ဗြိတိန်က မြန်မာအပါအဝင် နိုင်ငံ (၄) ခုကို ကျောင်းဗီဇာ ပိတ်လိုက်ပြီ

မတ်-၅-၂၀၂၇
MT(VOM)
​ယူကေ ပြည်ထဲရေးဝန်ကြီး ရှာဗာနာ မာမွတ် Shabana Mahmood ရဲ့ ပြောကြားချက်အရ ဒီလ(၂၀၂၆ ဇန်နဝါရီ) ကစပြီး မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနဲ့ ဆူဒန် နိုင်ငံတွေက လာမယ့်သူတွေကို ကျောင်းသားဗီဇာ (Study Visa) ထုတ်ပေးတာ ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံသားတွေဆိုရင် ကျွမ်းကျင်လုပ်သားဗီဇာ (Skilled Work Visa) ပါ ပိတ်လိုက်တာပါ။
​ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုလို ပိတ်လိုက်တာဟာ “ဗီဇာစနစ်ကို အလွဲသုံးစားလုပ်တာတွေ အများကြီး ရှိနေလို့” လို့ ဆိုပါတယ်။
​အစိုးရရဲ့ တရားဝင်စာရင်းဇယားတွေအရ အထက်ပါ (၄) နိုင်ငံကလူတွေဟာ ယူကေကို ကျောင်းဗီဇာနဲ့ လာပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားမှု အများဆုံး ဖြစ်နေတာကြောင့်လို့ သိရပါတယ်။
​အစိုးရ ပြောရေးဆိုခွင့်ရှိသူကတော့ –
​”တကယ် ဒုက္ခရောက်ပြီး အကူအညီ လိုအပ်နေတဲ့သူတွေကိုပဲ ဗြိတိန်နိုင်ငံက ဆက်ပြီး ကူညီပေးနိုင်ဖို့အတွက် အခုလို ဗီဇာစနစ်ကို အလွဲသုံးစား လုပ်နေတာတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းသွားမှာပါ” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
​ဗြိတိန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ကျောင်းတက်ဖို့လိုမျိုး တရားဝင်နည်းလမ်းနဲ့ ယူကေကို ရောက်လာပြီးမှ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်တဲ့သူ အရေအတွက်ဟာ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း( ၃) ဆကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
​လက်ရှိ ဗြိတိန်ရဲ့ ခိုလှုံခွင့်လျှောက်ထားမှု စနစ်ထဲမှာ ရှိနေတဲ့ စာရင်းတွေအရ ကျောင်းဗီဇာကနေတစ်ဆင့် ခိုလှုံခွင့်ပြောင်းလျှောက်တဲ့သူ အရေအတွက်ဟာ စုစုပေါင်းရဲ့ (၁၃) ရာခိုင်နှုန်း အထိ ရှိနေတာပါ။
​ပြည်ထဲရေးဝန်ကြီး ရှာဗာနာ မာမွတ် ကတော့ အခုလို ပြောထားပါတယ် –
​”ကျွန်မတို့ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူပြီး အလွဲသုံးစားလုပ်ဖို့ ကြိုးစားနေသူတွေကို ဗီဇာငြင်းပယ်ဖို့ဆိုတဲ့ မကြုံစဖူး ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ ကျွန်မတို့ရဲ့ နယ်စပ်ထိန်းချုပ်မှုမှာ စနစ်တကျ ပြန်ဖြစ်အောင် လုပ်ဆောင်သွားမှာပါ”
​မြန်မာနဲ့ တခြားနိုင်ငံတွေရဲ့ အခြေအနေ​အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ စိတ်ဝင်စားစရာ အချက်အလက်တချို့လည်း ပါပါသေးတယ် –
​၂၀၂၁ ကစပြီး ယူကေကို ကျောင်းဗီဇာနဲ့ ရောက်လာတဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ၉၅ ရာခိုင်နှုန်းဟာ ခိုလှုံခွင့် လျှောက်ခဲ့ကြပါတယ်။ မြန်မာကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုဟာလည်း အရင်ကထက် (၁၆) ဆအထိ မြင့်တက်လာပြီး၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံသားတွေကတော့( ၄) ဆကျော် မြင့်တက်လာခဲ့တာပါ။
အခုပြောထားတဲ့( ၄) နိုင်ငံက လာတဲ့သူတွေဟာ ခိုလှုံခွင့်လျှောက်တဲ့အခါ သူတို့မှာ ဘာပိုင်ဆိုင်မှုမှမရှိဘဲ ဆင်းရဲမွဲတေနေပါတယ် (Destitution) ဆိုတဲ့ အကြောင်းပြချက်ကို တခြားနိုင်ငံသားတွေထက် ပိုသုံးလေ့ရှိကြပါတယ်။ လက်ရှိမှာ အဲ့ဒီ (၄) နိုင်ငံကလူပေါင်း ၁၆,၀၀၀ ခန့်ကို အစိုးရက ထောက်ပံ့ပေးနေရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး တွက်ကြည့်မယ်ဆိုရင် ယူကေကို ကျောင်းဗီဇာနဲ့ ရောက်လာတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားတွေရဲ့ (၉၅ )ရာခိုင်နှုန်းလောက်ဟာ နောက်ပိုင်းမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) ပြန်လျှောက်ခဲ့ကြတာပါ။
​မြန်မာကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုနှုန်းကလည်း အရင်ကထက် (၁၆) ဆအထိ အဆမတန် မြင့်တက်လာခဲ့သလို၊ ကင်မရွန်းနဲ့ ဆူဒန်နိုင်ငံက ကျောင်းသားတွေရဲ့ လျှောက်ထားမှုကလည်း (၄) ဆကျော်လောက်အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
Jennifer McKiernan
Political reporter
BBC World Service
#voiceofmyanmar #VOM #UK #ပညာ​ရေးဗီဇာ

Related posts

Leave a Comment

VOM News

FREE
VIEW