မတ် ၆ ၊ ၂၀၂၆
GG (VOM)
မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ကမ်းကြီးဆိပ်ကျေးရွာ( စွပ္ပနူး)ရွာမှာ အလှူပွဲလှည့်တဲ့ Sound Box ဆောင်းဘောက်ကား နဲ့ လမ်းလျှပ်စစ်မီးကြိုး တိုက်မိပြီး ဓာတ်လိုက်ကာ ကားပေါ်ပါသူတွေထဲက ငါးယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မတ် ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပြီး ဆောင်းဘောက်ကားက ရွာထဲလှည့်လည်စဥ် ကားက လမ်းမပေါ်ရှိ လမ်းမီးကြိုးနဲ့ မလွတ်တဲ့အတွက် မီးကြိုးကို မ တင်ရာကနေ လျှပ်စီးဝင် ဓာတ်လိုက်ပြီး ဆောင်းဘောက်ကားပိုင်ရှင်အပါအဝင် ငါးယောက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
“ကားပေါ်မှာ လော်ကရှစ်လုံးတင်ထားတယ်။ သူတို့က ကားပေါ်တက်ထိုင်တယ်။ လမ်းမကြီးပေါ်မောင်းတာမှာ အပေါ်မှာမီးကြိုးက မလွတ်တော့ တက်ကိုင်လိုက်လို့ ဓာတ်လိုက်တယ်။ သူတို့က လမ်းမီးကြိုးကို တက်ကိုင်ပြီးတော့ ဓာတ်လိုက်တာပါ။ စွပ္ပနူးရွာထဲက အပိုင်းမတူဘူးပေါ့။ရှင်ပြုပွဲအလှူပွဲငှားတယ်။.သူတို့လိုက်ကန်တော့ပြီး ပြန်လာတော့ အဲဒီလို ဖြစ်တာပေါ့ ။ ဆုံးတာက အပေါ်မှာ တက်ထိုင်တဲ့ လေးယောက်နဲ့ ကားသမား ဆုံးတယ်။ ကားသမားက ဘောက်ပိုင်ရှင်ပါ။ ” လို့ ဖြစ်စဥ်သိရှိတဲ့ ဆောင်းဘောက်အငှားလိုက်တဲ့ ပိုင်ရှင်တယောက်က ပြောပါတယ်။
ဆောင်းဘောက်ကား ဓာတ်လိုက်မှု ဖြစ်စဥ်မှာ သေဆုံးသူငါးယောက်အပြင် ထိခိုက်ဒဏ်ရာရ ရရှိတချို့လည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်လိုက်သေဆုံး ငါးယောက်လုံးဟာ စွပ္ပနူးရွာကဖြစ်ကြောင်းသိရှိရပြီး အသက် ၁၅ နှစ်ကနေ ၂၀ ကျော်အရွယ် ဝန်းကျင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ
#Voiceofmyanmar #VOM #မွန်ပြည်နယ် #ကျိုက်ထို #စွပ္ပနူးရွာ #ဆောင်းဘောက်ကားဓာတ်လိုက် #ငါးယောက်သေဆုံး
