ဘင်္ဂလား‌ဒေရှ် ရွေးကောက်ပွဲ အဝါမီလိဂ်ပါတီ ထောက်ခံသူသန်းပေါင်းများစွာ သပိတ်မှောက်မယ်လို့ ဟာစီနာပြော

ဒါကာ၊ အောက်တိုဘာ-၂၉-၂၀၂၅ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ထားတာကြောင့် ပါတီထောက်ခံသူ သန်းပေါင်းများစွာဟာ လာမယ့်နှစ် ရွေးကောက်ပွဲကို အကြီးအကျယ် သပိတ်မှောက်ကြလိမ့်မယ်လို့ ရာထူးကနေ ဖြုတ်ချခံရပြီး အိန္ဒိယကို ပြည်ပြေးအဖြစ် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် ဟာစီနာဟာ သူမရဲ့ပါတီကို ချန်လှပ်ထားတဲ့ ရွေးကောက်ပွဲတွေအပြီး ဖွဲ့စည်းမယ့် ဘယ်အစိုးရအောက်မှာမဆို ဘင်္ဂလား‌ဒေ့ရှ်ကို ပြန်လာမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောင်းသားတွေဦးဆောင်တဲ့ အုံကြွမှုမှာ အိန္ဒိယကို တိမ်းရှောင်နေခဲ့တာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူးနပ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကတိပြုထားပါတယ်။ “အဝါမီလိဂ်ကို ပိတ်ပင်ခြင်းဟာ မတရားရုံသာမက ပိတ်ပင်သူတွေကိုယ်တိုင်လည်း ရှုံးနိမ့်စေလိမ့်မယ် ”…

Read More

ရန်ကုန်လေဆိပ်မှာ ပြုပြင်မှုပြုလုပ်နေလို့ ဒီနေ့ကစပြီး နှစ်လကြာတဲ့အထိ ညဘက်မှာ ပိတ်ထားမယ်

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ CC (VOM) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA )မှာ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်နေတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မှစပြီး လေဆိပ်ကို ည ၁၂ နာရီမှ မနက် ၆ နာရီအတွင်း ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေ ဆီမှသိရပါတယ်။ ညပိုင်း လေယာဥ်ပျံသန်းခွင့်ပိတ်ထားခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းမှစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် နှစ်လအကြာ ယာယီပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်ပါတယ်။ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်မှာမို့လို့ ညဘက်ကို လေယာဥ်တွေပျံသန်းခွင့် ပိတ်ထားတာပါ။ ဒါကြောင့်သူတို့ ကန့်သတ်လိုက်တဲ့အချိန်မှာ ပြေးဆွဲဖို့စီစဥ်ထားတဲ့ လေယာဥ်တွေက အချိန်ကို ရှေ့တိုးလိုက်တာရှိသလို အနောက်ရွှေ့လိုက်တာမျိုးရှိတယ်။ ခရီးသွားမယ့်သူတွေသေချာ စုံစမ်းကြပါ။” လို့ ပြည်တွင်း ပြည်ပလေယာဥ်လက်မှတ်အရောင်းဌာနတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ညပိုင်းကို…

Read More

ရှမ်းအရှေ့ပိုင်း မြေရှားနဲ့ ရွှေလုပ်ကွက်တွေကြောင့် လူဦးရေ သန်းနဲ့ချီ ထိခိုက်နိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ သတိပေး

အောက်တိုဘာ ၂၉၊ ၂၀၂၅။ NN(VOM) ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသ နမ့်ခုတ်မြစ် တလျှောက်မှာ မြေရှားသတ္တုလုပ်ကွက်တွေနဲ့ ရွှေလုပ်ကွက်တွေ ကြောင့် လူဦးရေ သန်းနဲ့ချီ ထိခိုက်နိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။ မေလ ၁၅ ရက်နောက်ပိုင်းကစပြီး နမ့်ခုတ်မြစ်အရှေ့ဘက်နဲ့ အနောက်ဘက် တောင်စောင်း ဒေသတွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပိုမိုကြီးထွားလာနေတာကို ဂြိုလ်တုဓာတ်ပုံတွေကနေ တဆင့် တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ “သတ္တုတူးဖော်သူတွေဟာ တောင်စောင်းတွေထဲ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရတဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော in-situ leaching နည်းလမ်းကို အသုံးပြုနေကြတယ်” လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က မှတ်တမ်းပုံ​တွေနဲ့အတူ ဖော်ပြထားပါတယ်။ အခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့တဲ့ သတ္တုစစ်ကန်တွေဟာ အခုလ (အောက် တိုဘာ) ၁၄ ရက်နေ့ မှာ…

Read More
VOM News

FREE
VIEW