နေပြည်တော်မှာ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ် ၊ပစ္စည်းလုယက်ခဲ့ တဲ့ တရားခံနှစ်ယောက်ကို သေဒဏ်အပြင် ထောင်နှစ် ၇၀ ချ

ဇန်နဝါရီ ၃၀ ၊ ၂၀၂၆ GG (VOM) နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ပစ္စည်းလုယက်တဲ့ တရားခံ နှစ် ယောက်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် သေဒဏ်အပြင် ထောင်နှစ် ၇၀ ပါ ကျခံဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ လူသတ် ၊ အဓမ္မကျင့်ကာ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံနှစ်ယောက်ဟာ သိန်းဇော် (ခ) ကိုသိန်း နဲ့သောင်းဝင်းအောင် (ခ) ချစ်ဖူးတို့ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်စေရန် (သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ်နှစ် (၂၀)(နှစ်နှစ်ဆယ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ်နှစ် (၂၀) ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ…

Read More

ထီးချိုင့်မြို့မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေ

ဇန်နဝါရီ ၃၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေပြီး ဧရာဝတီတံတားအနီးနဲ့ မြို့ပေါ်နေရာတချို့မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ​မြေပြင်စစ်​ရေးသတင်းအ​ခြေအ​နေသိသူက​ပြောပါ်တယ်။ ထီးချိုင့်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်မှ စတင်ကာ ဒေသတွင်း လက်နက်ကိုင် ပူးပေါင်းတပ်တွေက အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “ထီးချိုင့်မှာ တိုက်ပွဲမဖြစ်တာ တနှစ်ကျော်ကြာပြီ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကမှ ပြန်ဖြစ်နေတာ။ လက်နက်ကိုင် တပ်တွေက ဧရာဝတီတံတား ဝန်းကျင်နဲ့ မြို့ပေါ်ကို အဓိက တိုက်နေတာပေါ့။ အရပ်သားတွေကိုလည်း ရှောင်ခိုင်းထားတယ်။ အသေးစိတ် အခြေအနေကိုတော့ လုံခြုံရေး အခြေအနေအရ ပြောလို့မရသေးဘူး” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ လက်ရှိမှာတော့…

Read More

မော်လူးဒေသ လေကြောင်း တိုက်ခိုက်ခံရမှု ရှစ်ယောက် သေဆုံး

ဇန်နဝါရီ ၃၀ – ၂၀၂၆ SS (VOM) ‌စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာ မနေ့ ဇန်နဝါရီ ၂၉ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မော်လူးဒေသ လေဘိုကျေးရွာမှာ မနေ့ ည ၉ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ် နှစ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့က လေယာဉ်က နေ့လယ်ပိုင်းမှာ တကြိမ်ကြဲသေးတယ်။ အဲဒီမှာ လူအထိအခိုက် မရှိဘူး။ ညပိုင်းကျမှ လူထိတာ။ ခုနောက်ပိုင်း မော်လူးမှာ လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လက်ရှိမှာတော့ လေဘိုကျေးရွာက ဒေသခံတွေ အပါအဝင် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို…

Read More

သူတို့အိမ် အခန်း – ၄၄

ဆူးငှက် သင်္ဘောတန်းက ဖိနပ်ကုန်ထုတ်မှာ ————————————- သီရီဟေမာအနောက် ပုလိုင်းရပ်ကွက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော လုပ်သားစုပေါင်း ဖိနပ်လုပ်ငန်းသည် ၁၉၇၂ ခုနှစ်တွင် လုပ်အားတံဆိပ် ဖိနပ်ကုန်ထုတ် သမဝါယမအသင်းအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး သီရီမာလာအရှေ့ သင်္ဘောတန်း ရပ်ကွက်သို့ ပြောင်းရွေ့ခဲ့ပါပြီ။ အသင်း၏ လုပ်ငန်းနှင့် အတူ သက်သာ လက်ဖက်ရည်ဆိုင်လေးလည်း အတူ ပြောင်းရွှေ့ ခဲ့သည်။ စနေလို အားသည့် ရက်မှာ လက်ဖက်ရည်သောက်ရန် ကျွန်တော်တို့လည်း ပုလိုင်းရပ်ကွက်မဟုတ်တော့ဘဲ သင်္ဘောတန်းသို့ ခြေဦး လှည့်ရတော့သည်။ အခုနေရာက အိမ်နှင့် ပို၍ နီးကာ မိကျောင်းတံတားအတိုင်း တည့်တည့်ထွက်ပြီး ၂၆ဘီလမ်းကျော်ရုံနှင့် ရောက်ပါပြီ။ အလွန်ဆုံးရှိ ၅ပြ ၆ပြပေါ့။ ထိုဆိုင်ကို နောက်လူတို့က ဖိနပ်ကုန်ထုတ် ဟု ခေါ်ကြသော်လည်း ကျွန်တော်တို့ကတော့ လုပ်သားဆိုင်ဟုသာ နှုတ်ကျိုးနေပါပြီ။ ထို့ပြင် သမဝါယမသို့ အကူးအပြောင်း၌ နှုတ်ထွက်သွားကြသူများတွင်…

Read More
VOM News

FREE
VIEW