ဂရင်းလန်းကို ထိန်းချုပ်ရေး နောက်ပြန်ဆုတ်လို့မရကြောင်း ဒေါ်နယ်ထရန့်ပြော

ဘရပ်ဆဲလ်၊ ဇန်နဝါရီ-၂၁-၂၀၂၆ မျိုးဆက်(VOM) ဂရင်းလန်းကျွန်းကို ထိန်းချုပ်ရေးအတွက် နောက်ပြန်ဆုတ်လို့မရကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဂရင်းလန်းက အမျိုးစားလုံခြုံရေးနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ပြင်သစ်သမ္မတ မက်ခရွန်ကတော့ စည်းမျဉ်းမဲ့ကမ္ဘာကို ဦးတည်နေပြီလို့ သတိပေးလိုက်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဂရင်းလန်နဲ့ပတ်သက်ပြီး အစည်းအဝေးတွေများစွာ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးကတော့ ဂရင်းလန်းမှာ ပူးတွဲနေတိုးမစ်ရှင်တခု တည်ထောင်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ် လန်း ပူးလ်ဆန်နဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးတို့ဟာ တနင်္လာနေ့မှာ ဘရပ်ဆဲလ်မြို့ရှိ နေတိုးမဟာမိတ်အဖွဲ့ဌာနချုပ်မှာ နေတိုးအထွေထွေအတွင်းရေးမှူး မာ့ခ်ရူတီနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာ ပူးလ်ဆန်က အာတိတ်ဒေသမှာ လုံခြုံရေးတိုးမြှင့်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြောင်းနဲ့ ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲမစ်ရှင်အဆိုပြုချက်ကို အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။ မကြာသေးမီက နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရူတီဟာ ဂရင်းလန်းအရေးနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရန့်နဲ့…

Read More

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ပြောင်းတင်ပို့မှု အခွန်ကင်းလွတ်ခွင့်နဲ့အတူ ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်စမယ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၁-၂၀၂၆ ရတီ(VOM) မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြောင်းဖူးတင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်လည်စတင်မှာဖြစ်ပြီး ထိုင်းနိုင်ငံဟာ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ ပြောင်းတင်ပို့မှုကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားပါတယ်။ တင်ပို့မှုတွေကို ရန်ကုန်-ဘန်ကောက်၊ ကော့သောင်း-ရနောင်းနဲ့ တာချီလိတ်-မယ်ဆိုင် ရေကြောင်းတွေကတဆင့် ဆောင်ရွက်မှာဖြစ်ပြီး ယခင်က အသုံးပြုခဲ့တဲ့ မြဝတီကုန်သွယ်ရေးလမ်းကြောင်းကတော့ လက်ရှိမှာ ရပ်ဆိုင်ထားပါတယ်။ ပြောင်းတင်ပို့မှုဟာ မြန်မာနိုင်ငံအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော် ရရှိနေပါတယ်။ နိုင်ငံတွင်းမှာ ပြောင်းဖူးစိုက်ခင်းဧက တသန်းကျော်ရှိပြီး ပြည်တွင်းစားသုံးမှုသည် စုစုပေါင်းထုတ်လုပ်မှု၏ ၃၅% ခန့်ရှိကာ ကျန် ၆၅% ကို ပို့ကုန်အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃/၂၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ ပြောင်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၅၀၀ သန်းကျော်ရှိပြီး ၂၀၂၄/၂၅ မှာ အမေရိကန်ဒေါ်လာ…

Read More

မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်

ဇန်နဝါရီ ၂၁ ၊ ၂၀၂၆ Shy V + GG (VOM) မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အစိုးရက ပြန်လည်ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကားတွေ သွားလာလို့ရပြီ ဖြစ်တယ်လို့ သိရပါတယ် ။ အစိုးရတပ်တွေက မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းမကြီး ပြန်ဖွင့်ပြီ ဖြစ်လို့ ပြင်ဦးလွင် လမ်းပိုင်းကနေ သွားလာခြင်းကို ဒီနေ့ကစပြီး ပိတ်လိုက်ကြောင်း ကားသမားတွေဆီက သိရပါတယ်။ ” ပြင်ဦးလွင် – ဟိုခိုလမ်းက ဒီနေ့စပိတ်တယ်တော့ ပြောနေတယ်။ မနေ့ကတည်းက ဂိတ်တွေက အဲဒီလမ်းက မလာဖို့ မှာလိုက်တယ် ပြောတယ်။ သပိတ်ကျင်းလမ်းပြန်ဖွင့်လို့ အဲဒီလမ်းပိတ်တာလို့ ထင်တယ်။ သပိတ်ကျင်းလမ်းက ဒီနေ့မှ စသွားရမှာ။.အခြေအနေက မသိရသေးဘူး ။…

Read More

Tiktok ဆယ်လီ ဧရာဝတီမ အဖြစ် လူသိများတဲ့ LGBT လူငယ်တယောက် မဲဆောက်မှာ ပစ္စည်းလုယက်ခံရပြီး အသတ်ခံရ

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ဟာသဗီဒီယိုတွေကြောင့် Tiktok ဆယ်လီ ဧရာဝတီမ အဖြစ် လူသိများတဲ့ LGBT အမျိုးသား တယောက်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပစ္စည်းတွေ လုယက်ခံရပြီး လူပါသတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆယ်လီ ဧရာဝတီမ ဆိုသူ LGBT ကိုတင်ဇော်ထွေးဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ၊ ည ၁၁ နာရီ ၃၀ လောက်ကတည်းက နေအိမ်ကနေထွက်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက် သွားရာကနေ ဒီကနေ့ ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာတော့ အသတ်ခံရကြောင်း အလောင်းကိုတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။ ” မယ်တောင် ဖာ့ထောင်းထိပ် လူသတ်မှု ဖြစ်တာပါ ။ အလောင်းတွေ့တော့ ဘောင်းဘီလဲ ကျွတ်နေတယ် ။ သူမသေခင်မှာ အဓမ္မကျင့်ခံခဲ့ရတဲ့ ပုံလို့…

Read More

ထိုင်းရောက် မြန်မာတွေဆီက ဘတ်ငွေ သိန်းနဲ့ချီပြီး စည်သူပလပ်ကျွတ်လိမ်​နေ

ဇန်နဝါရီ ၂၀ – ၂၀၂၆ SN (VOM) အွန်လိုင်းဆယ်လီ စည်သူပလပ်ကျွတ်က ပန်းရောင်ကတ် ပြုလုပ်ပေးမယ်လို့ဆိုကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဆီက ဘတ်ငွေ သိန်းနဲ့ချီ လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည်ခံရသူတွေက ပြောပါတယ်။ ပန်းရောင်ကတ် ပြုလုပ်ပေးဖို့အတွက် စည်သူပလပ်ကျွတ်က ထိုင်းရောက် မြန်မာအလုပ်သမား လူဦးရေ ၁၀၀၀ ကျော်ဆီက အခကြေးငွေတွေ ကြိုတင် ကောက်ခံထားပြီး ရှောင်ပြေးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “လူသစ် ဘတ်ရိုက်တဲ့ ကိစ္စအတွက် ကြိုပေးထားရတဲ့ ငွေတွေပါ။ အဲဒီ ပိုက်ဆံတွေက ကျွန်တော်တို့ အလုပ်ကြမ်းလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေပါ။ အခုထိသူနဲ့ အဆက်အသွယ်လည်း မရသေးဘူး။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကိုလည်း မတွေ့ရတော့ဘူး” လို့ ငွေကြေး လိမ်လည်ခံရသူ တယောက်က ပြောပါတယ်။ အဲဒီ ငွေကြေးတွေဟာ ထိုင်း‌ရောက် အလုပ်သမားတွေအနေနဲ့…

Read More

ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲဧရိယာ ကျယ်လာလို့ စစ်ရှောင်ကျေးရွာတွေများလာ

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ပဲနွယ်ကုန်းမြို့နယ်ထဲက ကျေးရွာဘက်တွေမှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေပြီး စစ်ရေးတင်းမာလာတဲ့ အခြေအနေတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတဲ့ ကျေးရွာတွေ များလာနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ တိုက်ပွဲကြောင့် လက်ရှိမှာ ပဲနွယ်ကုန်းမြို့ အနီးတဝိုက်မှာရှိတဲ့ ကြိမ်ခါးကုန်း ၊ အင်ကုန်း ၊ သင်နှီးခေါင်းရွာ ၊ သရက်အုပ်ရွာ အပြင် မအူပင်ရွာ ၊ လှေဒုံး ၊ သဖန်းပင် ၊ ငတိုးခင်ရွာ ၊ သစ်ဖြူဆိတ် ၊ ညောင်ဝိုင်းရွာ တွေက ဒေသခံတွေ စစ်ရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဇန်နဝါရီ ၂၀ ရက် ၊ မနက် ၁၂ နာရီလောက်အထိ အဆိုပါ ကျေးရွာတွေဘက်မှာ လက်နက်ကြီး လက်နက်ငယ်…

Read More

မြန်မာ့ရွေးကောက်ပွဲ အာဆီယံ မထောက်ခံဘူးလို့ မလေးရှားပြော၊ ရလဒ်အပေါ် တုံ့ပြန်ဖို့ ဖိလစ်ပိုင်မှာ ဆွေးနွေးမယ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၀-၂၀၂၆ မျိုးဆက်(VOM) မြန်မာ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဖိလစ်ပိုင်မှာ ယခုလကုန်ပိုင်းအတွင်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကျင်းပနေတဲ့ လက်ရှိရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေကို စေလွှတ်ခဲ့တာမျိုးမရှိပေမယ့် ထိုင်းအပါအဝင် ဒေသတွင်းနိုင်ငံအချို့ကတော့ သီးခြားအစီအစဉ်နဲ့ စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ရွေးကောက်ပွဲဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ရဲ့ အစပြုရာနဲ့ နိုင်ငံရေးအားအင်းစုတွေအကြား နိုင်ငံရေးဆွေးနွေးပွဲတွေကို မြှင့်တင်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်းနဲ့ ပြန်လွှတ်ပေးဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ဒါပေမယ့်လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာ့ရွေးကောက်ပွဲအတွက် အာဆီယံကိုယ်စားပြု စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့ငြင်းပယ်ခဲ့သလို ဒါကြောင့်လည်း ရွေးကောက်ပွဲကို ထောက်ခံတာမဟုတ်ခဲ့ကြောင်း ပြောပါတယ်။ “အာဆီယံက စောင့်ကြည့်သူ မစေလွှတ်ဘူးလို့ ကျွန်တော်တို့ ပြောခဲ့ပြီးပါပြီ၊ အဲဒီအတွက်ကြောင့် ရွေးကောက်ပွဲတွေကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး” လို့ မလေးရှားနဲ့…

Read More

ဟင်္သာတက သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ထောင်ဒဏ် တသက် ချမှတ်

ဇန်နဝါရီ ၂၀ – ၂၀၂၆ SS (VOM) အသက် ၇ နှစ်အရွယ် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူရပ်ကွက်နေ တရားခံ မြသန်းကို ဇန်နဝါရီ ၂၀ ရက်နေ့မှာ သင်္သာတခရိုင် တရားရုံးက ထောင်ဒဏ်တသက် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အသက် (၇၃) နှစ်အရွယ် တရားခံ မြသန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (၃) အရ အသက် ၁၂ အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ်တသက် ချမှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ “အမှုဖြစ်တာကတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာဖြစ်တာ။ တရားခံနဲ့ နစ်နာသူက တအိမ်တည်းအတူ နေကြတဲ့သူတွေ။ ဒီကလေးက တရားခံရဲ့ အမျိုးသမီးဘက်က…

Read More

ကသာမှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် မြို့ပေါ်ကျောင်းတခု ပြန်ဖွင့်ပြီး တနယ်လုံးက ကျောင်းသားအကုန်ပေါင်း သင်ကြားပေးမယ်

ဇန်နဝါရီ ၂၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်း ၊ ကသာမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေဆဲဖြစ်ပေမယ့်လည်း အခြေခံပညာကျောင်း စာမေးပွဲတွေ နီးကပ်လာတဲ့အတွက် မြို့ပေါ်က အမှတ် ၃ အထက်တန်းကျောင်းကို ဒီနေ့ ဇန်နဝါရီ ၂၀ မှာ တာဝန်ရှိသူတွေက ပြန်လည် ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံဆီကသိရပါတယ်။ အဆိုပါ အ.ထ.က ၃ မှာ ကသာမြို့နယ်တခုလုံးရှိ ကျောင်းသားကျောင်းသူ အားလုံးပေါင်းပြီး တက်ရောက် စာသင်ကြားခွင့် ပြုထားတယ်လို့ သိရပါတယ်။ ” ကျောင်းက ဒီနေ့စဖွင့်တယ် ။တမြို့နယ်လုံးက ကျောင်း သားတွေအတွက် ဒီတကျောင်းစဖွင့်တာ ။ အကုန်တက်ခွင့်ပြုတာ ။ကျောင်းက မြို့ထဲက ကျောင်းပါ ။ တနယ်လုံး အကုန်ပေါင်းတက်ရမှာပါ ။ အခုလောလောဆယ်တော့ မြို့ထဲရှိတဲ့ ကျောင်းသူ ကျောင်းသားတွေပဲ တက်နေကြပါတယ် ။ ”…

Read More

နိုင်ဂျီးရီးယားမှာ ဘုရားကျောင်းတက်သူ ၁၆၀ ကျော်ကို သေနတ်သမားတွေ ပြန်ပေးဆွဲ

အဘူဂျာ၊ ဇန်နဝါရီ-၂၀-၂၀၂၆ ရတီ(VOM) နိုင်ဂျီးရီးယားနိုင်ငံ၊ ကာဒူနာပြည်နယ်ရှိ ဘုရားကျောင်းနှစ်ခုမှာ တက်ရောက်လာသူ ဒါဇင်ပေါင်းများစွာကို လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။ တနင်္ဂနွေဝတ်ပြုချိန်အတွင်း သေနတ်သမားတွေက ဝတ်ပြုသူ ၁၆၀ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း အကြီးတန်းဘုရားကျောင်းခေါင်းဆောင်တယောက်က အတည်ပြုပါတယ်။ ဒါဟာ ခရစ်ယာန်နဲ့ မွတ်စလင်တွေကို ပစ်မှတ်ထားပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပြန်ပေးမှုလည်း ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဓားပြတွေလို့ လူသိများတံ့ ဂိုဏ်းတွေဟာ ပြန်ပေးငွေရရှိဖို့အတွက် နိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ အခုလိုတိုက်ခိုက်မှုတွေကို မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုမှာတော့ သေနတ်သမားတွေဟာ ခေတ်မီလက်နက်‌တွေကို ကိုင်ဆောင်ထားပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၂၅ မိနစ်မှာ ကာမင်ဝါလီရှိ ဘုရားကျောင်းနှစ်ခုထဲကို ဝင်ရောက်ပြန်ပေးဆွဲခဲ့တာပါ။ ဝတ်ပြုသူ ၁၇၂ ယောက် ပြန်ပေးဆွဲခံရပြီး ကိုးယောက် ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဘုရားကျောင်း အကြီးအကဲက…

Read More
VOM News

FREE
VIEW