အီရန်အ​ရေး ပြည်သူ​တွေအာဏာယူဖို့ ထရန့်တိုက်တွန်း

မတ် ၁-၂၀၂၆
VOM
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှု အတွင်း အီရန်​ရဲ့ ထိပ်သီးအကြီးအကဲ ခါမေနီ သေဆုံးသွားပြီးနောက် အီရန်နိုင်ငံသားတွေအနေနဲ့ အစိုးရအာဏာကို ပြန်လည်ရယူဖို့ ​အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရန့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
အခုအချိန်ဟာ အီရန်နိုင်ငံသားတွေအတွက် ပြည်သူ့အစိုးရအဖြစ်ပြန်လည်ရယူဖို့ အခွင့်ကောင်းတရပ်ဖြစ်တယ်လို့ သမ္မတ ထရန့်က ဆိုပါတယ်။
တီဟီရန် မြို့လယ်က အီရန်ခေါင်းဆောင် အရာတိုလာ အလီ ခါမေနီ ရဲ့ နေအိမ်ပေါ် တိုက်ရိုက် ပစ်မှတ်ထား ပစ်ခတ်ခဲ့တဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သူ သေဆုံးသွားခဲ့တာ ဟုတ်မှန်တယ်လို့ အီရန်အစိုးရသတင်းတွေက အတည်ပြုခဲ့ပါတယ်။
အီရန်အစိုးရသတင်းတွေမှာ ခါမေနီဟာ သူ့ရဲ့ ရုံးခန်းထဲမှာ သေဆုံးနေတာဖြစ်တယ်၊ သူဟာ သေဆုံးချိန်ထိ အီရန်ပြည်သူတွေအတွက် ရုံးခန်းထဲမှာ အလုပ်လုပ်နေဆဲဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
ခါမေနီနဲ့အတူ သူ့ရဲ့ သမီး​၊ သားမက်၊ မြေးနဲ့ ချွေးမဖြစ်သူတို့လည်း သေဆုံးခဲ့တယ်လို့ အီရန်အစိုးရသတင်း IRINN က ဆိုပါတယ်။
ခါမေနီသေဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် ရက် ၄၀ သတ်မှတ်လိုက်ကြောင်း၊ အများပြည်သူ အားလပ်ရက် ၇ ရက် သတ်မှတ်ကြောင်းလည်း ကြေငြာခဲ့ပါတယ်။
ထို့အတူ သီးခြားတိုက်ခိုက်မှုတခုမှာ အီရန်ရဲ့ အစ္စလာမစ်တော်လှန်ရေးခေါင်းဆောင်းအကြီးအကဲဟာလည်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တယါလို့ ဆိုပါတယ်။
အီရန်နဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ အီရန်နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။
တဆက်တည်းမှာပဲ မြို့တော် တီဟီရန်က ခမီနီရဲ့ ရုံးဝန်းကျင်နဲ့ နိုင်ံအနှံ့မှာ ဆန္ဒပြမှုတွေ ဖြစ်လာပြီး မြို့တော်တီဟီရန်မှာ မီးခိုးလုံးတွေနဲ့ မည်းမှောင်နေတယ်လို့ အီရန်သတင်းတွေကဆိုပါတယ်။
အီရန်ဖက်ကလည်း အစ္စရေးနဲ့ အမေရိကန် အခြေစိုက်စခန်းတွေရှိရာ ဘာရိန်း၊ ကာတာ၊ ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံတွေဖက်ကို ဦးတည်ပြီး တာဝေးပစ်ဒုံးတွေနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် အစ္စရေးနိုင်ငံအတွက်း ထိခိုက်မှု အများအပြားရှိခဲ့သလို အဲဒီ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရောက်နေတဲ့ နိုင်ငံသားတွေ ပြန်လည်ခေါ်ယူဖို့အစီအစဥ်တွေကို တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ အမေရိကန်၊ ဥရောပနိုင်ငံတို့က အစောတလျင် လုပ်ဆောင်လာကြတာကိုလည်း တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်း နိုင်ငံတွေက ခရီးသည်တင် လေကြောင်းလိုင်းတွေ အတော်များများကလည်း ခရီးစဥ် ဖျက်သိမ်းတာ၊ ခရီးစဥ် ရွှေ့ဆိုင်းတာတွေ လုပ်လာနေပါတယ်။
နျူကလီးယားလက်နက်တွေ ထုတ်လုပ်နေမှု၊ အမေရိကန်အထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ထုတ်လုပ်နေမှုတို့ကြောင့် ခါမေနီကို တိုက်ခိုက်ရတာဖြစ်တယ်လို့ သမ္မတထရန့်က ဆိုထားပါတယ်။
ခါမေနီဟာ အီရန်စစ်တပ်၊ အစိုးရနဲ့ မီဒီယာတွေ ကို ချုပ်ပိုင်ထားတဲ့ ထိပ်သီးခေါင်းဆောင်အဖြစ် အီရန်နိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပါတယ်။
ကိုးကား
AP, Reuter
ပုံစာ
Airbus က ဖော်ပြသော လေကြောင်းတိုက်ခိုက်ခံလိုက်ရသည့် တီဟီရန်မှ ခါမေနီ ၏ စံအိမ်

Related posts

Leave a Comment

VOM News

FREE
VIEW