မန္တလေးတိုင်း ပုသိမ်ကြီးမှာ ပြည်သူ့ပါတီရဲ့ မြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၉- ၂၀၂၅ VOICE OF MYANMAR မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့ပါတီရဲ့ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်ဘုတ်ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာ ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးပါပါလွင်နဲ့အတူ မန္တလေးမြို့က သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တက်ရောက်ခဲ့ပါတယ်။ ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) အဖြစ် ဦးဘီးလ်ဗဟာဒူး(ခ)ဦးသိန်းဇော်၊ မဲဆန္ဒနယ် အမှတ် ၃ မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း(FPTP) အဖြစ် ဦးဟိန်းထူးလှိုင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ပူဂျားတို့က ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲမှာ…

Read More

မြင်းခြံ- ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်း အ​တော်ပျက်စီးနေ​ပေမယ့် လမ်း​ကြေးယူတဲ့ ကုမ္ပဏီ ပြုပြင်ခြင်းမရှိ

နိုဝင်ဘာ ၇ – ၂၀၂၅ SS (VOM) “မြတ်နိုးသူ” ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ လုပ်ပိုင်ခွင့်ရထားတဲ့ ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် သွားလာရေး အခက်တွေ့နေရတယ်လို့ အဲဒီလမ်းပိုင်း အသုံးပြုနေသူတွေက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ မြင်းခြံ – ပုဂံ – ညောင်ဦး လမ်းပိုင်း၊ ပုဂံ – ညောင်ဦး – ကျောက်ပန်းတောင်း – မိတ္ထီလာလမ်းပိုင်းတွေကို နှစ် ၃၀ BOT စနစ် (Build, Operate and Transfer) နဲ့ ယူထားတာဖြစ်ပြီး လက်ရှိအချိန်မှာ စံချိန်တင်လောက်အောင် ကားတွေ ဖြတ်သန်းသွားလာလျက် ရှိတာကြောင့် လမ်းကြေး များစွာ ရရှိနေတာဖြစ်ပေမယ့် လမ်းပိုင်း ပျက်စီးမှုအတွက်တော့ ထိရောက်တဲ့ ပြန်လည် ပြင်ဆင်မှုတွေ…

Read More

မြစ်ကြီးနား – ပူတာအိုလမ်း ပိတ်ထားဆဲဖြစ်လို့ ခရီးသွားတွေ အခက်ကြုံ

နိုဝင်ဘာ ၇၊ ၂၀၂၅ Shy V (VOM) မြစ်ကြီးနား – ပူတာအိုလမ်း လက်ရှိထိ ပိတ်ထားဆဲ ဖြစ်လို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ကားတွေက မသွားခိုင်းဘူးလေ။ ပိတ်ထားတုန်း။ မဆွမ်ဇွပ် ဂိတ်မှာပဲ။ ကားတော်တော်များတယ် ခုချိန်ထိ သွားလို့ မရဘူး ဟုတ်တယ်။ အကုန်လုံး အဲမှာပဲ စောင့်နေကြတယ်။ အဆင်းလည်း မရဘူး သူက အတက်လည်း မရဘူး။” လို့ ဂိတ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ အရင်တလောက ကားတွေ လွှတ်ပေးတယ်ဆိုတာ လွှတ်ပေးချင်တဲ့ ကားပဲ လွှတ်ပြီး မလွတ်ပေးချင်တဲ့ကားကျတော့လည်း အကြောင်း အမျိုးမျိုးပြပြီး ပိတ်ထားတယ်လို့ သူက ပြောပါတယ်။ ပိတ်မိနေတဲ့ ကားတွေကတော့ လေး၊ ငါးဆယ်လောက်ရှိနိုင်တယ်လို့ သူက ပြောပါတယ်။ “ကားလမ်းပိတ်သွား‌တော့ အခက်အခဲ ကတော့…

Read More

ဒေါက်တာနေစိုးမောင်ကို ပုဒ်မ ၆၆ (ဃ) နဲ့ ထပ်မံအမှုဖွင့်

နိုဝင်ဘာ ၇ – ၂၀၂၅ SN (VOM) ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မနေ့ နိုဝင်ဘာ ၆ ရက်မှာ ထပ်မံ အမှုဖွင့်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ဒေါက်တာနေစိုးမောင်ကို အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက လက်ကျန်အမှုတွေ စစ်ဆေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရန်ကုန်မြို့က အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းက ထပ်တိုး အမှုဖွင့်တာကြောင့် အမှုရင်ဆိုင်ဖို့ အိုးဘိုထောင်ကို ပြီးခဲ့တဲ့…

Read More

ဂျကာတာရှိ ဗလီတခုမှာ ဝတ်ပြုနေချိန် ပေါက်ကွဲမှုဖြစ်လို့ လူ ၅၀ ကျော် ဒဏ်ရာရ

ဂျကာတာ၊ နိုဝင်ဘာ-၇-၂၀၂၅ ရတီ(VOM) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျောင်းဝင်းတခုရှိ ဗလီအတွင်း ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်တင်ထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ သောကြာနေ့ဝတ်ပြုချိန်အတွင်း ဖြစ်ပွားခဲ့တာပါ။ မြောက်ဂျကာတာ၊ ကယ်လ်ပါဂါးဒင်းရှိ ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ မြို့တော်ရဲချုပ် အာဆက်အီဒီဆူဟာရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စုစုပေါင်း လူ ၅၄ ယောက်ကို ဆေးရုံပို့ထားပြီး မီးလောင်ဒဏ်ရာတွေအပါအဝင် အသေးစားကနေ ပြင်းထန်ဒဏ်ရာတွေထိ ရရှိသူတွေ ပါဝင်ကြောင်း သူကပြောပါတယ်။ ဒီပေါက်ပွဲမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှုရှိမရှိ အထူးရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ ရေတပ်ဝင်းအတွင်းရှိ အစိုးရအထက်တန်းကျောင်းတခုဖြစ်တဲ့ SMA 27 ရှိ ဗလီမှာ ဝတ်ပြုမှုစတင်ချိန်မှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံနှစ်ခုကို ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဗလီတခုလုံးမှာ ပေါက်ကွဲမှုကြောင့် မီးခိုးတွေ ပြည့်နှက်သွားပြီး ကျောင်းသားတွေနဲ့…

Read More

ပုဏ္ဏားကျွန်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ငါးယောက် သေဆုံး

နိုဝင်ဘာ ၇ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၇ ရက်၊ မနက်ပိုင်းက လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုပ်ကျေးရွာမှာ ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ဒဏ်ရာရရှိသူ ခုနစ်ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “လေယာဉ်သံ ကြားတာနဲ့ တိုက်ခိုက်မှုဖြစ်တာက တဆက်တည်းလို ဖြစ်သွားတာ။ ရှောင်ချိန် မရလိုက်ကြဘူး။ မနက် ၁၁ နာရီကနေစပြီး နာရီဝက်အတွင်း ဆက်တိုက် ဖြစ်သွားတာ။ လူသေဆုံးက ကျွန်တော်‌တို့ သိထားသလောက်က ငါးယောက်၊ မသိသေးတာတွေလည်း ရှိနိုင်တယ်။ အရေးပေါ် ဆေးကုနေရတဲ့ သူတွေလည်းရှိတယ်”…

Read More

ရန်ကုန် – မော်လမြိုင် ရထားခရီးစဉ် နိုဝင်ဘာ ၉ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမယ်

နိုဝင်ဘာ ၈ – ၂၀၂၅ SS (VOM) ရထားလမ်းပိုင်း မိုင်းထောင် ဖျက်ဆီးခံရမှုကြောင့် ယာယီရပ်နားရတဲ့ ရန်ကုန် – မော်လမြိုင် ခရီးစဥ်တွေကို လာမယ့် နိုဝင်ဘာ ၉ ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ရန်ကုန် – မော်လမြိုင်လမ်းပိုင်း၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား၊ မိုင်တိုင် ၁၂၅/၁၈- ၁၉ ကြားမှာ မနေ့ နိုဝင်ဘာ ၇ ရက်၊ မနက် ၈ နာရီခွဲဝန်းကျင်က အမှတ် (၆၈၆) အစုန်ကျောက်ရထား ဖြတ်သန်းစဥ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ရထားခရီးစဉ်တွေ နှစ်ရက်ကြာ ယာယီ ရပ်နားထားမှာ ဖြစ်တယ်လို့ သူက‌ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ရထားသံလမ်း နှစ်ဆက်လောက် ပျက်စီးသွားပြီး အမှတ်…

Read More

ရခိုင်မှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁၀ ရက်ကျော်အတွင်း လူ ၂၀ ထက်မနည်း သေဆုံးခဲ့

နိုဝင်ဘာ ၈ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ၁၀ ရက်ကျော်အတွင်း လူ အယောက် ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့ကနေ အခု နိုဝင်ဘာ ၇ ရက်အထိ ၁၃ ရက်အတွင်း ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု နှစ်ကြိမ်၊ ဒရုန်းကျရောက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး VOM က ရရှိထားတဲ့ အချက်အလက်တွေအရ လူသေဆုံးမှုတွေအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၅၀ နီးပါး ရှိခဲ့ပါတယ်။ “ဒီရက်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီး စိပ်လာတယ်ပြောရမယ်။ သတိထားမိသလောက် ဒီနောက်ပိုင်း မြေပြင်ကရော၊ ဝေဟင်ကပါ တိုက်ခိုက်မှုတွေက နေ့စဉ်ရက်ဆက်…

Read More

သူတို့အိမ် အခန်း – ၂၇

      ဟုတ်ပြီ။ ကျွန်တော် လိုချင်တာ ဒါပဲ ——————————————- သည်တစ်ခါ အမှတ် ၂၁ အ.ထ.က တွင် ကျွန်တော် ပဉ္စတန်းသို့ စတင် တက်ရောက်သည့် ကာလသို့ နောက်ကြောင်းပြန်သွားပါရစေဦး။ အဘယ်ကြောင့်ဆိုသော ထိုစဉ်ကာလများမှာ အစ်မဖြစ်သူ မမခင်ဝင်းအကြောင်း ပြောရမှာမို့ ဖြစ်ပါသည်။ တကယ်တော့ ထိုအကြောင်းတွေကို မပြောချင်တော့ပါ။ ပြောခဲ့ပေါင်း ရေးခဲ့ပေါင်းလည်း များလှပါပြီ။ ပြောသည့် ရေးသည့် အခါတိုင်းလည်း မေ့ပျောက်လျစ်လျူရှုထားသော ဒါဏ်ရာတွေက ပေါ်လာသည်ချည်းမို့ အကျိုးထက် အဆိုးပဲ ခံစားရခြင်းကြောင့် ဖြစ်ပါသည်။ တစ်ခါတရံ စဉ်းစားမိပါသည်။ လူတစ်ယောက် အတွက် အကြောင်းအရာတစ်ခုက အကျိုးမပေးလျှင် သူ့ဘဝတစ်လျှောက်လုံး မည်မျှပင် ကောင်းအောင် အကြိမ်ကြိမ်အဖန်ဖန် လုပ်ကိုင်သော်လည်း အရာမထင်ခဲ့သည့် အကြောင်း ဖြစ်ပါသည်။     မမခင်ဝင်းသည် မထင်မှတ်ဘဲ ဆရာမကြီး…

Read More

စတိတ်စင်ပေါ်မှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် ဖမ်းဆီးခံရပြီ

နိုဝင်ဘာ ၈ – ၂၀၂၅ SS (VOM) စတိတ်စင်ပေါ်မှာ ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ရက်ပ်အဆိုတော် Wink Owens ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးလိုက်ပြီဖြစ်ပြီး လက်ရှိ အချိန်အထိ အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်တယ်လို့ အဲဒီ အဆိုတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏမှာ ကျင်းပခဲ့တဲ့ Overflow Festival ဖျော်ဖြေပွဲမှာ စတိတ်စင်ပေါ်ကနေ ကွန်ဒုံးဝေရင်း ညစ်ညမ်း စကားတွေ ပြောဆိုခဲ့တဲ့ ၎င်းရဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် လူထုကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တာဖြစ်ပြီး ဖမ်းဆီး အရေးယူပေးဖို့ ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ပြီးတဲ့နောက် သူဟာ…

Read More
VOM News

FREE
VIEW