သူတို့အိမ် အခန်း – ၃၂

      ဧည့်မျှော်၊ ဧည့်မျှောင် —————————– ငယ်ငယ်က အိမ်ကို ဧည့်သည်လာလျှင် ပျော်သည်။ ရေစက်ရုံကြီးနားက ဒေါ်ဒေါ်လုံးတို့၊ အဒေါ်ဒေါ်မြသောင်းနှင့် သမီး မမမြချိန်တို့၊ ကျုံးထောင့်က ဒေါ်ဒေါ်လှရင်တို့၊ ဘုတလင်က ဒေါ်ကြီးဒေါ်စောယုတို့ လာလျှင် အိမ်က ဒန်ချိုင့်လေးဆွဲပြီး အိမ်တော်ရာ ဘုရား အနောက်မုခ် မဟူရာဇရပ်ကြီးဘေးမှာ မလိုင်ပေါက်စီ သွားဝယ်ရသည်။ ကလေးတစ်ယောက် အပြေးအလွှား ချွေးသံတရွှဲရွှဲနှင့် သွားဝယ်ပေးသော မလိုင်ပေါက်စီကို အဘယ်ကဲ့သို့သော ဧည့်သည်သည် အကုန်လုံး စားပစ်ရက်ပါမည်နည်း။ (ဧည့်သည်မျိုမကျအောင် ကျွန်တော်ကလည်း ဧည့်သည်အနား ထိုင်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေတာလည်း ပါမည်။) ဧည့်သည်က မလိုင်ပေါက်စီကို တစ်ဝက်လောက်သာ စားပြီး “အိမ်ကလည်း ကာဖီတွေ သောက်လာလို့ မုန့်က မကုန်တော့ဘူး၊ ရော့ ရော့… ကျန်တဲ့တစ်ဝက် မင်းစားလိုက်တော့…” ဟူ၍ မလိုင်ပေါက်စီ ပန်းကန်…

Read More
VOM News

FREE
VIEW