တောင်ကြီးမှာ အဆောင်နေကျောင်းသူကို အဓမ္မကျင့်မှုဖြင့် အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားကို ဖမ်းဆီးထားပြီး ကျောင်းကိုချိတ်ပိတ်

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး တက်ရောက်နေတဲ့ G 12 ကျောင်းသူကို ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးက ခြိမ်းခြောက် ၊ ရိုက်နှက်ပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ အောင်မြေသစ်ကိုယ်ပိုင်ကျောင်းပိုင်ရှင်ရဲ့သားဖြစ်သူ ဇာနည်သွေးကို တောင်ကြီးရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ထားသလို ကျောင်းကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ သိရပါတယ်။ ကျောင်းသူလေးကို အဓမ္မကျင့်ခဲ့တယ်ဆိုတဲ့ ကျောင်းပိုင်ရှင်ရဲ့သားဟာ အဲဒီကျောင်းမှာပဲ စာသင်ကြားနေတဲ့ ကျောင်းဆရာ တယောက်လည်း ဖြစ်တယ်လို့ သိရပါတယ် ။ ” ကျောင်းကို ချိတ်ပိတ်လိုက်ပြီ ။ ချိတ်မပိတ်သေးခင်ကတော့ အဲဒီဖြစ်စဥ်ကြားပြီး ကလေးတွေကို ပြန်ခေါ်တာတွေလည်းရှိတယ်။ အခုတော့ ပိတ်သွားပြီ ။ ကျူးလွန်တဲ့ ဆရာကိုလည်း…

Read More

ဗန်းမောက် မြို့တဝက်ကို အစိုးရတပ် ပြန်သိမ်း၊ တိုက်ပွဲ ဆက်ဖြစ်နေ

ဇန်နဝါရီ ၂၀ – ၂၀၂၆ SN (VOM) ဒေသတွင်း လက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း (အထက်ပိုင်း) က ဗန်းမောက်မြို့ တဝက်ခန့်ကို အစိုးရတပ်နဲ့ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေက ပြန်လည် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဗန်းမောက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့က ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားတာဖြစ်ပြီးမြို့ကို ပေးလိုက်ရပြီးနောက် တပတ်အကြာမှာ ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) အဖွဲ့က အစိုးရတပ်ရဲ့ အကူအညီနဲ့ မြို့အနောက်ခြမ်းကနေ ပြန်လည် ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အစိုးရတပ်နဲ့ SNA တပ်တွေက မြို့တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အလုံးစုံ ပြန်လည် ရယူနိုင်ဖို့အတွက် အင်အား…

Read More

ဂျပန်အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာ

တိုကျို၊ ဇန်နဝါရီ-၂၀-၂၀၂၆ မျိုးဆက်(VOM) ဂျပန်ဝန်ကြီးချုပ် တာကာအိချိဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွှတ်တော်ကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ပြီးခဲ့တဲ့နေ့က ထုတ်ဖော်‌ ကြေညာလိုက်ပါတယ်။ “ဇန်နဝါရီ ၂၃ ရက်မှာ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် မဲဆွယ်စည်းရုံးရေးတွေ စတင်မှုကို ဇန်နဝါရီ ၂၇ ရက်၊ မဲပေးတာနဲ့ မဲ ရေတွက်တာတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ် “လို့ ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ခေါင်းဆောင်ပြောင်းလဲမှုတွေ မကြာခဏရှိနေပေမယ့် ဆယ်စုနှစ်များစွာ အဓိကပြိုင်ဘက်မရှိဘဲ နိုင်ငံကို အုပ်ချုပ်နိုင်ခဲ့ပါတယ်။ တာကာချိကို အောက်တိုဘာလမှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး သူမရဲ့ပါတီကို လူကြိုက်မှုတွေ ကျဆင်းနေပေမယ့် မဲရလဒ်တွေကတော့ မြင့်မားစွာရှိနေပါတယ်။ ဒါပေမယ့် ညွန့်ပေါင်းမိတ်ဖက် Japan Innovation Party (JIP)…

Read More

မီချီဂန်ပြည်နယ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွား

ဝါရှင်တန်၊ ဇန်နဝါရီ-၂၀-၂၀၂၆ ရတီ(VOM) အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်မြောက်ပိုင်းရှိ ဆီးနှင်းဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ ယာဉ်အစီးရေ ၁၀၀ ကျော် ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လမ်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ I-196 လမ်းပေါ်မှာ ထရပ်ကားကြီးတွေနဲ့ ယာဉ်တွေဆင့်တိုက်မိပြီး ယာဉ်များစွာ လမ်းပေါ်ကနေ လမ်းကြောင်းလွဲ လျှောကျမှုတွေ ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခဲ့သူတွေရှိပေမယ့် သေဆုံးသူမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ယာဉ်တိုက်မှုမဖြစ်ပွားမီ တနာရီလျှင် ၃၂ မှ ၄၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နေချိန် ဆီးနှင်းတွေ ကျဆင်းမှုကြောင့် ရှေ့ရှိကားတွေကို မမြင်ရတော့ဘူးလို့ ပက်ဒရိုမက်တာဂျူနီယာ ဆိုသူက ပြောပါတယ်။ သူရဲ့ ပစ်ကပ်ကားကို ဘေးကင်းစွာရပ်တန့်နိုင်ခဲ့ပေမယ့် နောက်မှတိုက်မိတာတွေကို ရှောင်ရှားဖို့ လမ်းဘေးကို ထိုးချခဲ့ရတယ်လို့ ပြောပါတယ်. တနင်္လာနေ့မနက်ပိုင်း ဒီဖြစ်ရပ်မှာ ကုန်တင်ကား ၃၀ မှ ၄၀ အထိ စုပုံပြီး ပုံမှန်အားဖြင့်…

Read More

ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပြီး မီးကြွင်းမီးကျန် ဆက်လက်ငြှိမ်းသတ်နေ

ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ GG (VOM ) ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။ ” မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ ” လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဆိုပါ မီးလောင်မှုကို…

Read More

ဒေါ်လာ ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ဖော်ထုတ် အရေးယူ

ဇန်နဝါရီ ၁၉ – ၂၀၂၆ SS (VOM) နိုင်ငံတော် ငွေရေးကြေးရေးစနစ် တည်ငြိမ်စေရေး၊ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှု မရှိစေရေးအတွက် ဈေးကစားသူ၊ တရားမဝင် ရောင်းဝယ်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ် အရေးယူနေတယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးထားပါတယ်။ ငွေလဲဈေးကွက်အတွင်း လိုင်စင်မရှိဘဲ အရောင်းအဝယ် ပြုလုပ်နေသူတွေ၊ ဒေါ်လာစုဆောင်း သိုလှောင်သူတွေ၊ USDT အွန်လိုင်း အရောင်းအဝယ်နဲ့ ဈေးကစားသူတွေကို လိုက်လံစစ်ဆေး အရေးယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က “လတ်တလောကတော့ အဖမ်းအဆီးတွေ ကြမ်းနေတာမှန်တယ်။ လက်ကြီးသမားတချို့ ဖမ်းဆီးခံရတာရှိတယ်။ သူတို့ထဲက တချို့ကလည်း သတင်းကြိုရလို့ ရှောင်ကြတယ်။ ဒေါ်လာဈေးကတော့ အခု လဆန်းပိုင်းလောက်ကစပြီး နည်းနည်းချင်းစီ တက်လာတာပေါ့။ အများကြီး ခုန်တက်လာတော့ မဟုတ်ဘူး” လို့…

Read More

မဲဆောက်မှာ တရားမဝင် နေထိုင်တဲ့ မြန်မာတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေ

ဇန်နဝါရီ ၁၉ – ၂၀၂၆ SN (VOM) မြန်မာ – ထိုင်းနယ်စပ်၊ တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်မြို့မှာ တရားမဝင် လာရောက်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ ထိုင်းအလုပ်အကိုင် ဦးစီးဌာနကလည်း ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကြေညာထားတယ်လို့ သိရပါတယ်။ အဲဒီ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ် လုပ်ကိုင်မှုတွေကြောင့် မြန်မာနိုင်ငံသား အလုပ်သမားတချို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရတယ်လို့ သိရပါတယ်။ “ရက်ပိုင်းထဲမှာပဲ အဖမ်းအဆီးတွေ ကြမ်းလာတာ။ ဇန်နဝါရီ ၁၅…

Read More

ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ

ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်က မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးတင်လှရွှေကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဆီက သိရပါတယ်။ ဦးတင်လှရွှေကို ဇန်နဝါရီ ၁၅ ရက်နေ့က ၊ ချောင်းဦးမြို့ပေါ်ရှိ လမ်းပိုင်းတနေရာမှာ ဖမ်းဆီးသွားတာဖြစ်ကြောင်း ၊ ဖမ်းဆီးပြီးနောက် အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။ “ရွေးကောက်ပွဲ လုပ်ပြီးမှ အဖမ်းခံရတာပါ။ သူက ၁၅ ရက်နေ့က သူ့အိမ်မှာ အနှိပ်ခံပြီးတော့ အနှိပ်သည်ကိုပြန်ပို့တော့ ညနေပိုင်း လမ်းမှာ အဖမ်းခံရတာလို့ သိရတယ်။ ကျန်တဲ့ အခြေအနေတော့ မသိရသေးဘူး ။ ကျေးရွာကော်မရှင်အဖွဲ့ဝင် ဖမ်းခံရတယ်ဆိုတာတော့ မကြားသေးဘူး ။ ” လို့ တိုင်းကော်မရှင်အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးကိုကိုဦးက ပြောပါတယ်။ လက်ရှိမှာ ဦးတင်လှရွှေ…

Read More

သိန္နီမှာ စီးပွားရေးလုပ်ငန်းအများစု တရုတ်နိုင်ငံသားတွေ လွှမ်းမိုးလာ

ဇန်နဝါရီ ၁၉၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေက အများစု လွှမ်းမိုးလာနေပြီး ဒေသခံတွေ လုပ်ငန်းရှင်အဖြစ် ရပ်တည်ဖို့ ခက်ခဲလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သိန္နီမြို့တောင် ကျယ်ဂေါင်လို ဖြစ်သွားပြီ။ ဆိုင်ဆိုင်းဘုတ်တွေက အရင်ကတည်းက တရုတ်စာနဲ့ ဖြစ်နေပြီ၊ စူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေကအစ တရုတ် သူဌေးတွေပဲ။ တရုတ်နိုင်ငံသား သူဌေးတွေ ကိုယ်တိုင် လာရောင်းနေကြတယ်။ ဒေသခံတွေကတော့ ဆိုင်ခန်းခ ဈေးမြင့်လာတာ၊ ရင်းနှီးမြှုပ်နှံမှု မယှဉ်နိုင်တာကြောင့် လုပ်ငန်းရှင်အဖြစ် မရပ်တည်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။ သိန္နီမြို့မှာ တရုတ်ငွေ (ယွမ်) ကို တိုက်ရိုက် လက်ခံသုံးစွဲနေကြတာကိုလည်း တွေ့ရပြီး MNDAA က ဒေသကို စတင်ထိန်းချုပ်ခဲ့တဲ့ အချိန်ကတည်းက စားသောက်ဆိုင်များ၊ စူပါမားကတ်များမှာ…

Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် က ညောင်ခြေထောက်မြို့အနီးမှာ တိုက်ပွဲဖြစ်ပြီး တွဲကားနဲ့ ဆီဘောက်ဆာကား မီးလောင်ပျက်စီးခဲ့

ဇန်နဝါရီ ၁၉ ၊ ၂၀၂၆ CC (VOM) ပဲခူးတိုင်း ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ဇေယျဝတီမြို့နဲ့ ညောင်ခြေထောက်မြို့ အကြားမှာ ဒီနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မနက်ပိုင်းက အစိုးရတပ်နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားပြီး ဆီဘောက်ဆာကားနဲ့ တွဲကားတစီး မီးလောင်ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ကားတွေ မီးလောင်ပျက်စီးခဲ့ပြီး လမ်းပိတ်နေတာကြောင့် ရန်ကုန် – မန္တလေး လမ်းဟောင်းလည်း ယာယီပိတ်ခဲ့ရပေမယ့် လက်ရှိမှာတော့ လမ်းပွင့်ပြီး ကားတွေ ဖြတ်သန်း သွားလာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ” ညောင်ခြေထောက်နားမှာ ပစ်ခတ်ကြတာပါ ။မနက်အစော ၁ နာရီ ၊ ၂ နာရီလောက်ကြီး ပစ်ခတ်ကြတာပါ။ သေနတ်ဖောက်သံကြားရပြီး မကြာဘူး ကားမီးရှို့ခံရတယ်။ တွဲကား မီးရှို့ခံရတယ် ။ ပစ်ခတ်မှုတွေကြောင့် မနက်ကတော့ ကားတန်းရှည်ကြီး…

Read More
VOM News

FREE
VIEW