နိုဝင်ဘာ ၁၂ ၊ ၂၀၂၅ GG (VOM) တနင်္သာရီတိုင်း ၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့မှာ အစိုးရတပ် နဲ့ ဒေသတွင်းလက်နက်ကိုင် တပ်တွေအကြား တိုက်ပွဲပြင်းထန် နေတာကြောင့် ဒေသခံအများအပြား အရေးပေါ်စစ်ရှောင် နေကြရသလို ရွာတွေထဲမှာလည်း ပိတ်မိနေသူတွေ ရှိနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး ၊လက်နက်ငယ် ပစ်ခတ်မှုတွေကတော့ ဒီကနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းအထိ ရှိနေတာကြောင့် ကျေးရွာအတွင်း ကျန်ရှိနေတဲ့ ဒေသခံအချို့ အပြင်ထွက်ခွင့် မရဘဲ နေအိမ်မှာ ပိတ်မိနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။ ” ညက နည်းနည်းငြိမ်ပြီး ဒီနေ့မနက်ကတည်းက ပစ်နေကြတယ် ။ စစ်ရှောင်တွေကတော့ မနေ့ကတည်း အထုတ်ကိုယ်စီနဲ့ ရှောင်လာကြတာ ။ မောတောင်မြို့ထဲဘက်…
Read MoreMonth: November 2025
မုံးကိုးမှာ အမျိုးသားသုံးဦးကို ကိုးကန့်တပ်ဖွဲ့ကသေဒဏ်စီရင်
နိုဝင်ဘာ ၁၂၊ ၂၀၂၅ NN(VOM) မုံးကိုးမြို့နယ်အတွင်း လူသတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အမျိုးသား ငါးဦးကို ကိုးကန့်တပ်ဖွဲ့က လူမြင်ကွင်းမှာ ထုတ်ပြပြီး အဲဒီထဲက သုံးဦးကို သေဒဏ်စီရင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ မနက်ပိုင်းမှာ မုံးကိုးမြို့ ဘောလုံးကွင်းထဲ ဒေသခံတွေကို ဆင့်ခေါ်ပြီး စီရင်ချက်တွေကို ဖတ်ပြခဲ့တယ်လို့ မုံးကိုးမြို့ခံတွေက ပြောပါတယ်။ “ လူတိုင်းသွားကြည့်လို့ရတယ်။ သူတို့ခေါ်ပြတာပေါ့။ သေဒဏ်ချတဲ့လူသုံး ယောက်ကို တစ်ခါတည်း ခေါ်သွားပြီးပစ်သတ်လိုက်တာ၊ ကျန်တဲ့သူတွေတော့ သူတို့ပြန် ခေါ်သွားတယ်”လို့ မုံးကိုးမြို့ခံတယောက်က ပြောပါတယ်။ သေဒဏ်ချခံရတဲ့အမျိုးသားတွေဟာ သက်လတ်ပိုင်းအရွယ်တွေဖြစ်ပြီး မုံးကိုးမြို့ မှာ လူသတ်မှုကျူးလွန်ခဲ့လို့ အခုလိုသေဒဏ်ချတာ ဖြစ်တယ်လို့ ကိုးကန့်တပ်ဖွဲ့ဝင်တွေဘက်က ဖတ်ပြသွားတယ်လို့ မုံးကိုးမြို့ခံတွေကပြော ပါတယ်။ နစ်ရှည်ထောင်ဒဏ်ချခံရတဲ့ အမျိုးသားနှစ်ယောက်ထဲမှာ အသက် ၁၇အရွယ် ကလေးတ ယောက် ပါတယ်လို့ ဆိုပါတယ်။…
Read Moreရွှေကုက္ကိုလ်မြို့သစ် တည်ထောင်သူနဲ့ အွန်လိုင်းလောင်းကစားခေါင်းဆောင်ကို ထိုင်းက တရုတ်ကို လွှဲပေး
ဘန်ကောက်၊ နိုဝင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) တရားမဝင် လောင်းကစားအင်ပါယာတခု တည်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ရှီကျိကျန်းကို ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပါတယ်။ နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ တရုတ်နိုင်ငံ တောင်းဆိုပြီးနောက် သူ့ကို ၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတွေ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ရှီကျိကျန်းဟာ တရားမဝင်အွန်လိုင်း လောင်းကစားတွေ လုပ်ဆောင်နေတယ်လို့စွပ်စွဲထားပြီး ပြန်လည်လွှဲပြောင်းဖို့ကို ထိန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ အကျော်ကြားဆုံးလောင်းကစားစီမံကိန်းတွေထဲမှ တခုမှာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံမှာတည်ရှိတဲ့ ရွှေကုက္ကို မြို့သစ်ဖြစ်ပါတယ်။ အပန်းဖြေမြို့တော်အဖြစ် ဖော်ပြထားပေမယ့်လည်း ဒီနေရာဟာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လိမ်လည်မှု့တွေဈ ငွေကြေခဝါချမှုတွေ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတဲ့ နေရာလို့ ဆိုပါတယ်။ ရှီကျိကျန်းနဲ့ သူရဲ့ ကုမ္ပဏီ Yatai တို့ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့ကြောင့် အမေရိကန်နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ကျားဖြန့်တွေ ဘယ်တော့မှ လက်မခံဘူးလို့…
Read Moreသူတို့အိမ် အခန်း – ၂၈
ဆူးငှက် အဘလက်ရာ အိမ်ကလေး ——————————– အသစ်ဆောက်လိုက်သည့် အိမ်ကလေးမှာ အနောက်ဖက် ခေါင်းရင်းခန်းက ထိုစဉ်က အပျိုဘ၀ ပန်တျာကျောင်းသူ ဖြစ်သော မမခင်ဝင်း အခန်းဖြစ်သည်။ သူ့မြောက်ဘက် အခန်းက မမခင်လှတို့ မိသားစု အခန်းဖြစ်သည်။ မမခင်ဝင်း အခန်းပေါက်မှာ အဘ ရိုက်ထားသော ကွပ်ပျစ်တစ်ချပ်က ခန်းလုံးပြည့် ဖြစ်သည်။ မမခင်လှတို့ အခန်းပေါက်ဘက်မှာတော့ ထမင်းစားပန်ကန်နှင့် အသုံးအဆောင်တချို့ ထည့်ထားသည့် ကြောင်အိမ် ရှိသည်။ အခန်းဆိုလို့ အကျယ်ကြီး မမှတ်စေချင်။ ၈ပေ ပတ်လည်လောက်ရှိသည့် အခန်းလေးတွေပဲ ဖြစ်သည်။ အိမ်ရှေ့ဇောင်းလေးထဲမှာက တောင်ဘက်ခြမ်း အိမ်ဦးခန်းမှာ ကြမ်းစင်ပေါ် ကွပ်ပျစ်တစ်ချပ် ထပ်ဆင့်ပြီး အဘတို့ အိပ်ရာရှိသည်။ ကျွန်တော်က ၈တန်းကျောင်းသားဖြစ်သည်အထိ အဘတို့ အိပ်ရာမှာ အိပ်ဆဲဖြစ်သည်။ ကွပ်ပျစ်ခြေရင်း မှာက မီးဖိုချောင် ဖြစ်ပါ၏။ အိမ်လေးက တဲလေးတစ်လုံးထက်…
Read Moreမိုးကုတ်မြို့ကနေ ထွက်ခွာသူများလို့ မိုးကုတ် – မန္တလေး ကားခ အဆမတန်မြင့်တက်ပြီး ကားငှားလို့ မရဖြစ်နေ
နိုဝင်ဘာ ၉ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ကနေ တိမ်းရှောင်သူ များပြားလာမှုကြောင့် မိုးကုတ် – မန္တလေး ကားခမှာ လူတယောက်ကို ကျပ် ငါးသိန်းမှ ခြောက်သိန်းငါးသောင်းကျပ် အထိ စျေးပေါက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ အရင် အောက်တိုဘာလ တုန်းကဆိုရင် မိုးကုတ် – မန္တလေး ခရီးစဥ်အတွက် ကားခမှာ ကားအမျိုးအစားအပေါ် လိုက်ပြီး လူတယောက်ကို နှစ်သိန်းကျပ်မှ လေးသိန်းကျပ်သာ စျေးပေါက်တာ ဖြစ််တယ်လို့သိရပါတယ်။ ” အရင်က လိုက်ထရပ်တို့ ခွေးဘီလူးကား တို့နဲ့ဆိုရင် ခေါင်းခန်းက နှစ်သိန်းငါးသောင်းကျတယ်။နောက်ခန်းက နှစ်သိန်းပါ ။ 4wheelကားနဲ့ဆိုရင် ခေါင်းခန်းလေးသိန်းပါ။ နောက်ခုံက သုံးသိန်းငါးသောင်းပါ။နောက်ကန့်မှာလိုက်ရင်နှစ်သိန်းပါ ။ အခုကတော့ ခြောက်သိန်းငါးသောင်း လောက်အထိဖြစ်နေတယ်။ လိုက်ချင်သူများတော့ ကားတချို့က စျေးခေါ်တင်ကြတာပေါ့။ ကားတွေက ခုရက်ပိုင်း အကုန်…
Read Moreရခိုင်ပြည် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်ခံရမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး ရှစ်ယောက် သေဆုံး
နိုဝင်ဘာ ၉ – ၂၀၂၅ SS (VOM) ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တော မြို့နယ်တွေမှာ မနေ့ နိုဝင်ဘာ ၈ ရက်၊ တရက်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ မြေပြင်အခြေစိုက် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ မနေ့ နေ့လယ် ၂ နာရီဝန်းကျင်ကနေ စတင်ကာ နာရီဝက်အတွင်း အဲဒီ မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရသူ ငါးယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ “အရင်ဆုံး ရသေ့တောင်မှာ လေကြောင်း တိုက်ခိုက်မှု စဖြစ်တာ။ ပြီးတော့ ပုဏ္ဏားကျွန်းကို ဆက်သွားတယ်။ အဲဒီကနေမှ ပေါက်တောကို ရောက်သွားတာ။ မနေ့ကဖြစ်စဉ်မှာ လေကြောင်း တိုက်ခိုက်တာအပြင် မြေပြင်မှာလည်း ပစ်ခတ်မှုတွေ…
Read Moreတနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး – ရန်ကုန် Express တွေ ပြန်လည်ပြေးဆွဲ
နိုဝင်ဘာ ၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း တနှစ်ကျော်ကြာ ပိတ်ထားတဲ့ လားရှိုး – ရန်ကုန် Express တွေ ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းကစ ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး – ရန်ကုန်ကားက အောက်တို ဘာလ ၂၇ ရက်နေ့က စထွက်တာပါ။ ပြည်ထောင်စု လမ်းမကြီးကနေပဲ သွားတယ်။” လို့ ကားဂိတ်နဲ့ နီးစပ်သူ အမျိုးသမီး တယောက်က ပြောပါတယ်။ ရွှေလားရှိုး ဂိတ်က ရိုးရိုးကားက ကားခ ၁၅၀,၀၀၀ ဖြစ်ပြီး အထူးကားက ၁၈၀,၀၀၀ ဖြစ်ကာ တနေ့ကို တစီးစီပဲထွက်တယ် လို့ သူက ပြောပါတယ်။ လားရှိုး – ရန်ကုန် နေ့လယ် ၁၂ နာရီ ထွက်ပြီး…
Read Moreတရားမဝင် ကုန်သွယ်မှုနဲ့ ဖမ်းခံထားရတဲ့ ကုန်ပစ္စည်းအများစုကို ဒဏ်ကြေးနဲ့ ပြန်ထုတ်ခွင့်ပြုမယ်
နိုဝင်ဘာ ၉ ၊ ၂၀၂၅ GG (VOM) တရားမဝင် ကုန်သွယ်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ကုန်ပစ္စည်းတွေထဲကအများစုကို ဒဏ်ကြေးရိဆောင်ပြီး ပြန်ရွေးနိုင်မယ့်အစီအစဥ် အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုလိုက်တယ်လို့ ကုန်သည်တွေ ဆီကသိရပါတယ်။ ပြီးခဲတဲ့ ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အထူးအဖွဲ့တွေနဲ့ အကောက်ခွန်ဦးစီးဌာနတို့က ဖမ်းဆီးရမိခဲ့တဲ့ လိုင်စင်မဲ့/ အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေနဲ့ ပိတ်ပင်တားမြစ်ကုန်ပစ္စည်းတင် မော်တော်ယာဉ် ၄၇၀ ပေါ်မှ ကုန်ပစ္စည်းအချို့ကို ဒဏ်ကြေးနဲ့ ရွေးယူခွင့် ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။ ” ဒဏ်ကြေးဆောင်ပြီး ပစ္စည်းတွေ ပြန်ရွေးခွင့်ပြုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အသိတွေထဲတော့ ပြန်ရွေးတာမျိုး မကြားမိသေးဘူး ။ ဒီလိုရှိတယ်ဗျ ။ ပြန်ရွေးရမယ့် နူန်းနဲ့ ပစ္စည်းတန်ဖိုးကို တွက်ပြီး စျေးကွက်…
Read Moreကလောမှာ ဖြိုးရတနာအောင် ခရီးသည်တင်ကား တိမ်းမှောက်လို့ ကလေးအပါ သုံးယောက် သေပြီး ၁၄ ယောက်ဒဏ်ရာရ
နိုဝင်ဘာ ၉ ၊ ၂၀၂၅ CC (VOM) ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မကွေ ကျေးရွာကြား ၊ မိုင်တိုင်အမှတ် (၅၆/၆)မှာ ဒီနေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်က ခရီးသည်တင် ကားတစီး တိမ်းမှောက်ပြီး လူသုံးယောက်သေဆုံးကာ ၁၄ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ ကလောမြို့နယ် မီးသတ်ဦးစီးဌာနမှသိရပါတယ်။ ခရီးသည်ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ၊ သေဆုံးသူသုံးယောက်မှာ အမျိုးသမီး နှစ်ယောက်နဲ့ ကလးငယ်တယောက်တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိ သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေ ရှိနေတယ်လို့သိရပါတယ်။ ” သေတဲ့အထဲက ကလေးလေးက ယောကျ်ားလေးပါ။အသက် ၇ နှစ် ၊ ၈ နှစ်အရွယ်လောက်ပါ ။ ဒဏ်ရာရတဲ့ အထဲမှာ စိုးရိမ်ရတာက သုံးယောက်လောက်ရှိမယ် ။ ” လို့…
Read Moreဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့ အောင်မြေသာစံမြို့နယ်မှာ မဲဆွယ်စည်းရုံး
မန္တလေး ၊နိုဝင်ဘာ ၉-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ဒီနေ့နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။
Read More