ဟောင်ကောင်၊ စက်တင်ဘာ-၈-၂၀၂၅
မျိုးဆက်(VOM)
ဟောင်ကောင်ကို ချဉ်းကပ် တိုက်ခတ်နေတဲ့ မုန်တိုင်း တာပါချ် မုန်တိုင်းဒဏ်ကြောင့် ဒီကနေ့မှာတော့ ကျွန်းရှိ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်သိမ်းရပ်နားထားရပါတယ်။
မုန်တိုင်းဟာ ဟောင်ကောင်ကနေ ၁၇၀ ကီလိုမီတာအကွာမှ ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြို့ရဲ့ ဗဟိုချက်နေရာအများအပြားကို ထိခိုက်စေခဲ့ကာ လေယာဉ်အချို့ ပျံသန်းမှုများ ရပ်ဆိုင်းခဲ့ပါတယ်။
တနင်္လာနေ့ မနက်ပိုင်းအထိ လမ်းတွေမှာ အပျက်အစီးတွေ သိပ်မတွေ့ရဘဲ ထိခိုက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ ဖယ်ရီသင်္ဘောတွေ၊ ဘတ်စ်ကားတွေနဲ့ ရထားတွေအပါအဝင် သယ်ယူပို့ဆောင်ရေး အများစုကို ယာယီရပ်ဆိုင်းထားပါတယ်။
ဟောင်ကောင် မိုးလေဝသ ဌာနက ဒုတိယမြောက်အမြင့်ဆုံး သတိပေးချက်ထုတ်ပြန်ထားပြီး မနက် ၁၁ နာရီအထိ ဆက်လက်ထားရှိမယ်လို့ ကြေညာခဲ့ပါတယ်။ မြို့တော်ရဲ့ ပညာရေးဌာနကတော့ သတိပေးချက် လျှော့ချပါက လုပ်ငန်းတွေပြန်လုပ်နိုင်ပေမယ့် ကျောင်းတွေကိုတော့တနေ့လုံး ပိတ်ထားမယ်လို့ ပြောပါတယ်။
တနင်္လာနေ့ မနက်ပိုင်းမှာ လန်တာအူးကျွန်းရှိ မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးမှာ ၁၀၁ ကီလိုမီတာအနှုန်း လေတိုက်နှုန်းရှိခဲ့ပြီး အမြင့်ဆုံး ၁၅၁ ကီလိုမီတာအနှုန်း လေပြင်းတိုက်ခတ်ခဲ့ပါတယ်။
မိုးလေဝသ ဌာနရဲ့ အဆိုအရ တာပါချ်မုန်တိုင်းဟာ ဒေသစံတော်ချိန် နံနက် ၈:၅၀ မှာ တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ တိုင်ရှန်မြို့အပေါ် ဖြတ်သန်းဝင်ရောက်ခဲ့ပြီး ဟောင်ကောင်မှ တဖြည်းဖြည်း ဆုတ်ခွာသွားမယ်လို့ ဆိုပါတယ်။ ဟောင်ကောင်ရဲ့ အိမ်နီးချင်းမြို့ဖြစ်တဲ့ ရှန်ကျန်းမြို့မှာလည်း မုန်တိုင်းကြောင့် ကျောင်းတွေကို ပိတ်ထားရပါတယ်။
Ref:Reuters
Photo:AP