ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ဟာသဗီဒီယိုတွေကြောင့် Tiktok ဆယ်လီ ဧရာဝတီမ အဖြစ် လူသိများတဲ့ LGBT အမျိုးသား တယောက်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပစ္စည်းတွေ လုယက်ခံရပြီး လူပါသတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆယ်လီ ဧရာဝတီမ ဆိုသူ LGBT ကိုတင်ဇော်ထွေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ၊ ည ၁၁ နာရီ ၃၀ လောက်ကတည်းက နေအိမ်ကနေထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက် သွားရာကနေ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာတော့ အသတ်ခံရကြောင်း အလောင်းကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။ ” မယ်တောင် ဖာ့ထောင်းထိပ် လူသတ်မှု ဖြစ်တာပါ ။ အလောင်းတွေ့တော့ ဘောင်းဘီလဲ ကျွတ်နေတယ် ။ သူမသေခင်မှာ အဓမ္မကျင့်ခံခဲ့ရတဲ့ ပုံလို့…
Read MoreDay: January 21, 2026
ထိုင်းရောက် မြန်မာတွေဆီက ဘတ်ငွေ သိန်းနဲ့ချီပြီး စည်သူပလပ်ကျွတ်လိမ်နေ
ဇန်နဝါရီ ၂၀ – ၂၀၂၆ SN (VOM) အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သိန်းနဲ့ချီ လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည်ခံရသူတွေက ပြောပါတယ်။ ပန်းရောင်ကတ် ပြုလုပ်ပေးဖို့အတွက် စည်သူပလပ်ကျွတ်က ထိုင်းရောက် မြန်မာအလုပ်သမား လူဦးရေ ၁၀၀၀ ကျော်ဆီက အခကြေးငွေတွေ ကြိုတင် ကောက်ခံထားပြီး ရှောင်ပြေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လူသစ် ဘတ်ရိုက်တဲ့ ကိစ္စအတွက် ကြိုပေးထားရတဲ့ ငွေတွေပါ။ အဲဒီ ပိုက်ဆံတွေက ကျွန်တော်တို့ အလုပ်ကြမ်းလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေပါ။ အခုထိသူနဲ့ အဆက်အသွယ်လည်း မရသေးဘူး။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကိုလည်း မတွေ့ရတော့ဘူး” လို့ ငွေကြေး လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။ အဲဒီ ငွေကြေးတွေဟာ ထိုင်းရောက် အလုပ်သမားတွေအနေနဲ့…
Read Moreပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်လာလို့ စစ်ရှောင်ကျေးရွာတွေများလာ
ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေ များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် လက်ရှိမှာ ပဲနွယ်ကုန်းမြို့ အနီးတဝိုက်မှာရှိတဲ့ ကြိမ်ခါးကုန်း ၊ အင်ကုန်း ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ အပြင် မအူပင်ရွာ ၊ လှေဒုံး ၊ သဖန်းပင် ၊ ငတိုးခင်ရွာ ၊ သစ်ဖြူဆိတ် ၊ ညောင်ဝိုင်းရွာ တွေက ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ၊ မနက် ၁၂ နာရီလောက်အထိ အဆိုပါ ကျေးရွာတွေဘက်မှာ လက်နက်ကြီး လက်နက်ငယ်…
Read Moreမြန်မာ့ရွေးကောက်ပွဲ အာဆီယံ မထောက်ခံဘူးလို့ မလေးရှားပြော၊ ရလဒ်အပေါ် တုံ့ပြန်ဖို့ ဖိလစ်ပိုင်မှာ ဆွေးနွေးမယ်
ဘန်ကောက်၊ ဇန်နဝါရီ-၂၀-၂၀၂၆ မျိုးဆက်(VOM) မြန်မာ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖိလစ်ပိုင်မှာ ယခုလကုန်ပိုင်းအတွင်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကျင်းပနေတဲ့ လက်ရှိရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို စေလွှတ်ခဲ့တာမျိုးမရှိပေမယ့် ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံအချို့ကတော့ သီးခြားအစီအစဉ်နဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ အစပြုရာနဲ့ နိုင်ငံရေးအားအင်းစုတွေအကြား နိုင်ငံရေးဆွေးနွေးပွဲတွေကို မြှင့်တင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့ရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြု စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ငြင်းပယ်ခဲ့သလို ဒါကြောင့်လည်း ရွေးကောက်ပွဲကို ထောက်ခံတာမဟုတ်ခဲ့ကြောင်း ပြောပါတယ်။ “အာဆီယံက စောင့်ကြည့်သူ မစေလွှတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ၊ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲတွေကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး” လို့ မလေးရှားနဲ့…
Read Moreဟင်္သာတက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တသက် ချမှတ်
ဇန်နဝါရီ ၂၀ – ၂၀၂၆ SS (VOM) အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်နေ တရားခံ မြသန်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ သင်္သာတခရိုင် တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အသက် (၇၃) နှစ်အရွယ် တရားခံ မြသန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ အသက် ၁၂ အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “အမှုဖြစ်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာဖြစ်တာ။ တရားခံနဲ့ နစ်နာသူက တအိမ်တည်းအတူ နေကြတဲ့သူတွေ။ ဒီကလေးက တရားခံရဲ့ အမျိုးသမီးဘက်က…
Read Moreကသာမှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် မြို့ပေါ်ကျောင်းတခု ပြန်ဖွင့်ပြီး တနယ်လုံးက ကျောင်းသားအကုန်ပေါင်း သင်ကြားပေးမယ်
ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကသာမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေဆဲဖြစ်ပေမယ့်လည်း အခြေခံပညာကျောင်း စာမေးပွဲတွေ နီးကပ်လာတဲ့အတွက် မြို့ပေါ်က အမှတ် ၃ အထက်တန်းကျောင်းကို ဒီနေ့ ဇန်နဝါရီ ၂၀ မှာ တာဝန်ရှိသူတွေက ပြန်လည် ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံဆီကသိရပါတယ်။ အဆိုပါ အ.ထ.က ၃ မှာ ကသာမြို့နယ်တခုလုံးရှိ ကျောင်းသားကျောင်းသူ အားလုံးပေါင်းပြီး တက်ရောက် စာသင်ကြားခွင့် ပြုထားတယ်လို့ သိရပါတယ်။ ” ကျောင်းက ဒီနေ့စဖွင့်တယ် ။တမြို့နယ်လုံးက ကျောင်း သားတွေအတွက် ဒီတကျောင်းစဖွင့်တာ ။ အကုန်တက်ခွင့်ပြုတာ ။ကျောင်းက မြို့ထဲက ကျောင်းပါ ။ တနယ်လုံး အကုန်ပေါင်းတက်ရမှာပါ ။ အခုလောလောဆယ်တော့ မြို့ထဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေပဲ တက်နေကြပါတယ် ။ ”…
Read Moreနိုင်ဂျီးရီးယားမှာ ဘုရားကျောင်းတက်သူ ၁၆၀ ကျော်ကို သေနတ်သမားတွေ ပြန်ပေးဆွဲ
အဘူဂျာ၊ ဇန်နဝါရီ-၂၀-၂၀၂၆ ရတီ(VOM) နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်ရှိ ဘုရားကျောင်းနှစ်ခုမှာ တက်ရောက်လာသူ ဒါဇင်ပေါင်းများစွာကို လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ တနင်္ဂနွေဝတ်ပြုချိန်အတွင်း သေနတ်သမားတွေက ဝတ်ပြုသူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း အကြီးတန်းဘုရားကျောင်းခေါင်းဆောင်တယောက်က အတည်ပြုပါတယ်။ ဒါဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပြန်ပေးမှုလည်း ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဓားပြတွေလို့ လူသိများတံ့ ဂိုဏ်းတွေဟာ ပြန်ပေးငွေရရှိဖို့အတွက် နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အခုလိုတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုမှာတော့ သေနတ်သမားတွေဟာ ခေတ်မီလက်နက်တွေကို ကိုင်ဆောင်ထားပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၅ မိနစ်မှာ ကာမင်ဝါလီရှိ ဘုရားကျောင်းနှစ်ခုထဲကို ဝင်ရောက်ပြန်ပေးဆွဲခဲ့တာပါ။ ဝတ်ပြုသူ ၁၇၂ ယောက် ပြန်ပေးဆွဲခံရပြီး ကိုးယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဘုရားကျောင်း အကြီးအကဲက…
Read Moreတောင်ကြီးမှာ အဆောင်နေကျောင်းသူကို အဓမ္မကျင့်မှုဖြင့် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားကို ဖမ်းဆီးထားပြီး ကျောင်းကိုချိတ်ပိတ်
ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး တက်ရောက်နေတဲ့ G 12 ကျောင်းသူကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးက ခြိမ်းခြောက် ၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးကို တောင်ကြီးရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းသူလေးကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ ကျောင်းပိုင်ရှင်ရဲ့သားဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေတဲ့ ကျောင်းဆရာ တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းကို ချိတ်ပိတ်လိုက်ပြီ ။ ချိတ်မပိတ်သေးခင်ကတော့ အဲဒီဖြစ်စဥ်ကြားပြီး ကလေးတွေကို ပြန်ခေါ်တာတွေလည်းရှိတယ်။ အခုတော့ ပိတ်သွားပြီ ။ ကျူးလွန်တဲ့ ဆရာကိုလည်း…
Read Moreဗန်းမောက် မြို့တဝက်ကို အစိုးရတပ် ပြန်သိမ်း၊ တိုက်ပွဲ ဆက်ဖြစ်နေ
ဇန်နဝါရီ ၂၀ – ၂၀၂၆ SN (VOM) ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ဗန်းမောက်မြို့ တဝက်ခန့်ကို အစိုးရတပ်နဲ့ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီးမြို့ကို ပေးလိုက်ရပြီးနောက် တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစိုးရတပ်နဲ့ SNA တပ်တွေက မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အလုံးစုံ ပြန်လည် ရယူနိုင်ဖို့အတွက် အင်အား…
Read Moreဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာ
တိုကျို၊ ဇန်နဝါရီ-၂၀-၂၀၂၆ မျိုးဆက်(VOM) ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့နေ့က ထုတ်ဖော် ကြေညာလိုက်ပါတယ်။ “ဇန်နဝါရီ ၂၃ ရက်မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် မဲဆွယ်စည်းရုံးရေးတွေ စတင်မှုကို ဇန်နဝါရီ ၂၇ ရက်၊ မဲပေးတာနဲ့ မဲ ရေတွက်တာတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် “လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ခေါင်းဆောင်ပြောင်းလဲမှုတွေ မကြာခဏရှိနေပေမယ့် ဆယ်စုနှစ်များစွာ အဓိကပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ တာကာချိကို အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူမရဲ့ပါတီကို လူကြိုက်မှုတွေ ကျဆင်းနေပေမယ့် မဲရလဒ်တွေကတော့ မြင့်မားစွာရှိနေပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းမိတ်ဖက် Japan Innovation Party (JIP)…
Read More