောက်မှာ ပိတ်မိနေ ဆဲဖြစ်ပါတယ်။ အဲဒီကျောင်းကို ဆောက်လုပ်ရေးလုပ်ငန်းတခု ထပ်မံလုပ်နေစဉ် ပြိုကျခဲ့တာဖြစ်ပြီး ဒီအချိန်မှာ နေ့လယ်ပိုင်း ဝတ်ပြုဆုတောင်းနေချိန်ဖြစ်ပါတယ်။ အထပ်နှစ်ထပ် အဆောက်အအုံဟာ နောက်ထပ်ခေါင်မိုးထပ်နှစ်ထပ် တည်ဆောက်ဖို့ အောက်ခြေ ဖောင်ဒေးရှင်းက ဆောက်လုပ်မှုရဲ့ အလေးချိန်ကို ခံနိုင်ရည်မရှိဘူးလို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ပြောပါတယ်။…
Read Moreကျောက်မဲမှာ ဌာနဆိုင်ရာရုံးတွေ မီးလောင်နေပြီး နလအတပ်ဖွဲ့က မြို့ထဲဝင်ဖို့ပြင်
စက်တင်ဘာ ၃၀၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ရာ ကျောက်မဲမှာ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးတွေ မီးလောင် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မီးလောင်တာ လောလောဆယ် သိရတာက သစ်တောရုံး၊ ရဲစခန်း၊ ကြံ့ခိုင်ရေး ကားဝင်းကြီး၊ ရန်ကင်းထိပ်က စ သုံးလုံးရုံး၊ ဆောက်လုပ်ရေးဘက်က ရုံးတွေ။ ဗုံးကြဲတာမဟုတ်ဘူး။ ရှို့တာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နလအ တပ်ဖွဲ့တွေ မြို့ထဲ ဝင်ရောက်တော့မှာဖြစ်ပြီး မြို့နဲ့ အတော်နီးကပ်နေကာ တမိုင်လောက်ပဲ လိုတော့တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ညနေ ၄ နာရီကျော်ခန့်ကစ ပစ်ခတ်သံတွေရော၊ Y-12 သံတွေရော၊ လက်နက်သေး သံတွေရော၊ ပေါက်ကွဲတဲ့ အသံတွေရော အကုန်ကြားရကာ…
Read More