ဟုမ္မလင်း နဲ့ ခန္တီး မြို့၊ ပူတာအို နဲ့ မြစ်ကြီးနားမြို့ကနေ ရန်ကုန် ၊မန္တလေး လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခတွေ အဆမတန်မြင့်တက်လာ

နိုဝင်ဘာ ၂ ၊ ၂၀၂၅ GG (VOM) လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းက ဟုမ္မလင်း ၊ ခန္တီးမြို့နဲ့ ကချင်ပြည်နယ်ထဲက ပူတာအိုနဲ့ မြစ်ကြီးနားမြို့တို့ကနေ ရန်ကုန် ၊ မန္တလေးကို လေကြောင်းခရီးစဥ်အတွက် လေယာဥ်လက်မှတ်ခနူန်းထားတွေ အဆမတန် မြင့်တက်လာနေတယ်လို့ သိရပါတယ်။ ရန်ကုန် – ဟုမ္မလင်း လေယာဥ်လက်မှတ်ခမှာ လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး မန္တလေး – ဟုမ္မလင်း လက်မှတ်ခမှာ ခြောက်သိန်းကျပ်ဝန်းကျင်မှ ခုနှစ်သိန်းကျပ် အထက်သာရှိပါတယ်။ အလားတူ ရန်ကုန် – ခန္တီး လေယာဥ်လက်မှတ်ခမှာလည်း လေကြောင်းလိုင်း တိုက်ရိုက်ရောင်းချတဲ့စျေးနူန်းက ရှစ်သိန်းကိုးသောင်းကျပ်ကျော်မှ ကိုးသိန်းကျော်အထိသာရှိပြီး ခန္တီး – မန္တလေး လေယာဥ်လက်မှတ်ခ ကလည်း ခြောက်သိန်းဝန်းကျင်မှ ခုနှစ်သိန်းကျော်အထိသာ ရှိတယ်လို့ သိရပါတယ်။ ပြင်ပ လေယာဥ်လက်မှတ် ရောင်းချသူအချို့ဆီမှာတော့…

Read More
VOM News

FREE
VIEW