သူတို့အိမ် အခန်း – ၁၄

ဆူးငှက် လက်ငုတ်လက်ရင်း အလုပ် —————————– မန္တလေးသို့ အဘတို့ ရောက်ကတည်းက ဆောက်ကာနေထိုင်ခဲ့သော ကျွန်တော်တို့ အိမ်ကလေးမှာ အတော်ကို စုတ်ချာနေပါပြီ။ ထိုအခြေအနေတွင် အဘနှင့် အမေကလည်း ဆီရောင်းရတာ အဆင်မပြေတော့။ အစ်မအငယ်ဆုံးက ပန်တျာကျောင်းတက်တော့ ဝါးတန်းကနေ ဘတ်စ်ကားစီးရသည်။ အဝတ်အစားလေးတွေ အထိုက်အလျောက် ဝယ်ပေးရသည်။ တော်ပါသေးရဲ့ အစ်မတို့ ပန်တျာကျောင်းက တစ်လလျှင် စတိုင်ပင်ခေါ် ပညာသင်စရိတ်က ၂၅ကျပ်ရသည်။ အဘက အစ်မရသော စတိုင်ပင်စရိတ်ငွေလေးတွေကို စုထားပေး၏။ အစ်မ သွားရေးလာရေး အဆင်ပြေဖို့ စက်ဘီးလေး တစ်စီး ဝယ်ပေးမလို့တဲ့။ ထို့ကြောင့် ရပ်ကွက်လူကြီးတစ်ဦး ဖြစ်သော ကိုအေးကြီးကို မိန်းမစီးစက်ဘီး တစ်ပတ်ရစ် သင့်တင့်တာလေးရှိရင် ပြောပါ ဟု မှာထားသည်။ ဆီရောင်းဖို့ အဆင်မပြေတော့သော အဘကို ဦးလေးသောင်က သူ့ဆီစက်က ဘွိုင်လာမီးထိုးအလုပ် ပေးလိုက်၏။ နေ့စား တစ်နေ့…

Read More

မကွေးတိုင်းက မြို့နယ်တချို့မှာ ရေကြီးမှုကြောင့် စိုက်ခင်းတွေနဲ့ လမ်းတံတား ပျက်စီးမှုတွေ ဖြစ်ပေါ်

စက်တင်ဘာ ၂၈ – ၂၀၂၅ SS (VOM) မကွေးတိုင်းအတွင်းရှိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြစ်ရေ မြင့်တက်မှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး စိုက်ခင်းတွေနဲ့ လမ်း၊ တံတား ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးတိုင်းအတွင်းက ပေါက်၊ ဂန့်ဂေါ၊ ဆော၊ မင်းဘူး၊ စကု အစရှိတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးကြီးခဲ့တာကြောင့် မုန်း​ချောင်း၊ယောချောင်း၊ ဆားပွက်ချောင်း၊ မန်းချောင်းနဲ့ မြစ်သာမြစ်ရေ မြင့်တက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။ “ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့လောက်က စပြီး မိုးဆက်တိုက် ရွာလိုက်တာပေါ့။ မိုးတအားကောင်းခဲ့တာ။ ကျွန်တော်တို့ ဒီ ပေါက်မြို့ဘက်မှာဆိုရင် စိုက်ခင်းတွေ ပျက်စီးကုန်တာ ခန့်မှန်းခြေ ဧက ၁၀၀ ဝန်းကျင်လောက် ရှိတယ်။ အတိအကျဆို ဒီထက် များမယ်ထင်တယ်။ ယောချောင်းရေ…

Read More

ငလျင်အတွင်း စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့အ​နေနဲ့ အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တဲ့ ပြည်သူတွေကို ငလျင် ၆ လပြည့်အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်တွေ ပေးအပ်

စစ်ကိုင်း- စက်တင်ဘာ- ၂၈- ၂၀၂၅ SA(VOM) မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့မှာလည်း အဆောက်အဦးများစွား ပျက်စီးခဲ့ပြီး ပိတ်မိနေသူတွေထဲက ၃၇ ဦးကို စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့က အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ စက်တင် ဘာ ၂၈ ရက်နေ့ ငလျင် ၆ လပြည့် အထိမ်းအမှတ်အဖြစ် ဆက်သွယ်လို့ရတဲ့ ပြည်သူနှစ်ဦးကို အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဟာ ငလျင်ကြောင့် ပျက်စီးထိခိုက်ခဲ့တဲ့ အဆောက်အဦတွေထဲက ဒေသခံပြည်သူ ၃၇ ဦးကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီ ၃၇ ဦးထဲကမှ ၂ ဦးကိုသာ ဆက်သွယ်ရရှိခဲ့တာကြောင့် ဒီကနေ့ ငလျင် ၆ လပြည့်နေ့မှာ အထိမ်းအမှတ် အမှတ်တရလက်ဆောင်တွေပေးအပ်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့ မီးသတ်ဦးစီးမှုး ဦးထက်အောင်က…

Read More

နတ်မောက်မှာ နှစ် ၆၀အတွင်းဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားနေပြီး မိသားစု ခြောက်ယောက်ရေစီးနဲ့မျောပါသေဆုံးခဲ့ရ

စက်တင်ဘာ ၂၈၊၂၀၂၅ GG (VOM) မကွေးတိုင်းနတ်မောက်မြို့နယ်မှာ မိုးများပြီး ဆည်ကျိုးသွားတဲ့အတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးသောရေကြီးမှု ဖြစ်ပွားနေပြီး နေအိမ်အချို့ရေစီးနဲ့မျောပါကာ မိသားစုလိုက် ခြောက်ယောက်စလုံး သေဆုံးတဲ့အထိ ရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နတ်မောက်မြို့ပေါ်ရပ်ကွက်တွေ အပါအဝင် လေးအိမ်ရွာ ၊ မယ်ဇလီပင်ရွာ စတဲ့ နတ်မောက် ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းနေရာတွေအားလုံးမှာ ရေကြီးနေမြုပ်မှုဖြစ်ပွားနေတာဖြစ်ပြီး မိသားစုလိုက် သေဆုံးမှုကတော့ မယ်ဇလီပင်ရွာမှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မယ်ဇလီပင်ရွာနားမှာရှိတဲ့ အောင်ပန်းကျွန်းဆည်ကျိုးကျခဲ့တာကြောင့် ဆည်ရေတွေစီးဆင်းပြီး ဒီနေ့စ က်တင်ဘာ ၂၈ ရက်နေ့မနက်အစော ၂ နာရီကျော်လောက်မှာ မယ်ဇလီပင်ချောင်းဘေးရှိနေအိမ်နှစ်လုံးရေထဲမျောပါကာ မိသားစု ခြောက်ယောက်စလုံး ရေနစ်မြုပ်သေဆုံးခဲ့ရတာဖြစ်တယ်လို့ မယ်ဇလီပင်ရွာမှ ဆရာတော် အရှင်ဂန္နမာက မိန့်ပါတယ်။ “ရေထဲ ပါသွားတာ ခုနှစ်ယောက်ကို ဒကာတယောက်က သစ်ကိုင်းဆွဲထားတော့ အသက်ရှင်တယ်။ကျန်တဲ့မိသားစုခြောက်ယောက်လုံးကအသေပျောက်ပါဘဲ။ အခုရှာနေတာတွေ့ပြီလို့ပြောတယ်။ သေတဲ့အထဲ ကလေးတယောက်ပါတယ်။ ဆည်အလယ်ကနေကိုကျိုးကျတာလို့သိရတယ်။ ခုလိုမတွေ့ဘူးသေးဘူး။ တခါမှမဖြစ်ဖူးဘူး။…

Read More

ရခိုင်ပြည်နယ်က AA ထိန်းချုပ်ရာ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ အဖြစ်များလာ

စက်တင်ဘာ ၂၈ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်အတွင်းက AA ထိန်းချုပ်ရာ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို အဖြစ်များလာတယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ နလအတပ်ဟာ AA ထိန်းချုပ်ထားရာ သံတွဲမြို့အပါအဝင် အမ်း၊ ဂွနဲ့ တောင်ကုတ် မြို့နယ်တို့မှာ ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ ကြေညာထားတာကြောင့် လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို လေကြောင်းကနေ ဖိအားပေးတာတွေ စတင်လာတာဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူ တယောက်က ပြောပါတယ်။ “ဒါကြောင့် ဒေသခံတွေအနေနဲ့ ဒီကာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုသတိထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ အထူးသဖြင့် သံတွဲ၊ တောင်ကုတ်၊ ဂွ နဲ့ အမ်းမြို့ပေါ့။ သူတို့ ရွေးကောက်ပွဲ ကျင်းပချင်နေတဲ့ နေရာတွေပေါ့။ ပိုသတိပြုစေချင်တယ်” လို့ သူက ပြောပါတယ်။ ဒါအပြင်…

Read More

ရွှေတောင်ကြားက ဗိုလ်ချုပ်ကြီး ခင်ညွန့် ပိုင်ဆိုင်ခဲ့ဘူးတဲ့ နေအိမ်ဟောင်း မီးလောင်မှု ဖြစ်

စက်တင်ဘာ ၂၈ – ၂၀၂၅ SS (VOM) ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ ဗိုလ်ချုပ်ကြီးခင်ညွန့် နေထိုင်ခဲ့ဖူးတဲ့ နေအိမ်မှာ မနေ့ စက်တင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အဲဒီနေအိမ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်က နေထိုင်ခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ လူမျိုးခြား မိသားစုတစုက အဲဒီအိမ်ကို ပိုင်ဆိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ “ဟိုးအရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် နေထိုင်ခဲ့တဲ့အိမ်ပေါ့။ ကျွန်တော်တို့ ကြားရသလောက်တော့ ဦးခင်ညွန့်ဆီက ဝန်ကြီး ဦးတင့်ဆန်းရဲ့ သားလားမသိဘူး၊ ဝယ်လိုက်တယ်ကြားတယ်။ သူတို့…

Read More

ရေးမြို့နယ် လမိုင်းမှာ ဆွမ်းကြီးလောင်းပြန်လာတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ပစ်ခတ်ခံရလို့ တယောက်သေပြီး တယောက်ဒဏ်ရာရ

စက်တင်ဘာ ၂၈ ၊၂၀၂၅ GG (VOM) မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ​လမိုင်းမြို့ပေါ်က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ် ရေးမှူး သေဆုံးကာ ရာအိမ်မှူး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူက လမိုင်းမြို့၊အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူကတော့ ရာအိမ်မှူးဖြစ်သူ ဦးသန်းဝင်ဖြစ်ကြောင်း သိရပါတယ်။ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့နှစ်ယောက်က လမိုင်းမြို့ဆွမ်းလောင်းပွဲကနေပြန်လာပြီး နေအိမ်အရှေ့ရောက်ချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ “ဒီနေ့ မနက် ၈ နာရီခွဲလောက်မှာ သူတို့ဆွမ်းကြီးလောင်းပွဲကနေ ကားနဲ့ပြန်လာတာကို အိမ်ရှေ့အဝင်ဝမှာပစ်ခံရတာ။ရာအိမ်မှူးဆိုသူက ခေါင်းထိပြီးနေရာမှာပဲသေတယ်။ သူနဲ့ပါတဲ့ရာအိမ်မှူးက လည်ပင်းကိုရှပ်ထိတယ်။ လာပစ်တဲ့သူတွေကဆိုင်ကယ်နဲ့လို့သိရတယ်။ ဘယ်အဖွဲ့လည်းမသိပါဘူး။ ” လို့ ဒေသခံကပြောပါတယ်။ ရာအိမ်မှူး ဦးသန်းဝင်းက လက်ရှိ ဆေးရုံမှာကုသမှုခံယူနေကြောင်း အုပ်ချုပ်ရေးမှူး အလောင်းကိုလည်းဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ ပစ်ခတ်သွားသူတွေကိုတော့…

Read More

ဈေးကွက်အတွင်း ပြည်ပသွင်းကုန် လက်ကျန် နည်းပါးလာ

စက်တင်ဘာ ၂၇ – ၂၀၂၅ SN (VOM) သွင်းကုန် ကန့်သတ်မှုတွေကြောင့် ဈေးကွက်အတွင်း ပြည်ပကုန်စည်တွေ လက်ကျန် ပိုမိုနည်းပါးလာနေပြီး ဈေးနှုန်း ထပ်မံ မြင့်တက်လျက်ရှိတယ်လို့ သုံးစွဲသူတွေနဲ့ ရောင်းချသူတွေဆီက သိရပါတယ်။ လက်ရှိမှာ ပြည်ပမှတင်သွင်းနေတဲ့ ဆောက်လုပ်ရေးကုန်စည်၊ အလှကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနဲ့ ဆေးပစ္စည်း အစရှိတဲ့ လူသုံးကုန် ပစ္စည်းတွေဟာ ကိုဗစ်ကပ်ရောဂါ ကာလကထက်ကို ဈေးနှုန်း ပိုမို မြင့်တက်နေပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။ “ယိုးဒယား ကြာပန်း ဆပ်ပြာမှုန့်ဆို အရင် ၅၃၀၀ တန်တထုပ်က အခု ၇၀၀၀ ဈေး ဖြစ်နေတယ်။ ဒါတောင် ဝယ်မရဘူး။ ဆိုင်မှာပြန်ရောင်းဖို့ သွားဝယ်တာတောင် လိုသလောက်မရဘူး။ ခွဲတမ်းနဲ့ ရောင်းနေတယ်။ ပန်းကန်ဆေး ဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ အရင် ၆၀၀ ကျပ်ကနေ အခု ၁၀၀၀…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်‌အောက်မှာ (၁၂)

ဆူးငှက် လက်ကမ်းစာစောင်သာသာ လက်ရေးသတင်းစာလေးပေမယ့် သတင်းစာ၏ ခေါင်းကြီးအားလုံးလိုလိုကို ဒေါ်ဒေါ်လူထုဒေါ် အမာက ရေးပေးသည်။ သတင်းစာအတွက်လိုအပ်သော အကြံဉဏ်နှင့် လမ်းညွှန်မှုတွေကိုသတင်းစာဆရာစာရေးဆရာမကြီး ဒေါ်ဒေါ်လူထု ဒေါ်အမာဆီကခံယူခဲ့ကြရသည်။ ညပိုင်း ၈နာရီ သတင်းအပြီး ဘီဘီစီအသံလွှင့်အစီအစဉ်တွေအပြီး ဒေါ်ဒေါ်က အယ်ဒီတာ့အာဘော်ခေါင်းကြီးကို ရေးပါသည်။ ဒေါ်ဒေါ်ရေးပေးတယ်ဆိုတာအယ်ဒီတာအဖွဲ့ဝင်(၃)ဦးလောက်ကလွှဲပြီးဘယ်သူမှမသိစေခဲ့။ မူရင်း ဒေါ်ဒေါ့်လက်ရေးကို သားဖြစ်သူ ဆရာညီပုလေး၊ ဒါမှမဟုတ် အတူနေ ဒေါ်ဒေါ့်တူ၊ တူမများက ပြန်ကူးရေးပြီး ည ၉နာရီခွဲဝန်းကျင်၊ ဒေါ်ဒေါ့်တူ ဖြစ်သူက သတင်းစာထုတ်သည့် သပိတ်စခန်းကို လာပြီး ကျွန်တော့် လက်ထဲထည့်သည်။ ကျွန်တော်က အယ်ဒီတာချုပ်ရုံးခန်းထဲ ဝင်ပေးပြီးမှ ဖောင်ပိတ်ကြရသည်။ ဒေါ်ဒေါ်မရေးဖြစ်သော ခေါင်းကြီး ၂ပုဒ်လောက်ကိုတော့ ကျွန်တော်တို့နဲ့ ရင်းနှီးပြီး အစ်ကိုကြီးတစ်ယောက်လို စောင့်ရှောက်ပေးသည့် ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရေးပေးတာလည်း မှတ်မိသည်။ ရှေ့နေကြီး ဦးထွန်းအောင်ကျော်က ရှစ်လေးလုံးသတင်းစာမှာ “ဒေါ်ခင်ခင်ထူး” ကလောင်နာမည်နှင့်ရော၊ “ဝတ်လုံတော်ရ…

Read More

အီရန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်

ကုသလဂ္ဂ၊ စက်တင်ဘာ-၂၇-၂၀၂၅ ရတီ(VOM) အီရန်အပေါ် အရေးယူပိတ်ဆို့တွေ ပြန်လည်ချမှတ်ရေးကို နှောင့်နှေးဖို့ တရုတ်နဲ့ ရုရှားတို့ရဲ့ ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ပိတ်ဆို့မှုတွေကို စက်တင်ဘာ ၂၇ ရက်မှာ ပြန်လည်ချမှတ်ဖို့ စီစဉ်နေပါတယ်။ ဒီလို အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို အနောက်အင်အားကြီးနိုင်ငံတွေ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်က သတိပေးထားပါတယ်။ ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အီရန်နဲ့တင်းမှုတွေ တိုးမြင့်လာဖွယ်ရှိပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတရပ်ကြုံလာနိုင်ခြေရှိပါတယ်။ ပိတ်ဆို့အရေးယူမှုတွေ နှောင့်နှေးဖို့ ရုရှားနဲ့ တရုတ်တို့က တွန်းအားပေးခဲ့ပြီး အဖွဲ့ဝင် ၁၅ ဦးပါ ကောင်စီမှာ အရေးမယူဖို့ ထောက်ခံမဲ လေးမဲသာ ရရှိခဲ့ပြီး ကန့်ကွက်မဲ ၉ မဲနဲ့ ကြားနေမဲ ၂ မဲရှိခဲ့ပါတယ်။ “လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် ၂၂၃၁ မှာ ချမှတ်ထားတဲ့ ပြန်လည်အရေးယူရေး လုပ်ငန်းစဉ်ရဲ့ လိုအပ်တဲ့ အဆင့်တွေကို…

Read More
VOM News

FREE
VIEW