တိုကျို၊ နိုဝင်ဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ပြန်လည်စတင်လည်ပတ်ရေး အတည်ပြုချက်ရဖို့ နီးကပ်လာနေပြီး ဒါဟာ ၂၀၁၁ ခုနှစ် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံ ဘေးအန္တရာယ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဓါတ်အားပေးစက်ရုံကို တစိတ်တပိုင်း ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ပေးလိုက်ပြီလို့ ကာရှီဝါဇာကီ-ကာရီဝါ ဓာတ်အားပေးစက်ရုံတည်ရှိရာ နီဂါတာဒေသရဲ့ အုပ်ချုပ်ရေးမှူး ဟီဒီယို ဟာနာဇူမီက ပြောပါတယ်။ Tepco ကုမ္ပဏီကလည်ပတ်တဲ့ စက်ရုံ ပြန်လည်စတင်မယ့် အစီအစဉ်ဟာ စီရင်စုအစိုးရလွှတ်တော်နဲ့ ဂျပန်နိုင်ငံ နျူကလီးယားထိန်းညှိရေးဌာနထံမှ ခွင့်ပြုချက်ရရှိဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ နီဂါတာဒေသရဲ့ အုပ်ချုပ်ရေးမှူးက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စီရင်စုအစိုးရလွှတ်တော်မှာ ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အတည်ပြုပါက ဖူကူရှီးမားစက်ရုံ ဆူနာမီကြောင့် ပျက်စီးပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ Tepco အနေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်မှုတွေကို…
Read MoreMonth: November 2025
ပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်တို့ မန္တလေးမှာ မဲဆွယ်ပွဲစိပ်လာ
မန္တလေး ၊နိုဝင်ဘာ ၂၂-၂၀၂၅ Voice Of Myanmar အစိုးရတပ်မတော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်နဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မန္တလေးမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် မဲဆွယ်ပွဲတွေ အင်နဲ့အားနဲ့ နေရာစိပ်စိပ်လုပ်လာတာတွေ့ရပါတယ်။ ဒီနေ့နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် နန်းရှေ့ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးရမယ့်အဆင့်ဆင့်တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်တို့က သူတို့ နိုင်ရင်လုပ်ပေးမယ့် ကတိကဝတ်တွေကို ရှင်းပြခဲ့တာတွေ့ရပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦးကျော်ဆန်းနဲ့ ဦးခင်မောင်မြင့်တို့…
Read Moreပခုက္ကူမှာ ပြန်ပေးဆွဲ ငွေတောင်းခံရမှုတွေ ခပ်စိပ်စိပ် အဖြစ်များလာ
နိုဝင်ဘာ ၂၂ – ၂၀၂၅ SN (VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက ပြန်ပေးဆွဲပြီး ငွေတောင်းယူနေမှုတွေ အခုနောက်ပိုင်း ခပ်စိပ်စိပ် အဖြစ်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်မှုဇုန် လုပ်ငန်းရှင်တွေ၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ မြို့ပေါ်ကပွဲရုံတွေ၊ စတိုးဆိုင်တွေ၊ ကားလုပ်ငန်းရှင်၊ ဆီလုပ်ငန်းရှင်၊ ကုန်သည်ပွဲစားတွေအပြင် ငွေကြေးအင်အား တောင့်တင်းတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီး ငွေကြေး သိန်း ရာနဲ့ချီကစလို့ သိန်း သောင်းဂဏန်းအထိ တောင်းယူမှုတွေ ပြုလုပ်နေတာလို့ သိရပါတယ်။ “အခုနောက်ပိုင်း တရက်ကို တယောက်၊ နှစ်ယောက်နှုန်းလောက် အဖမ်းခံနေရတယ်။ မနေ့ကလည်း အသက် ၇၀ အရွယ်၊ ဂေါပကလူကြီးတယောက် အဖမ်းခံရတယ်။ သူက လုပ်ငန်းရှင်တော့ မဟုတ်ပေမယ့် နှစ်လုံးနဲ့ ချဲဒိုင်…
Read Moreလက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၃၃)
ဆူးငှက် ၁ ကြိမ် ၂ ကြိမ်ဦးနှိမ်ချလို့ ၃ ကြိမ် ၄ ကြိမ် ဦးနှိမ်ချလို့ ၅ ကြိမ် ၆ ကြိမ် ဦးနှိမ်ချလို့ ၇ ကြိမ် ၈ ကြိမ် ဦးနှိမ်ချလို့…… တဲ့။ ဣဓပါတိမောက္ခသံဝရသံဝုတောဥဘတောဝိဘင်းအလာမာတိကာဥဒ္ဒေသအားဖြင့် (၂၂၇)ပါးသော၊မဟာဝါစူဋ္ဌဝါ၊ပရိဝါပါဠိတော်အရပ်ရပ်ဆုံးဖြတ်ပိုင်းခြား၊အကျယ်အားဖြင့်ကုဋေကိုးထောင့်တစ်ရာ့ရှစ်ဆယ့်ငါးသန်းသုံးသောင်းခြောက်ထောင်များမြောင်လှစွာသောအာစာရဂေါစရနှင့်တကွ လောကစမ္မသမုဋ္ဌာန်၌ထုတ်ပြန်တော်မူအပ်သောသိက္ခာပုဒ်တော်အပေါင်းတို့ကိုထိန်းသိမ်းစောင့်ရှောက်သောဒုလ္လဘအစစ် ဖြစ်နိုင်ခဲစွာ့သာသနာ့ဝန်ထမ်းရဟန်းကောင်း၊ရဟန်းမြတ်အဖြစ်သို့ ကောင်းမွန်စွာတက်လှမ်းအောင်မြင်နိုင်ရန် ကျွန်တော်တို့ကို ဒုလ္လဘ ရဟန်းခံ ကုသိုလ်ယူ လှူဒါန်းပေးသည့် သာသနာ့ဒါယကာကြီး လူထုဦးလှ နှင့် သာသနာ့ဒါယိကာမကြီး လူထုဒေါ်အမာကိုယ်စား ဒေါ်ဒေါ့်ကို ကျွန်တော်တို့ သင်္ကန်းမစည်းမီ လူဝတ်ကြောင်ဘဝနှင့် ကန်တော့ကြတော့ ဝမ်းသာပီတိမျက်ရည် ဖြိုင်ဖြိုင်ကျမိသည်။ စာပေကျေးဇူးရှင် စာပေ့မိခင်ကြီးမို့လည်း ၃ကြိမ်မက အကြိမ်ကြိမ် ဦးချနေမိပါ၏။ မျက်ရည်ကြားက မြင်ရသော ဒေါ်ဒေါ့်မျက်နှာမှာလည်း လွမ်းဆွတ်မှုနှင့် လောကဓံအရိပ်အရောင်တွေ ပျောက်ကာ ပီတိပြုံးချည်း လွှမ်းနေတာ သတိထားမိပါသည်။ ပီတိလွှမ်းသည့် ဒေါ်ဒေါ့် မျက်နှာ..၊…
Read Moreမင်းကင်းနဲ့ မုံရွာမှာ လေကြောင်း တိုက်ခိုက်မှုတွေဖြစ်လို့ ငါးယောက်ထက်မနည်း သေဆုံး
နိုဝင်ဘာ ၂၃ – ၂၀၂၅ SS(VOM) စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ မုံရွာမြို့တို့မှာ မနေ့ နိုဝင်ဘာ ၂၂ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ငါးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး၊ လောင်းပြည့်ကျွန်း ရွှေမျော လုပ်ကွက်နေရာမှာ မနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်ကနေ စတင်ပြီး ညနေ ၄ နာရီဝန်းကျင်အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာမှာ နှစ်ယောက် သေဆုံးကာ ၁၂ ယောက်ဝန်းကျင် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်ကူညီရေး လုပ်ဆောင်ပေးနေသူက ပြောပါတယ်။ “သေဆုံးက လောလောဆယ် နှစ်ယောက် ရထားတယ်။ ဒဏ်ရာရက ၁၂ ယောက်လောက် ရှိမယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန် အဆင့်တွေလည်း ပါတယ်။ ဒီဖြစ်စဉ်မှာ ရွှေမျောဖောင်နှစ်ခု မီးလောင်ပြီး ချင်းတွင်းမြစ်ထဲ…
Read Moreစစ်ကိုင်းက ဝါးချက်ရွာမှာ တိုက်ပွဲဖြစ်ပြီး သီတဂူဝိပဿနာရိပ်သာဝင်းအတွင်း လက်နက်ကြီးတလုံးကျရောက်ပေါက်ကွဲ
စစ်ကိုင်း၊ နိုဝင်ဘာ- ၂၃- ၂၀၂၅ VOICE OF MYANMAR စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာမှာ မနေ့နိုဝင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီ ခွဲဝန်းကျင်က စလို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဝါးချက်ကျေးရွာအတွင်းက စစ်ကိုင်း- မင်းကွန်း သွားတဲ့ လမ်းမကြီးပေါ် မှာ နိုဝင်ဘာ ၂၂ ရက်နေ့ည ၉ နာရီခွဲ ဝန်းကျင်ကနေ ၁၁ နာရီ အထိ နှစ်ဘက် လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်နေစဥ်အတွင်း ဝါးချက်ကျေးရွာရဲ့ အနောက်မြောက်ဘက် စစ်ကိုင်းတောင်ခြေအနီး လက်နက်ကြီးကျည် လေးလုံးနီးပါး ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကိုင်းမြို့နယ် တောင်ဖီလာကျေးရွာနဲ့ ဆန်းသစ်ကျေးရွာကြားမှာရှိတဲ့ သီတဂူဝိပဿနာရိပ်သာအတွင်းက လက်ထောက်ဆရာတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းဆောင်ရဲ့ မြောက်ဘက်မှာ လက်နက်ကြီးကျည် တလုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဝန်းထရံကာရံထားတဲ့ သွပ်ပြားတွေ…
Read MoreMNDAA တပ်စွဲထားတဲ့ နေရာ တချို့ကနေ လောက်ကိုင်ဘက်ကို ရွှေ့ပြောင်းနေပြီလို့ သတင်း ထွက်ပေါ်နေပေမယ့် ကားတွေ ဖြတ်သန်းလာတာမျိုး မတွေ့ရ
နိုဝင်ဘာ ၂၃၊ ၂၀၂၅ Shy V (VOM) လားရှိုးမြို့နယ်အတွင်းက MNDAA တပ်စွဲထားတဲ့ နေရာ တချို့ကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကစပြီး လောက်ကိုင်ဘက် ပစ္စည်းတွေ စတင်သယ်ယူ ရွှေ့ပြောင်းနေပြီလို့ သတင်းထွက်ပေါ်နေပေမယ့် ကားတွေ ဖြတ်သန်းလာတာမျိုး မတွေ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်ပေါင်ဘက်ကနေတော့ ဘာမှာ ထူးထူးဆန်းဆန်း သယ်တာမျိုးတော့မတွေ့ရဘူး။ စစ်သားတွေတောင် ခြေလျင် ထပ်ဆင်းလာပြီး နမ္မ တောင်မဝင်ဘူး နမ့်ပေါင် ရောက်မှ ကားတွေနဲ့ ဘယ်သွားကြတာလဲ မသိဘူး။ ကားနဲ့ သွားကြတာတော့ ရှိတယ်” လို့ နမ့်ပေါင် ဒေသခံ အမျိုးသမီး တေယာက်က ပြောပါတယ်။ နမ့်ပေါင်ေဒသမှာတော့ MNDAA ဘက်ကတရုတ်လုပ်ငန်းရှင်တွေနဲ့ ဝ လုပ်ငန်းရှင်တွေ ကိုခေါ်ထည့်ပြီး ကျောက်မီးသွေးတွေ တူးနေပြီး တစ်သျှူး ငှက်ပျော စိုက်ပျိုးဖို့ ပြင်ဆင်နေတယ်လို့…
Read Moreအောင်မင်္ဂလာ အဝေးပြေးဝင်းထဲမှာ အိမ်စီးနဲ့ တက္ကစီကားတွေကို ဖမ်းဆီး ငွေတောင်းမှုတွေ ရှိနေ
နိုဝင်ဘာ ၂၃ – ၂၀၂၅ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲမှာ အိမ်စီးကားနဲ့ တက္ကစီကားတွေကို အဖွဲ့အစည်းတချို့က ဖမ်းဆီး ငွေတောင်းမှုတွေ ရှိနေတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ အောင်မင်္ဂလာ အဝေးပြေးဝင်းဟာ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတာဖြစ်ပြီး အခုလို ဖမ်းဆီးနိုင်ဖို့အတွက် စည်းကမ်းချက် သတ်မှတ်ချက် တစုံတရာ ထုတ်ပြန်ထားခြင်း မရှိဘူးလို့ သိရပါတယ်။ “ကားပါကင်ဆိုလို့ ရပ်တာ။ ကားပေါ်ကလည်း မဆင်းရသေးဘူး။ လိုင်စင် လာသိမ်းသွားတယ်။ ဘာလို့လဲမေးတော့ ကားကြီးရပ်တဲ့ နေရာတဲ့။ အမှန်ဆို ဒီမှာရပ်လို့မရဘူးပြောပြီး ထွက်ခိုင်းလို့ရတာကို။ ဂိတ် (၁) မှာ လိုင်စင်လာရွေးပါတဲ့။ သွားရွေးတော့ မရပ်ရတဲ့နေရာရပ်လို့ ငါးသောင်းနဲ့ လိုင်စင် တလပိတ်မယ်တဲ့။ မပိတ်ချင်ရင် သုံးသောင်းပေးရမယ် ဆိုလို့…
Read Moreကျားဖြူပါတီက မြောက်ဒဂုံမြို့နယ် သုံးနေရာမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တင်
နိုဝင်ဘာ ၂၃ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် သုံးနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက်ပိုင်းက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၉ နာရီမှစတင်ကာ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံမှာ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဆိုင်းဘုတ်ကိုတော့ ပင်လုံ၊ ဘေလီတံတားအဆင်းရှိ သီတဂူကျောင်းနားနဲ့ တတိယဆိုင်းဘုတ်ကိုတော့ ဗထူးလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ စိုက်ထူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျားဖြူပါတီရဲ့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သီတာရွှေက “ဒီနေ့ကတော့ ဆိုင်းဘုတ် စိုက်ထူတာကိုပဲ လုပ်တာပါ။ ကိုယ်စားလှယ်လောင်း မိတ်ဆက်တာ မပါပါဘူး။ ဒီနေ့အခမ်းအနားလေးကနေ ပြည်သူတွေကို ပြောချင်တာကတော့ ကျွန်မတို့ပါတီက…
Read Moreသူတို့အိမ် အခန်း – ၃၃
ကျွန်တော်က ကလေးပါဗျ —————————— ကျွန်တော်က ငယ်စဉ်ကတည်းက လူကောင်သေးသည်။ ပိန်လည်းပိန် ပုလည်းပုသည်။ ထို့ကြောင့် အစ်ကိုတွေ ဦးလေးတွေနှင့် ဗထူးကွင်းလိုက်လျှင် တစ်မတ်တန်း ဝင်ပေါက် ဒလက်တွင် ဘယ်တော့မှ ပိုက်ဆံမပေးဘဲ အတူလာ လူကြီးနှင့် ကပ်ဝင်ရသည်။ အတူလာသော လူကြီးက ပိန်ပိန်ပါးပါးဆို ကိစ္စမရှိ၊ ဗိုက်ပူ လူဝ ဆိုလျှင် ဒလက်မှာ အော်ရဟစ်ရ တော့သည်။ ဒလက်စောင့်ကလည်း လူကြီးနှင့် ကလေးကို ပူး၍ သွင်းရတော့ မတော် ဒလက်အထစ်ရေက ပိုသွားမှာစိုးသည်။ သည်တော့ ကပ်ဝင်တော့မည် ဆိုပါက အဝင်မခံဘဲ ဒလက်အောက်က ငုံ့၍ ဖြစ်စေ၊ ဒလက်ပေါ်က ကျော်ခွ၍ ဖြစ်စေ ဝင်ခိုင်းသည်။ ထိုအခါ ဒလက်ပေါ်က ကျော်ခွဖို့က ကိုယ့်အရပ်နှင့် မနည်းတက်ရသည်။ လူကြီးက ချိုင်းက…
Read More