လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၁၃)

ဆူးငှက် (၆) ၁၉၈၈ လူထုအရေးတော်ပုံကြီး နောက်ပိုင်း စာရေးဆရာအများစုမှာ ပိုမိုစုစည်းမိသွားကြသည်။ မဂ္ဂဇင်းတွေလည်း အသစ်အသစ်ထွက်ကြ။ ထွက်သမျှကလည်း မန္တလေးတက်ပြီး စာမူတောင်းကြ။ မန္တလေး၏ ပြောင်းလဲလာသော လူမှုဝန်းကျင်နှင့် ဈေးကွက်စီးပွားရေး၏ ဘေးထွက်အကြောင်းအရာတွေက ဝတ္ထုတို ကုန်ကြမ်းတွေ ဖြစ်လာသည်။ အချင်းချင်းလည်း ပိုမိုစုစည်းဖြစ်လာကြ၏။ ဆရာညီပုလေးတို့၏ ထီးပေါင်းကားစာအုပ်တိုက်ကလည်း လူထုတိုက်မှာ အခြေပြုကာ စာအုပ်တွေထွက်လာတော့ လူထုမှာ စုစည်းကြတာ ပိုစိပ်လာ၏။ သို့သော် အာဏာပိုင်၏ ဖိနှိပ်မှုက အပြင်းထန်ဆုံးကာလတွေမို့ မျက်ခြည်မပြတ် စောင့်ကြည့်ခံနေရသည့် လူထုတိုက်ဆီ အရိပ်ကိုပင် မနင်းဝံ့သူတွေနှင့်လည်း စည်းခြားသွား၏။ မည်သို့ဆိုစေ၊ ရှစ်လေးလုံး သတင်းစာကို အခြေပြု၍ ဒေါ်ဒေါ်အရိပ်အောက်တွင် သဘောထားတူကြသူများကတော့ ပိုလို့ စည်းလံးမိသွားကြ၏။ ၁၉၈၉ ခုနှစ်၏ နောက်တစ်နေ့တွင် မွေးနေ့ဆွမ်းကပ်တစ်ခုကို အကြောင်းပြုပြီး နန်းရှေ့က သာသနာ့တက္ကသိုလ်တွင် စာရေး ဆရာတွေ ဆုံဖြစ်ကြသည်။ ဆရာညီပုလေး၊ ဆရာဝင်းစည်သူ၊…

Read More

ကျောက်မဲမြို့အတွင်း TNLA အလံတွေဖြုတ်ချ

စက်တင်ဘာ ၂၉၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အတွင်း ဒီရက်ပိုင်းမှာ TNLA တပ်ဖွဲ့တွေက တအာင်းအလံတွေကိုဖြုတ်ချ လိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲက TNLA အလံဖြုတ်ပြီ။ ဆိုင်းဘုတ်ပါ ဖျက်ပြီ။ မြို့ထဲ အထိ စစ်ဖြစ်လာနိုင်တယ်။ တဖွဲ့ ဆုတ်ပြီး တဖွဲ့ တက်မယ်ကြားတယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ TNLA တပ်ဖွဲ့ရဲ့ ရုံးပိုင်းဆိုင်ရာ ပစ္စည်းတွေကိုလည်း သိမ်းဆည်းနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတိအကျမသိရဘူးလို့ ဆိုပါတယ်။ ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေ၊ လမ်းတွေမှာထောင်ထားတဲ့ TNLA အလံတွေကို ဖြုတ်ချလိုက် သလို မြို့ပေါ် ရပ်ကွက်တွေထဲမှာ တပ်စွဲထားတဲ့ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ မြို့ပေါ်မှာ လှုပ်ရှားးသွားလာတာ မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်…

Read More

မြစ်ကြီးနားမှာ မိန်းကလေးတယောက် ဓားနဲ့ထိုး အသတ်ခံရ

စက်တင်ဘာ ၂၉၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်၊ ဆုတောင်းပြည့် ဘုရားအနီး လမ်းကြားမှာ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်ခန့်က မိန်းကလေး တယောက် ဓားနဲ့ ထိုးသတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နားရဲ့ အောက်မှာ ဓားနဲ့ ထိုးထားတာ။ ခေါင်းပိုင်းလို့ ပြောလို့ ရတာပေါ့။ ဓားပြတော့ မဖြစ်နိုင်ဘူး။ ဆွဲကြိုးနဲ့ လက်စွပ် ရော ရှိသေးတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ သမီးရည်းစား ပြဿနာကြောင့် မဟုတ်ရင် မကျေနပ်သူ တယောက်ယောက် လက်စား ချေတာပဲ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ “သေဆုံးသွားတဲ့ သူ ဘယ်သူဆိုတာလည်း မသိရသေးဘူး။ ပိုင်ရှင် မသိရသေးဘူး။” လို့ အမျိုးသား…

Read More

ပြည်သူ့အသံ ကဏ္ဍ

ကျွန်တော်တို့ ဆိုင်းတောင် ဝှေခါနဲ့အခြားမှော်တွေမှာ KIA မှ အတင်းအဓမ္မလူသစ်စုဆောင်းရေးအလွန်အကြူးဆွဲနေပါတယ် သတင်းဌာနအများစုက စစ်ကော်မရှင်ဖမ်းသည်ဟုဆိုသော်ငြားလည်း မြေပြင်မှာမဟုတ်ပါ ပြည်သူအများစုမှာကြောက်ရွံနေသော်လည်း ကျွန်တော်တို့မပြောရဲပါဘူး အမည်မသိလက်နက်ကိုင်ကလူတွေသတ်သွားတယ်ဆိုပြီးအသတ်ခံရသူမှာလည်းလူနှစ်ဆယ်ကျော်ရှိပါပြီ။ တရုတ်ဘုံကျောင်းက ၈တန်းအရွယ်ကလေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ငွေကျပ်သိန်း(၃၀) ပေးမှပြန်လွှတ်ပေးပါတယ် သက်သေလည်းရှိပါတယ်ဗျ သို့သော် အသက်အန္တရာယ်စိုးရိမ်စရာရှိတာကြောင့် ကျောင်းသားမိဘကထုတ်ပြောမှာမဟုတ်ပါဘူး အလုပ်ခွင်ထဲမှာ အလုပ်လုပ်နေသည်ဖြစ်စေ အိမ်မှာနေသည်ဖြစ်စေ လမ်းပေါ်တွင်ဖြစ်စေ ကျွန်တော်တို့ဘ၀တွေကလုံခြုံမှုမရှိတော့ပါဘူး အချို့သောနီးစပ်ရာလူတွေကတော့ ကြိုရှောင်သွားကြပါတယ် ငွေပေးရင်ပြန်လွှတ်််တယ် အခြေခံလူတန်းစားအများစုက ပါသွားရင် မိဘတွေဆွေမျိုးတွေက ငိုနေရုံကလွဲလို့ဘာမှမတတ်နိုင်တဲ့အတွက် ဒီဘက်ကပြည်သူတွေရဲ့ဘ၀ ကို ဖော်ပြပေးရန်အနူးအညွတ်တောင်းဆိုပါတယ်ဗျာ။ ဆိုင်း​တောင်​ဒေသခံ

Read More

ဗီယက်နမ်မှာ မုန်တိုင်း ဘူအလွိုင်ကြောင့် တယောက်သေပြီး တံငါသည် ၁၂ ယောက်ပျောက်ဆုံး

ဟနွိုင်း၊ စက်တင်ဘာ-၂၉-၂၀၂၅ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်အစောပိုင်းက တိုင်ဖွန်းမုန်တိုင်း ဘူအလွိုင်တိုက်ခတ်မှုကြောင့် လူတယောက်သေဆုံးပြီး တံငါသည် ၁၂ ယောက် ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး ဓါတ်အားလိုင်းတွေလည်း ချို့ယွင်းခဲ့ပါတယ်။ မုန်တိုင်းဟာ Nghe An ပြည်နယ်ကို ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ဝင်ရောက်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ ၁၁၇ ကီလိုမီတာရှိပြီး ကုန်းတွင်းပိုင်း ဝင်ရောက်ချိန်မှာ ၈၈ ကီလိုမီတာအထိ အားလျော့သွားကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။ ကုန်းတွင်းပိုင်းသို့ မရောက်ရှိမီမှာ မုန်တိုင်းဟာ ဗီယက်နမ် ကမ်းရိုးတန်းတလျှောက် နာရီပေါင်းများစွာ ရွေ့လျားခဲ့ပြီး လှိုင်းအမြင့် ရှစ်မီတာအထိ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟူးမြို့မှာ ရေကြီးရေလျှံမှုကြောင့် လူတယောက်သေဆုံးပြီး တံငါသည် ၁၂ ယောက်…

Read More

မိုင်းတင်းရွာဘက်က TNLA တပ်ဖွဲ့ရဲ့ ဂိတ်စခန်းကို ဒေသခံတွေ ဖျက်ဆီးဖယ်ရှား

စက်တင်ဘာ ၂၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းရွာဘက်က TNLA တပ်ဖွဲ့ရဲ့ ဂိတ်စခန်းကို စက်တင်ဘာလ ၂၈ ရက်နေ့က ဒေသခံတွေ ဖျက်ဆီးဖယ်ရှား လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကျောက်မဲမြို့နယ် မိုင်းတင်းရွာက ဒေသခံတွေက TNLA တွေရဲ့ ဂိတ်စခန်းကို ဖျက်ဆီး လိုက်တာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ မိုင်းတင်း အုပ်စုထဲ ကနေ TNLA တပ်ဖွဲ့ရဲ့ ယာယီ ဂိတ်စခန်း ဖယ်ရှားပေးဖို့လည်း ကျေးရွာလူထုတွေ အကြိမ်ကြိမ် တောင်းဆိုခဲ့ ဖူးတယ်လို့ သူက ပြောပါတယ်။ “မိုင်းတင်းရွာမှာ TNLA တွေ စခန်းလာချတာကို ရွာခံတွေက မိုင်းတင်းနယ်ထဲက ထွက်ခွာပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့တယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။ စက်တင်ဘာ…

Read More

ဘူအလွိုင်မုန်တိုင်း အကြွင်းအကျန်တွေ မြန်မာနိုင်ငံ ဖြတ်မှာကြောင့် အောက်တိုဘာ ၁ ရက်ထိ နေရာအနှံ့မိုးကြီးနိုင်

စက်တင်ဘာ ၂၉ – ၂၀၂၅ SN (VOM) လက်ရှိ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ရဲ့ အရှိန်ကြောင့် လာမယ့် အောက်တိုဘာ ၁ ရက်နေ့ထိ မြန်မာနိုင်အတွင်းက နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း “ဘူအလွိုင်” ဟာ မနေ့ စက်တင်ဘာ ၂၈ ရက်၊ ညပိုင်းမှာ ဗီယက်နမ်နိုင်ငံ‌ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ကာ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ နေ့လယ်ပိုင်း အချိန်မှာတော့ လာအိုနိုင်ငံကို ရောက်ရှိနေပြီဖြစ်ကာ အပူပိုင်းမုန်တိုင်းအဆင့်နဲ့ အားလျော့လာတဲ့ အနေအထားမျိုးရှိတယ်လို့ ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ “အဲဒီမုန်တိုင်းက လာအိုနိုင်ငံအတွင်းမှာပဲ မုန်တိုင်းငယ်အဖြစ် အားလျော့သွားပြီးရင် လာအိုနဲ့ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေကို…

Read More

ငါးနှစ် စီမံကိန်းအတွက် အစီအစဉ်တွေချမှတ်ဖို့ တရုတ်ခေါင်းဆောင်တွေ အောက်တိုဘာလမှာ စည်းဝေးမယ်

ပေကျင်း၊ စက်တင်ဘာ-၂၉-၂၀၂၅ ရတီ(VOM) တရုတ် အာဏာရကွန်မြူနစ်ပါတီဟာ လာမယ့်ငါးနှစ်အတွင်း နိုင်ငံရဲ့ ဦးတည်ချက် အစီအစဉ်တွေချမှတ်ရေး ဆွေးနွေးရန်အတွက် အောက်တိုဘာလနှောင်းပိုင်းမှာ အဓိကအစည်းအဝေး တရပ်ကျင်းပမယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီကနေ့မှာ ကြေညာပါတယ်။ ထိပ်သီးခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့မှာ အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပမယ့် ညီလာခံမှာ စုဝေးကြမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။ လာမယ့်နှစ်မှစတင်ပြီး ငါးနှစ်အတွက် ကြီးမားတဲ့ မူဝါဒပန်းတိုင်များချမှတ်မယ့် နိုင်ငံရဲ့ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကို ဆွေးနွေး ချမှတ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိလုပ်ဆောင်နေတဲ့ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းစတင်ချိန်မှစပြီး စီးပွားရေး နှေးကွေးမှု ၊ လူငယ်အလုပ်လက်မဲ့မြင့်မားမှုနဲ့ ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာမှုကို တရုတ်နိုင်ံငံ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပအန္တရာယ်တွေနဲ့အတူ စိန်ခေါ်မှုတွေရှိနေတာကြောင့် လာမယ့် ငါးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးကို မျှတစွာ အလေးပေးဆောင်ရွက်သင့်ကြောင်း…

Read More

ကျောက်မဲမြို့ အဝင် ခိုမုန်းရွာအထိ တိုက်ပွဲဖြစ်ပွားလာပြီး ကျောက်မဲကို TNLA လက်လွှတ်ရဖွယ်ရှိ

စက်တင်ဘာ ၂၉၊ ၂၀၂၅ Shy V (VOM) TNLA တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ အဝင် ခိုမုန်းရွာ အထိ ဒီနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ပိုင်းကစ တိုက်ပွဲ ဖြစ်ပွားလာ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲက ခိုမုန်း အထိ ရောက်ရှိ လာပြီ ဆိုပါတော့။ TNLA ဘက်က ပြန် ပစ်သံတော့ သိပ်မကြားရဘူး” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ခိုမုန်းရွာဘက် စစ်မရှောင်နိုင်တဲ့ ဒေသခံတွေရှိနေသေးပြီး လေယာဉ် ဗုံးကြဲချခဲ့ သံပါ ကြားရပေ‌မယ့် အခြေအနေ မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။ “ခိုမုန်းရွာ တောင်ဘက် ဒရုန်းဗုံးကြဲသွားတယ် သိပ်မကြာသေးဘူး။ ခိုမုန်းက မြို့‌တွင်းနဲ့ ၂ မိုင်လောက်ပဲဝေးတာ။ ပြည်ထောင်စု…

Read More
VOM News

FREE
VIEW