ဖားကန့် ကုဋေမှော်မှာ မြေစာပုံပြိုကျလို့ လူ ၂၀ ဝန်းကျင် သေဆုံးနိုင်

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆
Sh V (VOM)
ကချင်ပြည်နယ်၊ ဖားကန့် ကုဋေမှော် အဲဗားမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီကျော်ခန့်က မြေစာပုံပြိုကျလို့ လူတချို့ ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ည ကိုးနာရီခွဲခန့်က ကုဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံး လူ၂၀ခန့် သေဆုံးတယ်လို့သိရတယ်။” လို့ ကယ်ဆယ်ရေးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ည ၉ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၂၀ မိနစ်လောက်မှာ မြေစာပုံ ပျက်ကျသွားတာလို့ သူက ပြောပါတယ်။
“ကုဋေမှော် ၁၁၁ ကုမ္ပဏီ ရေအိုင်ဘက် ပြေစာပုံ ပြိုကျလာတာမှာ ရေလျှံကျလာတာ။ ကုဋေမှော် ဘက်ခြမ်း မြေစာပုံပြိုကျတာဖြစ်ပြီး လူ ၁၀ ယောက်လောက်က ပြန်လွတ်လာတာရှိတယ်” လို့ ​မျက်မြင်ကိုယ်​​တွေ့ ဒေသခံက ဆိုပါတယ်။
ပြတ်ကျသွားတဲ့ မြေစာ ပမာဏများတဲ့အတွက် အောက်မှာပိနေတဲ့ လူတွေကို ပြန်တူးဖော်ဖို့ခက်ခဲပြီး စက်ယန္တယားပေါင်းများစွာနဲ့ အချိန်ပေး တူးဖော်မှရနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဖားကန့်မှာ နှစ်တိုင်း​မြေစာပုံပိလို့ ​သေကြတာရှိ​ပေမယ့် အနယ်နယ်အရပ်ကလာတဲ့ ​ရေမ​ဆေး​ကျောက်ရှာသူ​တွေကို ဟန့်တားနိုင်ခြင်းမရှိသလို ကာကွယ်မှု ထိမ်းသိမ်းမှုမလုပ်နိုင်တာ​ကြောင့် ပြိုကျတိုင်း လူ​တွေ​သေဆုံး​နေရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW