နိုဝင်ဘာ ၁၈ – ၂၀၂၅ SS (VOM) နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရှေးဟောင်းလှေလို့ ယူဆရတဲ့ လှေနှစ်စင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ လှေတွေကို လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာမှ ဒေသခံ တယောက်က ပြီးခဲ့တဲ့ နိုဝင်ဘာ ဒုတိယပတ်၊ နေ့လယ် ၁ နာရီခွဲဝန်းကျင်က စတင် တွေ့ရှိခဲ့တာလို့ သိရပါတယ်။ “ရွာသား တယောက်က စတွေ့တာပါ။ တူးလို့ တွေ့တာတော့ မဟုတ်ဘူး။ ရေတိုက်စားတာကြောင့် ဖြစ်မယ်။ ရေထဲကနေ ပေါ်လာတာ။ ရှေးဟောင်း၊ ရှေးဖြစ်က လှေတွေပေါ့။ လှေတွေထိပ်မှာ မြန်မာစာနဲ့ ရေးသားထားတဲ့ စာတွေလည်း တွေ့ရတယ်။ ဒီလို လှေတွေတွေ့တာက အခုမှ မဟုတ်ဘူး။ အရင်ကလည်း တွေ့ထားတာတွေ ရှိတယ်” လို့ ဒေသခံတယောက်က…
Read MoreMonth: November 2025
တရုတ်နဲ့ ဂျပန် သံတမန်ရေးတင်းမာမှု ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့် မပြေလည်
ပေကျင်း၊ နိုဝင်ဘာ-၁၉-၂၀၂၅ ရတီ(VOM) တရုတ်နဲ့ ဂျပန်တို့အကြား ထိုင်ဝမ်အရေးကြောင့် သံတမန်ရေးရာ တင်းမာမှုတွေလျှော့ချဖို့ ပေကျင်းမှာ ဆွေးနွေးခဲ့ပေမယ့်လည်း ပြေလည်ခြင်းမရှိသေးဘဲ တင်မာမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ထိုင်ဝမ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မယ်ဆိုရင် ဂျပန်ရဲ့ ရပ်တည်ရှင်သန်ရေးကို ထိခိုက်စေတာကြောင့် စစ်ရေးအရ ဝင်စွက်ဖို့နည်းလမ်းကို ဦးတည်သွာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စကြောင့် သံတမန်ရေးရာ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ သမုဒ္ဒရာရေးရာဗျူရို အကြီးအကဲ ကာနိုင်း မာဆာအာကီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလားတူတာဝန်ယူထားတဲ့ လျူဂျင်ဆောင်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံသားတွေ ဂျပန်သို့ ခရီးသွားခြင်းမှ ရှောင်ကြဉ်ဖို့ အကြံပြုထားတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပယ်ချခဲ့ပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးမှာ ပိုမိုဆိုးရွားလာတာမရှိဘူးလို့ ဆွေးနွေးပွဲများအတွင်း ကာနိုင်းမာဆာအာကီက ပြောပါတယ်။ ဝန်ကြီးချုပ် တာကာအိချိ၏ မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အိုဆာကာရှိ…
Read Moreဂျပန် အိုအီတာမြို့ မီးလောင်မှု အိမ်ခြေ ၁၇၀ ကျော်လောင်ကျွမ်းပြီး ၁၂ နာရီကျော်ချိန်ထိ မငြှိမ်းသတ်နိုင်သေး
တိုကျို၊ နိုဝင်ဘာ-၁၉-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း အိုအီတာ စီရင်စုမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေပြီး မီးလောင်ပြီး ၁၂ နာရီကြာချိန်အထိ ငြှိမ်းသတ်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။ အိမ်ခြေ ၁၇၀ ကျော်နဲ့ အခြားအဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော် အမျိုးသားတယောက် ပျောက်ဆုံးနေတယ်လို့ စီရင်စု အာဏာပိုင်တွေက ပြောပါတယ်။ အိုအီတာမြို့၊ ဆာဂါနိုဆေးကီမှာ မီးလောင်မှုဟာ အင်္ဂါနေ့ ညနေ ၅ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့တာပါ။ မီးဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ လူနေရပ်ကွက်တခုကို လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ သစ်တောတွေကိုပါ လောင်ကျွမ်းနေပါတယ်။ အင်္ဂါနေ့ ည ၁၁ နာရီ ကျော်အထိ အိမ်ထောင်စု ၁၁၅ စုမှ လူ ၁၇၅ ယောက်ဟာ အနီးအနားရှိ ရပ်ရွာခန်းမ တခုမှာ ခိုလှုံနေကြပါတယ်။ မီးလောင်မှုဖြစ်ပွားခဲ့တဲ့…
Read Moreအိမ်ဖြူတော် ညစာစားပွဲကို ဆော်ဒီအိမ်ရှေ့မင်းသားနဲ့အတူ ခရစ္စတီယာနို ရော်နယ်ဒို တက်ရောက်
ဝါရှင်တန်၊ နိုဝင်ဘာ-၁၉-၂၀၂၅ ရတီ(VOM) စူပါစတားဘောလုံးသမား ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့အတူ အိမ်ဖြူတော် ညစာစားပွဲကို အင်္ဂနေ့ညက တက်ရောက်ခဲ့ပါတယ်။ ဆော်ဒီဘောလုံးလိဂ်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်နေတဲ့ ရော်နယ်ဒိုကို ဧည့်ခံရတာ ဂုဏ်ယူစရာလို့ အခမ်းအနားမတိုင်မီ ထရန့်က ပြောပါတယ်။ “ကျွန်တော့်သားက ရော်နယ်ဒိုရဲ့ အမာခံပရိသတ်ပါ” လို့ ထရန့်က ညစာစားပွဲမှာ ပြောပါတယ်။ ရော်နယ်ဒိုဟာ အိမ်ရှေ့မင်းသားလက်ထက်မှာ ဆော်ဒီအာရေဗျရဲ့ အားကစားနဲ့ ခရီးသွားကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကပါဝင်နေပါတယ်။ ဘင် ဆယ်လ်မန်ဟာ အားကစားနဲ့ ခရီးသွားလုပ်ငန်းအပါအဝင် အခြားနယ်ပယ်တွေကို ကွဲပြားစွာတိုးချဲ့နေပြီး ရေနံဝင်ငွေအပေါ် မှီခိုမှုကို လျှော့ချလိုပါတယ်။ ရော်နယ်ဒို အိမ်ဖြူတော်ကို လာရောက်တာဟာ ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း အမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်မှုတွေထဲက တခုဖြစ်ပါတယ်။ညစာစားပွဲကို ရော်နယ်ဒိုတက်ရောက်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူက အစောပိုင်းမှာ အတည်ပြုခဲ့ပေမယ့် ဆော်ဒီကိုယ်စားလှယ်အဖွဲ့မှာ တရားဝင်…
Read Moreရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခံရသူ အယောက် ၁၀၀ နီးပါး ရှိလာ
နိုဝင်ဘာ ၁၉ – ၂၀၂၅ SN (VOM) လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အစိုးရ တာဝန်ရှိသူတွေက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။ ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ပြောဆို ဖော်ပြချက်တွေ ရှိလာရင် အရေးယူသွားမှာပါ။…
Read Moreသရက်ချောင်းမြို့အထက်ကျောင်းက အထက်တန်းပြ ဆရာမ ၃ဦးကို လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်
နိုဝင်ဘာ ၁၉ – ၂၀၂၅ KKL(VOM) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေခံပညာအထက်ကျောင်းက ကျောင်းဆရာမ ၃ ယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပညာရေးအသိုင်းအဝိုင်း ကနေ သိရပါတယ်။ ”ဆရာမတွေက ရွေးကောက်ပွဲကိစွတာဝန်နဲ့ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ကိုမော်တော်ယာဉ် တစီးနဲ့ နိုဝင်ဘာ ၁၆ ရက်က ထွက်လာရင်း အဖမ်းခေါ်ခံရတာ။ သင်းကျွန်း ကျေးရွာအနီးမှာ ဖမ်းခေါ်ခံရတာ။ ဘယ်အဖွဲ့က ဖမ်းတာလည်းဆိုတာ မသိရသေးပါဘူး”လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းခေါ်ခံရတဲ့ ဆရာမ ၃ ယောက်ဟာ သရက်ချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းက အထက်တန်းပြဆရာမတွေဖြစ်တဲ့ ပန်းတောရပ်ကွက်က ဒေါ်မီမီချို၊ မြို့မရပ်ကွက်က ဒေါ်ဆုဝါလှိုင်နဲ့ ဒေါ်ဆင့်ဆင့်စိုးတို့ ဖြစ်တယ်လို့ သိရပါတယ်။ ”သင်းကျွန်းကျေးရွာအနီးအရောက်မှာ လက်နက်ကိုင်တွေက မော်တော်ယာဉ်ကို တားဆီးရပ်တန့်ခိုင်းပြီးဖမ်းဆီးခေါ်သွားတာပါ။သက်ဆိုင်ရာက လိုအပ်တာတွေကို စစ်ဆေးဆောင်ရွက်နေပါတယ်။”လို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဆရာမတွေဟာ ဒီနေ့…
Read Moreသီပေါတံတား ပိတ်ထားဆဲဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့အပြင် ကုန်ကျစရိတ် နှစ်ဆကျော်များလို့ ခရီးသွားတွေ အခက်ကြုံ
နိုဝင်ဘာ ၁၉၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိက ကုန်သွယ်ရာ လမ်းမပေါ်ရှိ သီပေါ တံတား ဒီနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ ပိတ်ထားဆဲ ဖြစ်ပြီး လမ်းခရီး ညအိပ်ရတဲ့ အပြင် ကုန်ကျစရိတ် နှစ်ဆ အထက်များလို့ ခရီးသွားတွေ အခက်ကြုံနေကြရကြောင်း ခရီးသွားတွေဆီက သိရပါတယ်။ “သီပေါလမ်း မဖွင့်သေးပါဘူး။ နောင်ချို – ကျောက်ဂူ – နမ့်လန် လမ်းလည်း ထပ်ပိတ်သွားတယ်လို့ သိရတယ်။ ဇက်ကူးတဲ့ လူတွေကလည်း ၆ နာရီ အနည်းဆုံး စောင့်ရပါတယ်။ ည အိပ်စောင့် ရတဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။” လို့ ခရီးသွား အမျိုးသား တယောက်က ပြောပါတယ်။ မန္တလေးကနေ မူဆယ်ကိုလာမယ်ဆိုရင် မန္တလေး – ကျောက်ဆည်…
Read Moreတိုက်ပွဲဖြစ်မှာ စိုးရိမ်တဲ့အတွက် မိုးကုတ်မြို့ခံအများအပြား မြို့ကို စွန့်ခွာနေ
နိုဝင်ဘာ ၁၉၊ ၂၀၂၅။ NN(VOM) မိုးကုတ်မြို့ကို အစိုးရတပ်က TNLA တပ်ဖွဲ့ထံကနေ လွှဲယူချိန် PDFs တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲ ဖြစ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေ အလုံးရင်းနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ မိုးကုတ်မြို့ခံအများစုဟာ အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ၊ ကုန်တင်ကား တွေနဲ့ မဘိမ်း၊ နမ့်ဆန်၊ မန္တလေးမြို့တွေဘက်ကို ရွှေ့ပြောင်းနေကြပြီး မြို့အတွင်းမှာတော့ အိမ်စောင့် အနည်းငယ်သာ ကျန်ခဲ့တယ်လို့ မိုးကုတ်မြို့ ခံတွေ ထံက သိရပါတယ်။ “ပလောင်အဖွဲ့က ပြန်ပေးမယ်။ ကျန်တဲ့အဖွဲ့က ပြန်မပေးဘူးနဲ့ ရှုပ်နေတာ။ အခု စစ်တပ်က ပြန်ရောက်လာရင် တိုက်ပွဲက ဖြစ်လာနိုင်တယ်။ မြို့ခံတွေက ကြောက်တော့ ကြိုရှောင်ထားလိုက်တဲ့ သဘောပါ” ဟု မိုးကုတ်မြို့ခံ အမျိုးသားတယောက်ကပြောပါတယ်။ အထူးသဖြင့် ရှောင်ကြတဲ့အထဲမှာ CDM ဝန်ထမ်းတွေအပြင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်သူတွေက အထူးစိုးရိမ်ပြီး…
Read Moreဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံမှ တောင်ကိုရီးယားအလုပ်သမား ၃၀၀ ကိုဖမ်းဆီးမှု အိမ်ဖြူတော်တောင်းပန်
ဆိုးလ်၊ နိုဝင်ဘာ -၁၉-၂၀၂၅ ရတီ(VOM) အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ိဒိုင်းကုမ္ပဏီရဲ့ စက်ရုံတရုံတွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဖုန်းဆက်တောင်းပန်ခဲ့တယ်လို့ ဟွန်ဒိုင်းအမှုဆောင်အရာရှိချုပ် မူနော့ဇ် က ပြောပါတယ်။ ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သူ့ထံ ဖုန်းဆက်ပြီး “ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါက ပြည်နယ်တရားစီရင်ပိုင်ခွင့်မဟုတ်ဘူး” လို့ ပြောကြားခဲ့ကြောင်း စင်ကာပူမှာ ကျင်းပတဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ညီလာခံတခုမှာ မစ္စတာ မူနော့ဇ်က ပြောပါတယ်။ ဟွန်ဒိုင်းနဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီကြီး LG တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဂျော်ဂျီယာရှိ ဘက်ထရီစက်ရုံတရုံမှာ စက်တင်ဘာလအတွင်းက တောင်ကိုရီးယား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ စီးနင်းမှုအတွင်း တာဝန်ရှိသူတွေဟာ အလုပ်သမားတွေရဲ့ ခြေထောက်တွေကိုပါ ချည်နှောင်ထားပြီး စက်ရုံကြမ်းပြင်တွေပေါ်မှာ အတင်းအကြပ်ထိုင်ခိုင်းခဲ့တာတွေကြောင့် တောင်ကိုရီးယားဘက်က အမျက်ဒေါသထွက်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး…
Read Moreသူတို့အိမ် အခန်း – ၃၂
ဧည့်မျှော်၊ ဧည့်မျှောင် —————————– ငယ်ငယ်က အိမ်ကို ဧည့်သည်လာလျှင် ပျော်သည်။ ရေစက်ရုံကြီးနားက ဒေါ်ဒေါ်လုံးတို့၊ အဒေါ်ဒေါ်မြသောင်းနှင့် သမီး မမမြချိန်တို့၊ ကျုံးထောင့်က ဒေါ်ဒေါ်လှရင်တို့၊ ဘုတလင်က ဒေါ်ကြီးဒေါ်စောယုတို့ လာလျှင် အိမ်က ဒန်ချိုင့်လေးဆွဲပြီး အိမ်တော်ရာ ဘုရား အနောက်မုခ် မဟူရာဇရပ်ကြီးဘေးမှာ မလိုင်ပေါက်စီ သွားဝယ်ရသည်။ ကလေးတစ်ယောက် အပြေးအလွှား ချွေးသံတရွှဲရွှဲနှင့် သွားဝယ်ပေးသော မလိုင်ပေါက်စီကို အဘယ်ကဲ့သို့သော ဧည့်သည်သည် အကုန်လုံး စားပစ်ရက်ပါမည်နည်း။ (ဧည့်သည်မျိုမကျအောင် ကျွန်တော်ကလည်း ဧည့်သည်အနား ထိုင်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေတာလည်း ပါမည်။) ဧည့်သည်က မလိုင်ပေါက်စီကို တစ်ဝက်လောက်သာ စားပြီး “အိမ်ကလည်း ကာဖီတွေ သောက်လာလို့ မုန့်က မကုန်တော့ဘူး၊ ရော့ ရော့… ကျန်တဲ့တစ်ဝက် မင်းစားလိုက်တော့…” ဟူ၍ မလိုင်ပေါက်စီ ပန်းကန်…
Read More