ကိဗ်ယက်၊ အောက်တိုဘာ-၅-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီးရထားဘူတာရုံတခုကို ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဆူမီ ဒေသရှိ ရှိစခါမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးရထားဝန်ထမ်းတွေနဲ့ ခရီးသည်တွေ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ “ရုရှားက အရပ်သားတွေကို ပစ်မှတ်ထားနေပြီး ဒါဟာ ကမ္ဘာက လျစ်လျူရှုပိုင်ခွင့်မရှိတဲ့ အကြမ်းဖက်ဝါဒပါပဲ” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleh Hryhorov နှင့် ယူကရိန်း မီးရထားအဖွဲ့၏ ပြောကြားချက်အရ ခရီးသည်တင် ရထားနှစ်စင်းကို တိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။
ဒဏ်ရာရသူများထဲတွင် အသက် ၈၊ ၁၁နဲ့ ၁၄ နှစ်အရွယ် ကလေးသုံးယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းမှုတွေ ပြုလုပ်နေချိန်မှ ဒုတိယမြောက် တိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရှိုစ်ခါဟာ ရုရှားနယ်စပ်မှ ကီလိုမီတာ ၅၀ ခန့်အကွာ ယူကရိန်းအရှေ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။ တိုက်ခိုက်မှုဟာ လူတွေထိတ်လန့်တကြား ဖြစ်စေဖို့အတွက်ဖြစ်ပြီး စစ်ရေးရည်ရွယ်ချက်မရှိဘူးလို့ ယူကရိန်း မီးရထားအကြီးအကဲက ပြောပါတယ်။
ဒီနောက်ပိုင်းမှာ ယူကရိန်းမီးရထားအခြေခံအဆောက်အအုံတွေကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားကို အရေးယူဖို့ ဥရောပနဲ့ အမေရိကန်တို့ရဲ့ ပြောကြားချက်တွေကို လက်တွေ့လုပ်ဖို့ လိုနေပြီလို့ တိုက်တွန်းထားပါတယ်။
Ref:BBC
Photo: New York Post
