ဘင်္ဂလား‌ဒေ့ရှ်မှာ ငလျင်လှုပ်လို့ လူသုံးယောက်သေ

ဒါကာ၊ နိုဝင်ဘာ-၂၁-၂၀၂၅ မျိုးဆက်(VOM) ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံ မြို့တော်ဒါကအပြင်မှာ အင်အားပြင်းငလျင်တခု ဒီကနေ့မှာ လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး လူသုံးဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန် ဘူမိဌာနရဲ့ အဆိုအရ ဒါကာမှ ၃၃ ကီလိုမီတာခန့်အကွာရှိ နာဆင်းဒီမြို့အနီးမှာ နံနက် ၁၀ နာရီ ၃၈ မိနစ်မှာ ရစ်ချ်တာစကေး ၅ ဒဿမ ၅ အဆင့်နဲ့ လှုပ်ခတ်သွားတာလို့ ပြောပါတယ်။ အဆောက်အအုံတွေ တုန်ခါပြီး ယာယီအဆောက်အအုံအချို့ ပြိုကျသွားတာကို မြို့ခံတွေ မြင်တွေ့ခဲ့ရပြီး နေအိမ်တွေကနေ လူတွေထွက်ပြေးခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တချို့ကတော့ လမ်းပေါ်မှာ ငိုကြွေးနေပြီး တချို့ကတော့ အံ့အားသင့်နေကြတယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်နေစဉ် ခြောက်ထပ်အဆောက်အအုံ ၀ရန်တာတွေ ပြိုကျသွားသောကြောင့် လူသုံးယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောပါတယ်။ ဒါကာခရိုင်တခုရှိ ရှစ်ထပ်အဆောက်အအုံမှ အုတ်နံရံတွေလည်း အောက်ဘက်ရှိ…

Read More

ဂျပန်ကိုသွားမယ့် လေယာဉ်ခရီးစဉ်တွေ လျှော့ချမယ်လို့ တရုတ်နိုင်ငံပိုင် Air China ကြေညာ

ပေကျင်း၊ နိုဝင်ဘာ-၂၁-၂၀၂၅ ရတီ(VOM) ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကြောင့် တရုတ်နဲ့ ဂျပန်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန် တရုတ်နိုင်ငံပိုင် အဓိကလေကြောင်းလိုင်းဟာ ဂျပန်ကို ပြေးဆွဲပျံသန်းမယ့် ခရီးစဉ်တွေကို ယခုလကုန်မှစပြီး လျှော့ချသွားမယ်လို့ ပြောပါတယ်။ နိုဝင်ဘာလ ၃၀ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ အိုဆာကာနဲ့ ရှန်ဟိုင်းအကြား ပျံသန်းမှုတွေကို လက်ရှိ ၂၁ ကြိမ်မှ ၁၆ ကြိမ်အထိ ခရီးစဉ်လျှော့ချမယ်လို့ အစိုးရပိုင် တရုတ်လေကြောင်းလိုင်း (Air China )က ကြေညာပါတယ်။ တိုကျိုနဲ့ ချုံချင်းအကြား ပျံသန်းမှုတွေကိုလည်း ဒီဇင်ဘာ ၁ ရက်မှ လာမယ့်နှစ် မတ်လကုန်အထိ လက်ရှိ ခုနစ်ကြိမ်ရှိနေရာမှ လေးကြိမ်အထိ လျှော့ချမယ်လို့ တရုတ်လေကြောင်းလိုင်းက ဆိုပါတယ်။ Air China က ခရီးစဉ်တွေ လျှော့ချမှုဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဖြစ်ပေမယ့်…

Read More

မော်ချီးဒေသ လေကြာင်းတိုက်ခိုက်မှု ငါးယောက်သေဆုံးပြီး ဒဏ်ရာရသူတွေရှိ

နိုဝင်ဘာ ၂၁ ၊ ၂၀၂၅ CC (VOM) ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူငါး​ယောက် နဲ့ ထိခိုက်ဒဏ်ရာရသူ များပြားရှိခဲ့တယ်လို့ သိရပါတယ်။ မော်ချီးဒေသရှိ ကေဒီ ခဲလုပ်ကွက် နဲ့ မော်ချီးဒေသ အမှတ် (၂) စက်ရုံ ၊ ညောင်ပင် ဆိုတဲ့နေရာတွေကို လေကြာင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ မနက် ၈ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ် လို့ ဒေသခံဆီက သိရပါတယ်။ “ထိခိုက် နဲ့ သေဆုံးမှုက ကေဒီဆိုတဲ့နေရာမှာ ဖြစ်တာပါ။ ကျားငါး​​ယောက် သေဆုံးခဲ့တယ်။ ထိခိုက်မိသူကများတယ် ။ အရေအတွက်တော့ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူ ကပြောပါတယ်။ လက်ရှိမှာ…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃၂)

ဆူးငှက် အထက်ပါ ဆောင်းပါးလေးကို ဒေါ်ဒေါ် လူထုဒေါ်အမာက ဖတ်ပြီး ကျွန်တော့်အလုပ်စားပွဲနား လာထိုင်သည်။ ရေချိုးပြီးစ နံ့သာဖြူကရမက်ရနံ့လေး သင်းပျံ့နေသည်။ ဒေါ်ဒေါ်က စမုန်စပါးစေ့လေးတွေလည်း ဝါးနေ၏။ စာရေးလက်စမို့လား၊ စာရေးဖို့ ပြင်ဆင်နေချိန်မို့လား၊ ဒေါ်ဒေါ့်အင်္ကျီမှာ ပတ်ကား ဘောလ်ပင် ချိတ်လျက်ပါလာသည်။ အမေက ကျွန်တော့်နံဘေးရှိ ဆက်တီခုံမှာ ဝင်ထိုင်ရင်း … ”မင်းဆောင်းပါးဖတ်ပြီးပြီကွဲ့” ကျွန်တော် မျက်နှာပူသွားသည်။ အသံထွက်ပြီး ရှက်ရယ်လိုက်မိသည် ထင်၏။ ဒေါ်ဒေါ်ကလည်း ခင်သင်းသင်း ရယ်ရင်းဖြင့် ”ကိုလှကို အထင်လွဲကြတာ မင်းတယောက်တင် မဟုတ်ဘူးကွယ့်၊ မောင်စောလွင်တို့၊ မောင်စိန်ဝင်းတို့လည်းပါတယ်။ မင်းတို့ မပြောပါနဲ့ကွယ်။ ငါတောင် သူ့ကို အထင်ခပ်လွဲလွဲရယ်၊ အမြဲတမ်းနေရာတိုင်း ဥပဒေနဲ့ဘောင်နဲ့ လုပ်လွန်းလှချည့်၊ စဉ်းစားလှချည့်၊ ချင့်ချိန်လှချည့်လို့ပေါ့ကွယ်။ သူလုပ်တာ ကိုင်တာတွေ၊ သူပါဝင်ပတ်သက်ခဲ့တဲ့ အဖွဲ့အစည်းတွေကို သူ့ရဲဘော်ရဲဘက်တွေလောက် ငါတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီတော့လည်း သူ့အပြင်ပန်း…

Read More

ဒူဘိုင်းလေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

ဒူဘိုင်း ၊ နိုဝင်ဘာ-၂၂-၂၀၂၅ ရတီ(VOM) ဒူဘိုင်းမှာ ပြုလုပ်တဲ့ လေကြောင်းပြပွဲမှာ အိန္ဒိယတိုက်လေယာဉ်တစင်း သရုပ်ပြပျံသန်းစဉ် ပျက်ကျပြီးနောက် လေယာဉ်မှူး သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးခဲ့တာနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန်ချက်မှာဆိုပါတယ်။ မတော်တဆမှု အကြောင်းရင်းကို သိရှိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပါတယ်။ AP သတင်းဌာနရဲ့ အဆိုအရ Hindustan Aeronautics Ltds ရဲ့ Tejas ဂျက်လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီမှာ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ Dubai Airshow 2025 မှာ ကုမ္ပဏီ ၁၅၀၀ ပါဝင်ခဲ့ပြီး တက်ရောက်သူနဲ့ ပြသသူ တသိန်းလေးသောင်းကျော် ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ သေဆုံးသွားတဲ့ လေယာဉ်မှူးဟာ အသက် ၃၇ နှစ်အရွယ် Namansh Syal…

Read More

ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကွယ်လွန်

မန္တလေး၊ နိုဝင်ဘာ – ၂၂- ၂၀၂၅ SA(VOM) အမျိုးသားစာပေဆု၊ တစ်သက်တာစာပေဆု၊ တော်ဘုရားလေးစာပေဆု၊ အလင်္ကာကျော်စွာဆု ရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) အသက် (၉၁)နှစ် ဟာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ မနက်က Grand Mandalay ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ၉၆ ပါးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တံတားဦးမြို့ နီးပါးတန်းရပ်နေ (ဦးချွန်)(ဒေါ်မမကြီး)တို့သားကြီး၊ဆရာမဒေါ်ညွန့်ညွန့်၏ခင်ပွန်း၊ ကိုဝင်းခိုင်+မနွယ်နွယ်ဦး(မနီတာ)၊ကိုဌေးဇော်+မမေခိုင်ဦး၊ကိုကျော်ကျော်၊ကိုဗဟိန်းတင်+မဆွေဆွေထွေး၊မမိုးမိုးကြည်၊မလွင်လွင်တိုး၊ကိုသက်ဝင်း+မပိုးပိုးသဲထွေးတို့၏ဖခင်ကြီးမြေး(၆)ယောက်၊မြစ်(၃)ယောက်တို့၏ဖေဖေဘ ဦးကိုလေး(ကိုလေး အင်းဝဂုဏ်ရည်)သည် ၂၂.၁၁.၂၀၂၅ စနေနေ့မနက်တွင်(၉၆)ပါးသောရောဂါဖြင့်ဘဝတစ်ပါးသို့ပြောင်းရွေ့ကွယ်လွန်ခဲ့တဲ့အကြောင်း ဦးကိုလေး(အင်းဝဂုဏ်ရည်) သမီးဖြစ်သူ မနီတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ​ရေးသားထားပါတယ်။ မန္တ​လေး စာ​ပေအသိုင်းအဝိုင်းကလည်း တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတပါးဆုံးရှူံးရတာဖြစ်​ကြောင်း ဆရာကြီး​ကောင်းရာဘုံ​ရောက်ရှိမယ် ယုံကြည်​ကြောင်း ​ရေးသားထားကြပါတယ်။ “ဆရာကြီး ကွယ်လွန်တာ မြန်မာစာလောကအတွက် ဆုံရှုံးမှုတစ်ခုပါ။မန္တလေးစာပေလောကအတွက် ဆုံးရှုံးမှုပါ။ဆရာ့ရဲ့ စာ၊ကဗျာနဲ့ပတ်သက်တဲ့ အသိအမြင်အတွေးအခေါ်တွေ မကြားရ၊မဖတ်ရတော့။ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်” လို့ ကဗျာဆရာ ​မောင်ရဲ​နွေ(ပလိပ်)…

Read More

အမေရိကန်ရဲ့ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ် ရွေးချယ်ရခက်ခဲနေတယ်လို့ ဇီလန်စကီးပြော

ကိဗ်ယက်၊ နိုဝင်ဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနဲ့ စစ်ပွဲကို ဘယ်လိုအဆုံးသတ်ရမယ်ဆိုတဲ့ အမေရိကန်ရဲ့ အစီအစဉ်ကြောင့် ရွေးချယ်ရခက်ခဲနေပြီး ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ ထောက်ခံမှု ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။ အလွန်ခက်ခဲသော ရွေးချယ်မှုတခုနဲ့ ရင်ဆိုင်ရနိုင်ပြီး- ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း သို့မဟုတ် အဓိက မိတ်ဖက်တဦးကို ဆုံးရှုံးနိုင်ခြေ ရှိကြောင်း ဇီလန်စကီးက ပြောပါတယ်။ “ယနေ့ဟာ ကျွန်ုပ်တို့ရဲ့ သမိုင်းမှာ အခက်ခဲဆုံး အချိန်တွေထဲမှ တခုဖြစ်တယ်” လို့ သူက ဆိုပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ပေါက်ကြားလာခဲ့တဲ့ အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်မှာတော့ ယူကရိန်း ယခင်က ပယ်ချခဲ့တဲ့ အဆိုပြုချက်တွေပါဝင်နေပြီး – နိုင်ငံ အရှေ့ပိုင်းဒေသတွေကို ရုရှားထံ ပေးအပ်ခြင်း၊ ယူကရိန်းစစ်တပ်အရွယ်အစားကို သိသိသာသာ လျှော့ချခြင်းနဲ့ နေတိုးအဖွဲ့မှာ မပါဝင်ဖို့ ကတိပြုခြင်းတို့ ပါဝင်နေပါတယ်။ ဒီအဆိုပြုချက်တွေဟာ ရုရှားဘက်ကို…

Read More

အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို အိမ်စီကား ဝင်တိုက်မိလို့ သုံးယောက်သေဆုံး

နိုဝင်ဘာ ၂၂ ၊၂၀၂၅ GG (VOM) ရန်ကုန် – နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၈၀/၂ နဲ့ ၁၈၀/၃ ကြားမှာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်နေ့ ၊ မနက်အစော ၅ နာရီကျော်လောက်က ယာဥ်တိုက်မှု ဖြစ်ပြီး လူသုံးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ရန်ကုန် – နေပြည်တော်ကားလမ်းဘက်မှာ ရပ်ထားတဲ့ ကုန်တင်ကား ခြောက်ဘီးကားကို လားရာတူဘက်မှ မောင်လာတဲ့ အိမ်စီးကား ( Surf) က နောက်ကနေ ဝင်တိုက်မိပြီး ကားပေါ်ပါသူ အမျိုးသား သုံး​ယောက်လုံး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကုန်ကားက ရပ်ထားပြီး တံခါးဖွင့်ပြီး အခြေအနေကြည့် စစ်ဆေးနေပုံလို့သိရတယ် ။အဲဒါကို Surf ကားက နောက်ကနေ…

Read More

နိုင်ဂျီးရီးယားမှာ ကျောင်းသား ၂၀၀ ကျော်ကို လက်နက်ကိုင်အဖွဲ့ ပြန်ပေးဆွဲ

အဘူဂျာ၊ နိုဝင်ဘာ-၂၂-၂၀၂၅ ရတီ(VOM) နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ကက်သလစ်ကျောင်းတကျောင်းမှ ကျောင်းသား ၂၀၀ ကျော်ကို သေနတ်သမားများက ပြန်ပေးဆွဲခဲ့ပြီး ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ကျောင်းပြန်ပေးဆွဲမှုဖြစ်ပါတယ်။ နောက်ဆုံးပြန်ပေးဆွဲမှုဟာ နိုင်ဂျာပြည်နယ်၊ ပါပီရီရှိ စိန့်မေရီကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံခြုံရေးခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် ဘော်ဒါကျောင်းအားလုံးကို ယာယီပိတ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပြီးဖြစ်ပါတယ်။ မနက်အစောပိုင်းစီးနင်းမှုအတွင်း ကျောင်းသား ၂၁၅ ယောက်နဲ့ ဝန်ထမ်း ၁၂ ယောက်ကို လက်နက်ကိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ နိုင်ဂျီးရီးယားခရစ်ယာန်အသင်းက ပြောပါတယ်။ နိုင်ဂျာပြည်နယ်ရှိ အာဏာပိုင်တွေကတော့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုအန္တရာယ် မြင့်မားလာကြောင်း ထောက်လှမ်းရေး သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက် ဘော်ဒါဆောင်အားလုံးကို ပိတ်ဖို့ အမိန့်ကို ကျောင်းအာဏာပိုင်တွေက လျစ်လျူရှုခဲ့တယ်လို့ ပြောပါတယ်။ “ဝမ်းနည်းစရာကောင်းတာက စိန့်မေရီကျောင်းဟာ ပြည်နယ်အစိုးရဆီကနေ အကြောင်းကြားခြင်း ဒါမှမဟုတ် ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြန်လည်ဖွင့်လှစ်ပြီး ပညာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပြန်လည်စတင်ခဲ့တာကြောင့် ကျောင်းသားတွေနဲ့…

Read More

ပို့ကုန်ရငွေ ပြန်လည် ပေးသွင်းခြင်းမရှိတဲ့ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီး

နိုဝင်ဘာ ၂၂ – ၂၀၂၅ SS (VOM) ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ဖိုး ပြန်လည် ပေးသွင်းခြင်းမရှိတဲ့ ပဲတင်ပို့တဲ့ လုပ်ငန်းရှင်တချို့ကို ဖမ်းဆီးထားတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ နိုင်ငံတော်ကို ပို့ကုန်ရငွေ ပြန်လည် ပေးသွင်းဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းရှင် ရှစ်ယောက်ထဲက လက်ရှိမှာ Maha Nadi International ကုမ္ပဏီမှ ဒါရိုက်တာတွေဖြစ်တဲ့ ဒေါ်ခင်စန်းသီ၊ ဒေါ်မြင့်မြင့်လှိုင်၊ RK Shipping and Trading ကုမ္ပဏီ ဒါရိုက်တာ ဦးဟင်နရီခင်မောင်နဲ့ Taw Thar Gyi ကုမ္ပဏီက ဒါရိုက်တာ ဦးဗိုဗိုသန့်တို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ Maha Nadi International ကုမ္ပဏီမှ နောက်ထပ် ဒါရိုက်တာတွေဖြစ်တဲ့…

Read More
VOM News

FREE
VIEW