မြန်မာ့သမိုင်းထဲက ရွေးကောက်ပွဲ

SN (VOM) မြန်မာနိုင်ငံဟာ အထွေထွေ ရွေးကောက်ပွဲတွေကို လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ နီးပါး ကာလအတွင်း ရွေးကောက်ပွဲ အကြိမ်ရေ စုစုပေါင်း ၁၇ ကြိမ်အထိ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဘုရင်စနစ်ကို ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ၁၉၂၂ ခုနှစ် မတိုင်မီက ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာတော့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး အသိအမြင်တွေ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်တွေကို တိုးမြှင့် ပြောင်းလဲပေးခဲ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ဂျီစီဘီအေ အသင်းကြီး ပေါ်ပေါက်လာပါတယ်။ အသင်းကြီးအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Home Rule) ကို တောင်းဆိုခဲ့ပေမယ့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၉)

ဆူးငှက် အရှေ့ကျုံးလမ်းပေါ် အုပ်မိုးနေသော ကုက္ကိုပင်ကြီးများ အရိပ်ကြားမှ မာကျူရီမီးရောင်သည် ကတ္တရာလမ်းပေါ် လေးတွဲ့တွဲ့ဆင်းလာကြ၏။ လမ်းပေါ်မှာတော့ ဈေးသိမ်းနောက်ကျသော နန်းဦးလွင်မြင်းလှည်းကလေး တစ်စီးစ နှစ်စီးစပဲရှိသည်။ ကျုံးနံဘေးရေစပ်မှာတော့ ပိုးပုရစ်လေးတွေ ကျစ်ကျစ်အသံပြုသည်။ ဆရာကြီးဦးစိန်ညွန့် တိုက်ဘေး ရေနီ မြောင်းစပ် ထနောင်းပင်ဆီမှ ပုစဉ်းရင်ကွဲကတော့ သံရှည်ဟစ်နေ၏။ ပန်တျာကျောင်းပေါက် ဆိုင်းဘုတ်၏ ၆ဝ ဝပ် မီးလုံးလေးက ကတ္တရာလမ်းနံဘေးထိပဲ လင်းအား ပျံ့နိုင်သည်။ ဝင်ပေါက်ညာဘက်မှာ မြက်တောချုံပုတ်နှင့် ကွက်လပ်ကြီး။ ဘယ်ဘက်မှာက တစ်ထပ်တိုက် ရုံးခန်းလေးရှိသည်။ ကုက္ကိုပင်ကြီးတွေရှိသည်။ ဝင်ပေါက်က မြေနီလမ်းလေးအတိုင်းဝင်သွားတော့ အလယ်လောက်မှာ သစ်သားဓာတ်တိုင်လေးတစ်တိုင်က မီးလုံးနီကျင်ကျင်လေး သီးနေသည်။ ရှေ့တည့်တည့် ဆက်လျှောက်လိုက်တော့ ပုဏ္ဍရိက်ပန်းရုံလေးတွေ…။ စက္ကူပန်းရုံလေးတွေ။ ပြီးတော့ နံကပ်သစ်သား တစ်ထပ်အဆောက်အအုံလေး နှစ်ဆောင်ကြားက အသားခင်း ဝရန်တာကြီး။ ပေ ၂ဝ ကျော်ကွာ မျက်နှာချင်းဆိုင် အဆောင်ကြားမှာ ထိုဝရန်တာကြီးက…

Read More

လျှပ်စစ်ဓာတ်အားပေး LNG သင်္ဘောကြီး သီလဝါဆိပ်ကမ်း ရောက်ရှိနေ

နိုဝင်ဘာ ၁၁ – ၂၀၂၅ SS (VOM) သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ သင်္ဘောကြီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းကို ရောက်ရှိနေပြီဖြစ်ပြီး သီလဝါ (သန်လျင်) က ဓာတ်အားပေး စက်ရုံမှာ စမ်းသပ် လည်ပတ်နေပြီ ဖြစ်တယ်လို့ စက်မှုဇုန်လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။ “ထူးခြားတဲ့ သတင်းကတော့ LNG သင်္ဘော ရောက်ပါပြီ။ တရားဝင် ကြေညာတာတော့ ဒီရက်ပိုင်းထဲမှာပဲ ရောက်တာပါ။ ရက်စွဲတော့ အတိအကျမသိဘူး။ သီလဝါမှာ စမ်းပြီးတော့ လည်နေပါပြီ။ သီလဝါမှာ စက် ငါးလုံးရှိတယ်၊ လေးလုံး ရပ်ထားတယ်၊ တလုံး စပြီး လည်နေပါပြီ။ ရပ်ထားတဲ့ လေးလုံးထဲက သုံးလုံးကိုလည်း ဆက်လည်မယ်။ ပြီးရင် သာကေတက စက် လေးလုံး ရပ်ထားတာကိုလည်း…

Read More

ကမ္ဘာဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ထိုင်းနိုင်ငံ ရပ်ဆိုင်းလိုက်ပြီ

ဘန်ကောက်၊ နိုဝင်ဘာ-၁၁-၂၀၂၅ မျိုးဆက်(VOM) နယ်စပ်အနီးမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိုင်းစစ်သားနှစ်ဦး ဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံဟာ အိမ်နီးချင်း ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ၊ အာဆီယံအဖွဲ့ စေ့စပ်မှုနဲ့ ရရှိခဲ့တဲ့ ဒီသဘောတူညီချက်ဟာ ဇူလိုင်လအတွင်း လူ ၄၃ ယောက် သေဆုံးပြီး နှစ်ဖက်စလုံးမှ အရပ်သား သုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ နယ်စပ်ပဋိပက္ခတွေ အဆုံးသတ်ဖို့ ရည်ရွယ်ခဲ့တာပါ။ သီစကက်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုကြောင့် စစ်သားတယောက် ခြေထောက်ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားတယောက်လည်း အပေါ်ယံဒဏ်ရာတချို့ရခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ငြိမ်းချမ်းရေး သဘောတူညီချက် ပူးတွဲကြေညာချက်အပေါ် နောက်ဆက်တွဲလုပ်ဆောင်မှု” ကို ရပ်တန့်မယ်လို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat က ပြောပါတယ်။ သဘောတူညီချက်အကောင်အထည်ဖော်မှုရဲ့ တစိတ်တပိုင်းအဖြစ် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ကမ္ဘောဒီးယားစစ်သား…

Read More

မြို့တော်‌ဒေလီမှာ လေထုညစ်ညမ်းမှု ကိုင်တွယ်ဖြေရှင်းဖို့ လူရာပေါင်းများစွာ ဆန္ဒပြ

ဒေလီ၊ နိုဝင်ဘာ-၁၁-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ မြို့တော်‌ဒေလီနဲ့ အနီးတစ်ဝိုက်ရှိ လေထုအရည်အသွေး ဆက်လက်ဆိုးရွားလာနေချိန်မှာ ဒီကိစ္စကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ ဒေလီမြို့ရှိ လူရာပေါင်းများစွာဟာ တနင်္ဂနွေနေ့မှာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရအနေနဲ့ ဆိုးရွားပြင်းထန်တဲ့ အဆင့်ကို ရောက်ရှိနေတဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ကလေးတွေအပါအဝင် အရွယ်စုံလူတွေဟာ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့အတူ တောင်းဆိုခဲ့ကြပါတယ်။ မြို့ အထင်ကရနေရာတခုမှာတော့ င် ဆန္ဒပြသူတွေ စုဝေးခွင့်မရှိတာကြောင့် ရဲတပ်ဖွဲ့ဟာ လူ ၈၀ ခန့်ကို ခေတ္တဖမ်းဆီးခဲ့ပါတယ်။ လေထုညစ်ညမ်းမှုဟာ အိန္ဒိယမြောက်ပိုင်း အထူးသဖြင့် ဆောင်းရာသီတွေမှာ ပြန်လည်ဖြစ်ပွားနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ မနေ့က ဆန္ဒပြပွဲဟာ ဒီပြဿနာနဲ့ပတ်သက်ပြီး နှစ်များစွာအတွင်း ပထမဆုံး ဆန္ဒပြမှု အကြီးအကျယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ “ကျတော်တို့ရဲ့ အဆုတ်တွေ ပျက်စီးနေပါတယ်။ အစိုးရအနေနဲ့ ဖြေရှင်းချက်မတွေ့မချင်း ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာသင့်တယ်” လို့ ဆန္ဒပြသူတယောက်က…

Read More

မတ္တရာ ၊သပိတ်ကျင်း နဲ့ စဉ့်ကူးမြို့နယ်တွေ စစ်ရှောင်တိုးလာနေပြီး စားနပ်ရိက္ခာ လိုအပ်နေ

နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ CC (VOM) မန္တလေးတိုင်းထဲက မတ္တရာ ၊သပိတ်ကျင်း နဲ့ စဥ့်ကူးမြို့နယ်တွေမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲပြင်းထန် နေတာကြောင့် စစ်ဘေးရှောင်နေရတဲ့ သောင်းချီရှိတဲ့ ဒေသခံပြည်သူ တွေအတွက် စားနပ်ရိက္ခာတွေ လိုအပ် နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်နေတာက ဆန် နဲ့ ဆီ ဖြစ်ကြောင်း ၊ လက်ရှိ စစ်ရေးအခြေအနေ အရ စစ်ရှောင်တွေ ထပ်တိုးလာနိုင်တဲ့ အတွက်လည်း စားနပ်ရိက္ခာက ပိုပြီး အရေးတကြီး လိုအပ်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ဆန် နဲ့ ဆီ အဓိကလိုတယ်။ စစ်ရှောင်ရတဲ့ ကာလကြာတာနဲ့အမျှ လိုအပ်ချက်က ပိုကြီးလာတာပေါ့။ အခုဆို တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့် အခြေအနေရှိနေတယ်…

Read More

ရွှေဘိုနဲ့ ဝက်လက်မှာ စစ်ရေးတင်းမာနေလို့ ရွာပေါင်း ၂၀ နီးပါး တိမ်းရှောင်နေရ

နိုဝင်ဘာ ၁၀ – ၂၀၂၅ SN (VOM) စစ်ကိုင်းတိုင်းအတွင်းက ရွှေဘိုနဲ့ ဝက်လက်မြို့တွေမှာ စစ်ရေးဘအခြေအနေ တင်းမာနေတဲ့အတွက် ကျေးရွာပေါင်း ၂၀ နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ရွှေဘိုနဲ့ ဝက်လက်မြို့နယ် အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာလို့ သိရပါတယ်။ “လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရော၊ ဖမ်းဆီးခံရတာတွေရော ရှိတယ်။ ရွာတွေမှာ နေအိမ် ပျက်စီးသွားတာတွေလည်း မနည်းဘူး။ နှစ်ဖက်တပ်ဖွဲ့ချင်း တိုက်ပွဲတွေလည်း ခဏခဏဖြစ်တယ်။ လူထိခိုက်၊ သေဆုံးရတာတွေပါ ရှိလာတော့ တိုက်ပွဲ ဧရိယာဝန်းကျင်က ဒေသခံတွေအကုန် ရှောင်ကြရတာ” လို့ ဒေသခံတယောက်က…

Read More

မော်လမြိုင်မှာ အမျိုးသားသုံးယောက် ပစ်ခတ်ခံရလို့ နှစ်ယောက်​သေဆုံးကာ တယောက်ဒဏ်ရာရ

နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းနဲ့ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ နိုဝင်ဘာ ၉ ရက်နေ့ည ၁၁ နာရီလောက်က အမျိုးသား သုံးယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး နှစ်ယောက်သေဆုံးကာ တယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရသူ အမျိုးသားသုံးယောက်ဟာ မဟာမြိုင်ရပ် ၉ လမ်းထိပ်မှာ ဖွင့်ထားတဲ့ ” မြင်သူလန်း “မိတ်ကပ် နဲ့ ဆံပင်ပြုပြင်ရေး ဆိုင်ကို ပြန်လာချိန် ဆိုင်ရှေ့အရောက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာ ဖြစ်ကြောင်း ပစ်ခတ်ခံရသူတွေက LGBT တွေ ဖြစ် တယ်လို့သိရပါတယ် ။ ” အသတ်ခံရတဲ့ အထဲက ကိုတင်ကိုကိုဦး ဆိုတာက မြင်သူလန်း ဆိုင်ပိုင်ရှင်ပါ ။သူက ဆိုင်ရှေ့မှာ အသတ်ခံထားရတယ်။…

Read More

ဗန်းမော်က ခလရ ၄၇ တပ်ရင်းနားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

နိုဝင်ဘာ ၁၀ ၊ ၂၀၂၅ GG (VOM) ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ အစိုးရတပ်တွေနဲ့ KIA တပ်အကြား မြေပြင်ထိတွေ့ တိုက်ပွဲတွေ ပြင်းထန် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ အစိုးရတပ်က ဗန်းမော်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး အတွက် မြေပြင်စစ်ကြောင်း အပြင် လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး KIA ကလည်း ရရှိထားတဲ့ နယ်မြေတွေကို လက်မလွှတ်ရရေး အတွက် အပြင်းအထန် ခုခံကာကွယ် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေတာ ဖြစ်တယ်လို့ စစ်ရေးသတင်း ရင်းမြစ်ဆီက သိရပါတယ် ။ လက်ရှိမှာ ဗန်းမော်မြို့ ခလရ ၄၇ တပ်ရင်းအနီး တဝိုက် လမ်းတလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ဗန်းမော်တက္ကသိုလ် ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ” တိုက်ပွဲက နေ့တိုင်းဖြစ်နေတယ်…

Read More

ကျောက်ဖြူမှာ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ရှောင်နေရ

နိုဝင်ဘာ ၁၂ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ပြင်းထန်လာတဲ့ စစ်ရေး အခြေအနေတွေကြောင့် ကျေးရွာပေါင်း ၁၅ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အစိုးတပ်နဲ့ AA တို့ တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “စစ်ရေးအခြေအနေ ပိုတင်းမာလာလေ၊ စစ်ရှောင် အရေအတွက်က တိုးလာလေလေပါပဲ။ ငွေကြေး တတ်နိုင်တဲ့ သူတွေကတော့ တခြားမြို့တွေ၊ ရွာတွေကို ရှောင်သွားကြတယ်။ ငွေကြေး မတတ်နိုင်တဲ့ သူတွေကတော့ ဘေးလွတ်မယ်ထင်တဲ့ တော၊ တောင်တွေထဲမှာပဲ ဖြစ်သလို နေနေကြတယ်။ သူတို့အတွက် လိုအပ်နေတာတွေကတော့ အများကြီးပါ။ အခြေခံ လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပါ။…

Read More
VOM News

FREE
VIEW