အင်းတကော်က ၁၁ နှစ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူကို ထောင် ၂၅ နှစ်ချ

ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) ပဲခူးတိုင်း ၊ အင်းတကော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ တရားခံကို ပဲခူးခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ် ။ တရားခံဖြစ်သူ နိုင်နိုင်(ခ)နိုင်လင်းဝေ ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ပဲခူးခရိုင် တရားရုံးက ဒီဇင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ – ၃၇၆ (၃)အရ အလုပ် နဲ့ ထောင်ဒဏ်နှစ် ၂ဝ ၊ ရာဇသတ်ကြီးပုဒ်မ – ၃၇၇ အရ အလုပ် နဲ့ ထောင်ဒဏ် ၅ နှစ် ကျခံဖို့ အမိန့် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ထောင်ဒဏ်…

Read More

စဉ့်ကိုင်မှာ ဘုရားတည်ဖို့အတွက် ရက်ရွေးသွားသူတွေကား နဲ့ ရထားတို့ တိုက်မိပြီး သုံးယောက်သေ

ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ပတ္တာရွာအနီးမှာ အိမ်စီးကား နဲ့ ရထား တိုက်မိပြီး သုံးယောက် သေဆုံးကာ နှစ်ပြင်းထန် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။ ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က စဉ့်ကိုင်မြို့နယ်၊ ပတ္တာရွာအနီးက ရန်ကုန်-မန္တလေး ရထားလမ်းကို ဖြတ်ကူးစဥ် ရထားနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ကြောင်း ၊ အိမ်စီးကား စီးနင်းလာသူတွေဟာ ဘုရားတည်ဖို့အတွက် ရက်ရွေးဖို့ သွားရာမှာ ခုလို ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတာက မိသားစုဝင်တွေပဲ ။ အမျိုးသား တယောက် ၊ အမျိုးသမီး နှစ်ယောက်ပါ ။ ငါးယောက်မှာ နှစ်ယောက်က…

Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ဆက်ပေးမယ်လို့ နေတိုးအဖွဲ့ပြော

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၄-၂၀၂၅ ရတီ(VOM) နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီပေးတွေ ဆက်ပေးမယ်လို့ ထပ်မံအတည်ပြုလိုက်ပါတယ်။ အမေရိကန်ဦးဆောင်နေတဲ့ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို အထူးကြိုဆိုတယ်လို့ မာ့ခ်ရူတီက ပြောပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ဒီအစီအစဉ် အောင်မြင်မှုကို အာမမခံနိုင်သေးဘူးလို့ ဆိုပါတယ်။ ပဋိပက္ခကို ဖြေရှင်းဖို့ အတွက်အရေးကြီးပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုကို ထောက်ခံပေမယ့် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ယူကရိန်းအပေါ် ယူကရိန်းအပေါ် စစ်ရေးအကူအညီတွေ ပေးမယ့် ကတိကဝတ်ကို နေတိုးအဖွဲ့အနေနဲ့ ယိမ်းယိုင်မှာမဟုတ်ဘူးလို့ မာ့ခ်ရူတီက ပြောပါတယ်။ ရုရှားအပေါ် ဖိအားပိုမိုလိုအပ်ကြောင်း သူက အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် အမေရိကန်လက်နက်တွေ ဝယ်ယူခွင့်ပြုတဲ့ အစီအစဉ်တခုကို နေတိုးက အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တို့လည်း ကြိုးပမ်းမှုမှာ ပါဝင်မယ်လို့ ပြောပါတယ်။ နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ…

Read More

ရေဘေးသင့်နေတဲ့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာမှား မိုးဆက်လက်ရွာသွန်းမယ်လို့ သတိပေး

ဂျကာတာ၊ ဒီဇင်ဘာ-၄-၂၀၂၅ ရတီ(VOM) အရှေ့တောင်အာရှ နိုင်ငံလေးနိုင်ငံမှာ လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီးနောက် မိုးရွာသွန်းမှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွေကြောင့် ရေကြီးရေလျှံမှုဒဏ်ခံနေရတဲ့ အင်ဒိုနီးရှားနဲ့ သီရိလင်္ကာတို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုများပြားလာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ အင်ဒိုနီးရှားမှာ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ အလယ်အလတ်မှ ပြင်းထန်တဲ့ မိုးရွားသွန်းမှုတွေ ဖြစ်လာမယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုတွေ စတင်နေပေမယ့် ပြီးခဲ့တဲ့ အပတ်က ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်စေလောက်တဲ့အထိ မဆိုးရွားသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ယခင်ရေဘေးကြောင့် ကြာသပတေးနေ့အထိ သေဆုံးသူဦးရေမှာ ၇၇၆ ယောက်ရှိပြီး ဝေးလံခေါင်သီပြီး လက်လှမ်းမမီတဲ့ ဒေသတွေရှိ ဒေသခံတွေဟာ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေဆဲဖြစ်ပါတယ်။လူ ၅၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်ကြုံနေပါတယ်။ “ပြီးခဲ့တဲ့ အပတ်က ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့်…

Read More

ကျောင်းပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ဒီဇင်ဘာလကစပြီး သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံပေးမယ်

ဒီဇင်ဘာ ၄ ၊ ၂၀၂၅ GG (VOM) သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ​​ကျောင်း​​ပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ယခုဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ ယခု စီမံချက်နဲ့ ထိုးနှံပေးမယ့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးက တကြိမ်တည်းသာ ထိုးနှံရမှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကို အဓိကဖြစ်စေနိုင်တဲ့ လိင်အင်္ဂါကြွက်နို့ရောဂါပိုးအမျိုးအစား (၆/၁၁/၁၆/၁၈) တို့ကို ကာကွယ်ပေးနိုင် တယ်လို့ သိရပါတယ်။ ” ကာကွယ်ဆေးက စီမံချက်နဲ့ဆိုတော့ ရက်က ဒေသအလိုက် သူ့ရက်နဲ့သူပဲ ။ အဲဒီရက်အတွင်းမှာတော့ လာထိုးဖို့ လိုပါတယ် ။ ဒီကာကွယ်ဆေးက ထိုးသင့်ပါတယ်။.မိန်းကလေးတွေ ထိုးဖို့လည်း လိုအပ်ပါတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါက အသက်ဆုံးရှုံးမှုရှိပါတယ်။ အခမဲ့ ထိုးပေးတာ ဖြစ်လို့ ကလေးမိဘတွေ…

Read More

ငရုတ်သီးကို ဓာတ်ခွဲစစ်ဆေးပြီး မှိုနဲ့အဆိပ်ဓာတ်ကြွင်း ကင်းရှင်းမှသာ ထိုင်းကိုတင်ပို့ခွင့်ရရှိမယ်

ဒီဇင်ဘာ ၄ ၊ ၂၀၂၅ CC (VOM) ထိုင်းနိုင်ငံကို ငရုတ်သီး (အခြောက်) နဲ့ ငရုတ်သီး ( အစို) တင်ပို့မယ်ဆိုပါက တင်ပို့မယ့် ငရုတ်သီးကို စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးပြီးမှသာ တင်ပို့ခွင့် ရရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ် ။ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်) မှ ISO 17025 လက်မှတ်ရရှိတဲ့ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေးဓာတ်ခွဲခန်းကို ပေးပို့ပြီး ပိုးသတ်ဆေး ၊ ပေါင်းသတ်ဆေး နဲ့ မှိုအဆိပ်ဓာတ်ကြွင်း ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရမှသာ ငရုတ်သီးကို တင်ပို့ခွင့် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” စိုက်ပျိုးရေးထုတ်ကုန် ဓာတ်ခွဲခန်းတွေရှိပါတယ် ။ အဲဒီကို ပို့ပြီး စစ်ဆေးရမှာပါ ။ ကိုယ်တင်ပို့မယ့် ငရုတ်သီးမှာ ပိုးသတ်ဆေး ကျန်မကျန် စစ်ရတာမျိုးပါ ။ စစ်ရတာ…

Read More
VOM News

FREE
VIEW