ညောင်ဦး-ကျောက်ပန်းတောင်းလမ်းကို ညဘက်အသုံးပြုရင် မှန်ချပြီး အရှိန်လျှော့မောင်းဖို့ pdf သတိ​ပေး​ပေမယ့် သက်ဆိုင်ရာမတုံ့ပြန်

အောက်တိုဘာ ၁၁၊၂၀၂၅
GG (VOM)
မန္တလေးတိုင်းထဲက ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေကို အဓိသွားလာနိုင်တဲ့ ညောင်ဦး – ကျောက်ပန်းတောင်းကားလမ်းပိုင်းကို ည ၁၁ နာရီမှာ မနက် ၅ နာရီအတွင်းသွားလာမယ်ဆိုရင် ကားမှန်တံခါးချပြီးမောင်းနှင်ဖို့၊ ပုံမှန်ထက်အရှိန်ပြင်း မောင်းနှင်တာမလုပ်ဖို့ NUG လက်အောက်ခံ ညောင်ဦးမြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်လာတာ​တွေ့ရပါတယ်။
ညောင်ဦးမြို့နယ် စစ်ရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေအရ ခုလို အသိပေးထုတ်ပြန်တာဖြစ်ကြောင်း ညောင်ဦးပကဖအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ညောင်ဦး – ကျောက်ပန်းတောင်းကားလမ်းပိုင်း နဲ့ပတ်သက်ပြီး ကန့်သတ်ချက်ထုတ်လာမှုအပေါ်ညောင်ဦးဒေသခံတယောက်က
” ညဘက်ကတော့ကုန်ကားတို့ ၊ ခရီးသွားကားတွေတို့ပဲ အသွားများတယ်။တခြားအရေးပေါ်ကိစ္စတွေပေါ့။အခုညဘက်သွားရင် မှန်ချရမယ်၊ဖြေးဖြေးမောင်းရမယ်ဆိုပြီး သတိပေးလာတော့ ကျွန်တော့အမြင့်က ဖြစ်နိုင်ရင်ညဘက်မသွားတာအကောင်းဆုံးပဲ။မတော်တဆဖြစ်သွားရင်မလွယ်ဘူးလေ။ အရင်ကတော့ ခရီးဝေးသွားရတာမျိုးဆိုရင် မနက်စော ၄ နာရီလောက်ထွက်ကြတယ်။ အခုစာထုတ်ပြီဆိုတော့ ၅ နာရီမှပဲ သွားကြမယ့်သဘောလည်းရှိတယ်။ ဒီလမ်းက ပုဂံကိုသွားတဲ့အဓိကလမ်းပဲလေ။ တခြားလမ်းတွေကသွားလို့မပြေဘူး။ ဘာတွေဆက်ဖြစ်မလဲမသိတော့ စိတ်ပူမိတယ်။” လို့ပြောပါတယ်။
​ဒေသခံနဲ့သွားလာသူ​တွေ စိတ်ပူ​ပေမယ့် သက်ဆိုင်ရာက​တော့ မြို့ဝင်မြို့ထွက် စစ်​ဆေးတာကလွဲလို့ လမ်းမ​ပေါ်မှာတခြား အထူးတလည်ပြင်ဆင်တာမ​တွေ့ရသလို VOM က ​မေးမြန်း​ပေမယ့် ပြန်လည်​ဖြေကြားမ​ပေးပါဘူး။
လက်ရှိ ညောင်ဦးမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာမျိုးမရှိပေမယ့် တခါတရံ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးရှိပြီး ဒလန်အဖြစ်သတ်မှတ်ခံရသူ​တွေကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့​တွေက သတ်တာဖမ်းတာ​တွေရှိ​နေပါတယ်။
ညောင်ဦးမြို့နယ်ထဲ ကျေးရွာဘက် ​ဒေသခံတ​ယောက်​ပြောတာက
” pdf တွေက ရွာတွေထဲလည်း လာလိုက်သွားလိုက်ပဲ။ စစ်တပ်ကလည်း pdf သတင်းရရင်လာတာရှိတယ်။ အဲလိုလာချိန်ဆို တရွာလုံးပြေးကြတာပဲ။တိုက်ပွဲကြားညပ်မှာစိုးလို့လေ။ ခုတော့ ပစ်ကြခတ်ကြပြီဆိုရင်ပြေးလိုက် ၊ငြိမ်ရင်အိမ်ပြန်နေလိုက်နဲ့ပဲ ဖြစ်နေပြီ။ မိသားစုစားဝတ်နေရေးကရှိတော့ အိမ်ပစ်ပြေးဖို့ကလည်း မတတ်နိုင်ဘူး။ အုပ်ချုပ်ရေးမှူးကတော့ရှောင်နေတာ ကြာပြီ။ရွာကိုမရှိဘူး။” လို့ ညောင်ဦး – ကျောက်ပန်းတောင်းလမ်းဘေးရှိ ဒေသခံကပြောပါတယ်။
ညောင်ဦး – မြင်းခြံ- နွားထိုးကြီး – တံတားဦးလမ်း​တွေက လက်ရှိမှာ နယ်မြေလုံခြုံရေး အခြေအနေရ သွားလာဖို့ ခက်တဲ့အခြေအနနေရှိတာကြောင့် ညောင်ဦး – ကျောက်ပန်းတောင်းလမ်းကသာ ဒေသတွင်း စီးပွားရေးလုပ်ငန်း ၊ကုန်သွယ်ရေး၊ လူမှုရေး ၊ခရီးသွားလာနေရတာမို့ ဒီလမ်း သွားလာမရမှာကို ​ဒေသခံ​တွေက စိုးရိမ်​နေကြပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW