အောက်တိုဘာ ၅ ၊ ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ် ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်လမ်းမကြီး၊ အ.ထ.က ကျောင်းအရှေ့မှာ ဒီနေ့အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ယာဥ်ဆင့်တိုက်မှုတွေဖြစ်ပွားပြီး ကလေးငယ်နဲ့မိခင်ဖြစ်သူတို့သေဆုံးကာ လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဥ်မှာ အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ ကားတစီးက လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်တွေနဲ့ လမ်းသွားသူတွေကို ဝင်ရောက်တိုက်ခဲ့တာကြောင့် သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရာသူတွေရှိခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့အထဲက နှစ်ယောက်ကတော့ အသက်အန္တရယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
” ဒဏ်ရာရလေးယောက်ပါ။အခုဆေးရုံမှာပို့ထားပါတယ်။အခြေအနေမသိရသေးဘူး။သေတာက ကလေးတယောက်နဲ့ အမျိုးသမီးတယောက်ပါ။နေရာမှာပဲ ပွဲချင်းပြီးဆုံးတာပါ။ ” လို့ တတာချီလိတ်မြို့နယ်ရှိ ဦးလှမိုးအသင်းဝင်က ပြောပါတယ်။
လူနဲ့ဆိုင်ကယ်တွေကိုဝင်တိုက်ခဲ့တဲ့ ကားသမားက ယာဥ်တိုက်မှုဖြစ်ပြီးနောက်မှာ ကားသမားကို ဒေသခံတွေ ပူးပေါင်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
” ဆေးကြောင်ပြီးလမ်းဘေးမှာရှိတဲ့ လူတွေနဲ့ ရပ်ထားတဲ့ဆိုင်ကယ်တွေကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သွားတာ ။ အဲဒီကားပေါ်ပါ နှစ်ယောက်ကို ဝိုင်းဖမ်းလို့မိထားတယ်။သားအမိနှစ်ယောက်ဆုံးသွားရတဲ့အတွက်တော့ စိတ်မကောင်းဘူး။” လို့ ဒေသခံကပြောပါတယ်။
ဒဏ်ရာရသူတွေထဲကက အမျိုးသားတယောက်နဲ့ အမျိုးသမီး တယောက်က စိုးရိမ်ရတာဖြစ်ပြီး ကျန်တဲ့ အသက် ၁၀ နှစ်ကျော်အရွယ် ကလေးတယောက်က ခြေထောက်ထိခိုက်မှုရှိပြီး အသက်ကြီးပိုင်းအမျိုးသမီးတယောက်က မစိုးရိမ်ရဘူးလို့သိရပါတယ်။
ဓာတ်ပုံ – ဦးလှမိုးအသင်း /ဒေသခံ