ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာ

တိုကျို၊ ဇန်နဝါရီ-၂၀-၂၀၂၆
မျိုးဆက်(VOM)
ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့နေ့က ထုတ်ဖော်‌ ကြေညာလိုက်ပါတယ်။
“ဇန်နဝါရီ ၂၃ ရက်မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် မဲဆွယ်စည်းရုံးရေးတွေ စတင်မှုကို ဇန်နဝါရီ ၂၇ ရက်၊ မဲပေးတာနဲ့ မဲ ရေတွက်တာတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် “လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ခေါင်းဆောင်ပြောင်းလဲမှုတွေ မကြာခဏရှိနေပေမယ့် ဆယ်စုနှစ်များစွာ အဓိကပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ တာကာချိကို အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူမရဲ့ပါတီကို လူကြိုက်မှုတွေ ကျဆင်းနေပေမယ့် မဲရလဒ်တွေကတော့ မြင့်မားစွာရှိနေပါတယ်။
ဒါပေမယ့် ညွန့်ပေါင်းမိတ်ဖက် Japan Innovation Party (JIP) ပါဝင်တဲ့ သူမရဲ့ အာဏာရညွှန့်ပေါင်းအဖွဲ့ဟာ ဩဇာကြီးမားတဲ့ အောက်လွှတ်တော်မှာ အများစုနေရာကို များစွာကွာဟခြင်းမရှိပါဘူး။ ဒါဟာ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ ကာကွယ်ရေးဘတ်ဂျက်ကို မြှင့်တင်တာအပါအဝင် သူမရဲ့ မူဝါဒအစီအစဉ်တွေ အတည်ပြုခြင်းအတွက် အဟန့်အတား ဖြစ်စေပါတယ်။
“လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အောက်လွှတ်တော်မှာ အများစုနေရာရရှိပါက အခြားပါတီတွေနဲ့ ညှိနှိုင်းမှုမရှိဘဲ မူဝါဒများချမှတ်ရာမှာ အထောက်အကူဖြစ်စေလိမ့်မယ် ” လို့ တိုကျိုတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ Sadafumi Kawato က ပြောပါတယ်။
တကာချီရဲ့ အစိုးရအဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဧပြီလမှစတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ယန်း ၁၂၂.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၆၈ ဘီလီယံ) ဘတ်ဂျက်ကို အတည်ပြုခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ဖြေရှင်းဖို့နဲ့ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးကို မြှင့်တင်ဖို့ လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို အမြန်ဆုံးရယူဖို့ ကတိပြုထားပါတယ်။
Ref:CNA
Photo: Reuters

Related posts

Leave a Comment

VOM News

FREE
VIEW