လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၁)

ဆူးငှက် တကယ်တော့ ကျွန်တော် ကဗျာမကျွမ်းကျင် …။ သို့သော် ဖန်မီးအိမ်၊ အနီနှင့်အပြာ၊ လမ်းသစ်၊ လမင်းတရာ … စသော ကဗျာ စာအုပ်များ၏ သြဇာက လွှမ်းမိုးနေသည်။ စကားပြေဆန်သော ကဗျာအရေးအသားများကို နှစ်ခြိုက်နေမိသည်။ ထိုသြဇာခံဖြင့် ရေးသား ဖြစ်သည်ဆိုကြပါစို့ …။ ကဗျာခေါင်းစဉ်ကို “ဆူးငှက်လားဟေ့ ဝင်ခဲ့လေကွယ်” ဟု ပေးထားသည်။ ဖူးစကက် ၅ မျက်နှာလောက် ရှိမှာပေါ့။ ၂၀၁၄ အောက်တိုဘာ ၂၄ ရက်ရောက်ရင် ဆရာကြီးရွှေဥဒေါင်း ၁၂၅နှစ်တင်းတင်းပြည့်ပြီ။ ၁၉၈၉ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်၌ ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပတော့ ကျွန်တော်က ဆောင်းပါးအတိုအထွာလေးတွေ ငါးပုဒ်၊ ခြောက်ပုဒ်မျှသာ ပုံနှိပ်ဖော်ပြခံရဖူးသေး ….။ ဒီပွဲမှာ ဆရာကြီးနှင့်ပတ်သက်သော စာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်က ဝါရင့်ဆရာကြီးတွေကြား…

Read More

ထရန့်နဲ့ ရှီကျင်းပင် တောင်ကိုရီးယားမှာ ထိပ်သီးဆွေးနွေးမယ်

ဝါရှင်တန်၊ အောက်တိုဘာ -၂၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လာမယ့်ကြာသပတေးနေ့မှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တောင်ကိုရီူယားမှာ တွေ့မယ်လို့ အိမ်ဖြူတော်က ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်က ပြောပါတယ်။ ထရန့်ဟာ ဂျပန်ဝန်ကြီးချုပ် တာကာအိချိနဲ့ တွေ့ဆုံပြီးနှစ်ရက်အကြာမှာ ရှီကျင်းပင်နဲ့တွေ့ဆုံမှာဖြစ်ပြီး ထရန့်ဟာ တနင်္ဂနွေနေ့မှာတော့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ထရန့်ဟာ တောင်ကိုရီးယားကို လေယာဉ်နဲ့ သွားရောက်မှာဖြစ်ပြီး နောက်ပိုင်းမှာ သမ္မတ လီဂျေးမြောင်နဲ့ တွေ့ဆုံမှာဖြစ်ပြီး တောင်ကိုရီးယားမှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်နဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ တက်ရောက်မယ်လို့ ဆိုပါတယ်။ နောက်တနေ့ဖြစ်တဲ့ ကြသပတေးနေ့မှာတော့ ထရန့်ဟာ တရုတ်သမ္မတ ရှီကျင်ူပင်နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ရှီကျင်းပင်နဲ့ တွေ့ဆုံရာမှာတော့ ရုရှားရေနံတွေ တရုတ်က ဝယ်ယူမှုရပ်တန့်ရေးနဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို ဖိအားပေးဖို့တွေ တိုက်တွန်းမယ်လို့…

Read More

လားရှိုး နဲ့ သီပေါက လဝက ဝန်ထမ်းတချို့ လာဘ်စားလို့ အရေးယူခံရ

အောက်တိုဘာ ၂၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး နဲ့ သီပေါက လဝက ဝန်ထမ်း တချို့ လာဘ်စားလို့ အောက်တိုဘာလ တတိယပတ်ခန့်က အရေးယူခံရကြောင်း ဒေသခံတွေနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေကြားချက် အရ သိရပါတယ်။ “လားရှိုးလဝက ဝန်ထမ်း ၃ ယောက်ပါခင်မျ။ ဒီလ အောက်တိုဘာလ ၁၈ ရက်နေ့က အရေးယူခံရတာပါ ခင်ဗျ။ ဖြစ်တာက ပြီးခဲ့လ ကပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လာဘ်စားတယ်လို့ ကျော်ကြားနေတာ ကြာပါပြီ။ ဖြစ်ကာ အရင်က ကိုယ်တိုင် လာဘ်ငွေယူပြီး အဲဒီနောက် ပွဲစားလိုလိုနဲ့ ငွေတွေ ယူတာလို့ သိရတယ်လို့ သူက ပြောပါတယ်။ “ကိုယ်တိုင်လာလို့ သာပြောတာ ကိုယ်တိုင်လာရင် လချီရင်တောင် မရနိုင်ဘူး။…

Read More

ဖားကန့်မှာ မြေစာပြိုလို့ လူနှစ်ယောက် သေဆုံးပြန်

အောက်တိုဘာ ၂၄ ၊ ၂၀၂၅ GG (VOM) ဖားကန့်ဒေသ ၊ဆိုင်းတောင်ရွာအုပ်စု ၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ် မြေစာပုံဟောင်း လုပ်ကွက်မှာ မနေ့က အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူအမျိုးသားနှစ်ယောက် သေဆုံးပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ “ကျောက်ရှာနေချိန် မြေစာပုံကပြိုကျပြီး သူတို့အပေါ်ပိမိသွားတာပါ။ မြေစာပုံပြိုကျပြီးတော့ လူပိသွားတယ်ဆိုတာသိလို့ ကုမ္ပဏီဘက်က ဘက်ဟိုးကားနဲ့မြေစာ ဖော်ပေမယ့် အသက်မမီလိုက်ဘူး။ပွဲချင်းပြီးဆုံးသွားတယ်။ဒဏ်ရာရတဲ့ကောင်လေးက ခြေထောက်မှာပဲ ထိခိုက်မိတယ်။မစိုးရိမ်ရပါဘူး။ ” လို့ ဖြစ်စဥ်သိသူ ဖားကန့်ဒေသခံကပြောပါတယ်။ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူအမျိုးသားနှစ်ယောက်မှာ အသက် ၃၀ ပတ်ချာလည်အရွယ်လောက်ဖြစ်ပြီး မိသားစုနဲ့ နေထိုင်ရာ ဇာတိကို မသိရသေးတဲ့အတွက် မိသားစုနဲ့အဆက်အသွယ်မရသေးကြောင်း ၊ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကတော့ အသက် ၁၄ နှစ်သာရှိသေးတယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေနေသူတွေထဲမှာ ဒေသခံတွေပါသလို အခြားဒေသတွေကနေလည်း အများအပြားလာရောက်ပြီး ကျောက်ရှာဖွေမှုရှိနေတာဖြစ်တယ်လို့သိရပါတယ်။…

Read More

သီပေါ – နမ္မတူ လမ်းဘက် မန်လီရွာအထိ စစ်ကြောင်းတွေ ရောက်လာ

အောက်တိုဘာ ၂၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု၊ သီပေါ – နမ္မတူ လမ်းဘက် မန်လီရွာအထိ လက်ရှိ အစိုးရတပ်ဖွဲ့ စစ်ကြောင်းရောက်လာကြောင်း ဒေသခံတွေစီက သိရပါတယ်။ “စစ်ကြောင်းတွေက မန်လီ ရောက်သွားပြီလို့ ကြားတယ်။ ၅၀၃၊ ၅၀၄ လည်း ရသွားပြီလေ။ ပန်လုံရောက်ရင်တော့ နမ္မတူ နဲ့ နမ့်ဆန် လမ်းခွဲရောက်ပြီ။” လို့ သီပေါ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မန်လီရွာက သီပေါ – နမ္မတူလမ်းကြောင်းပေါ်မှာရှိပြီး မန်လီရွာ နဲ့ ပန်လုံရွာက ၇ မိုင်လောက်တော့ ဝေးဦးမယ်လို့ သူက ပြောပါတယ်။ “စစ်တပ် စစ်ကြောင်းက မိုးတေ ကျော်သွားပြီ။ မိုးတေကတော့ ခုတောင် အေးအေး ဆေးဆေး…

Read More

ဒေါ်နယ်ထရန့် တောင်ကိုရီးယားရောက်ချိန် ကင်ဂျုံအန်နဲ့တွေ့ဖို့ အခြေအနေတွေရှိကြောင်း တောင်ကိုရီးယားပြော

ဆိုးလ်၊ အောက်တိုဘာ -၂၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ အခြေအနေတွေ အများအပြားရှိတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်အတွက် ဗုဒ္ဓဟူးနေ့မှာ ဒေါ်နယ်ထရန့် တောင်ကိုရီးယားကို ရောက်ရှိမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား တွေ့ဆုံပွဲတခုအတွက် အမေရိကန်အစိုးရတာဝန်ရှိသူတွေ သီးသန့်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို အာရုံစိုက်နေပြီး တုံ့ပြန်မှုပုံစံတွေက တွေ့ဆုံဆွေးနွေးဖို့ အလားအလာများစွာရှိကြောင်း ညွှန်ပြနေတယ်လို့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချွန်ဒုံယောင်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒေါ်နယ်ထရန့်ကလည်း ကင်ဂျုံအန်နဲ့ ပြန်လည်တွေ့ဆုံဖို့ မျှော်လင့်ကြောင်းနဲ့ ယခုနှစ်အတွင်း ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ထရန့်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်တရာတွေရှိနေပြီး အမေရိကန်အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားစွန့်လွှတ်ရေး တောင်းဆိုမှုတွေကို…

Read More

ကန်ပက်လက်မှာ လေကြောင်းဗုံးကြဲခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ ၂၄ ၊ ၂၀၂၅ GG (VOM) ချင်းပြည်နယ် ၊ကန်ပက်လက်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုက မြို့မ ၂ ရပ်ကွက် ၊ ၁၀ မိုင်ကုန်းမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ပွဲထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ မင်္ဂလာဆောင်ကတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ CDF-Kanpetlet မှ ဆလိုင်းအောင်လိန်းဆိုသူရဲ့မင်္ဂလာအခမ်းအနားကျင်းပနေတာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းနဲ့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။ ” ပွဲလုပ်နေတဲ့အပေါ်တည့်တည့်ကိုကျတယ်သိရတယ်။ အခုသိရသလောက်ကတော့ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်သေ ပါတယ်။ ဒဏ်ရာရသူလည်းများတယ်သိရတယ်။ ကျန်တဲ့ အခြေအနေ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့လုပ်ဆောင်နေကြောင်း ၊ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ CDF-Kanpetlet မှထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။…

Read More
VOM News

FREE
VIEW