မျိုးဆက်သစ်ကို ​နေရာ​ပေးမယ့် ​နီပေါနိုင်ငံ​ရေး

မတ် ၈-၂၀၂၆
MT(VOM)
​နီပေါနိုင်ငံရဲ့ ဝါရင့်နိုင်ငံရေးသမားကြီးနဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Sharma KP Oli ကို နာမည်ကြီး ရက်ပါအဆိုတော် Balendra Shah (Balen) က သူ့ရဲ့နယ်မြေမှာတင် အပြတ်အသတ်အနိုင်ယူပြီး လူထုခေါင်းဆောင်သစ် ဖြစ်လာဖို့ နီးစပ်နေပါပြီ။
​အသက် (၃၅) နှစ်အရွယ် Balen က ထောက်ခံမဲ ၆၈,၃၄၈ မဲ ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း Oli ကတော့ ၁၈,၇၃၄ မဲပဲ ရခဲ့ပါတယ်။
​ Balen ရဲ့ RSP (Rastriya Swatantra Party) ပါတီဟာ အခု အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရဖို့ အခြေအနေ အကောင်းဆုံးဖြစ်နေပါတယ်။
ဒီရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက လူငယ်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကြောင့် အစိုးရပြုတ်ကျပြီးနောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။
​ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာမှာ ဝန်ကြီးချုပ် Oli က ဆိုရှယ်မီဒီယာတွေကို ပိတ်ပင်လိုက်တာကြောင့် Gen Z လူငယ်တွေရဲ့ အုံကြွမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေ (Nepo Babies) အခွင့်ထူးခံနေတာနဲ့ လူတန်းစားကွာဟမှုတွေကို လူငယ်တွေက အပြင်းအထန် ဝေဖန်ခဲ့ကြတာပါ။ အဲဒီတုန်းက နှိမ်နင်းမှုတွေကြောင့် လူပေါင်း ၇၇ ဦး သေဆုံးခဲ့ရပါတယ်။
​Balen ဟာ နီပေါဟစ်ဟော့လောကမှာ နှစ်တော်တော်ကြာ နာမည်ကြီးခဲ့တဲ့သူပါ။ သူ့ရဲ့ “Balidan” (စတေးခြင်း) ဆိုတဲ့ သီချင်းဟာ YouTube မှာ ကြည့်ရှုသူ သန်းနဲ့ချီရှိပါတယ်။ သူဟာ ဆန္ဒပြပွဲတုန်းက လူငယ်တွေဘက်က ရပ်တည်ပေးခဲ့သလို Oli ကိုလည်း “နိုင်ငံကို သစ္စာဖောက်တဲ့ အကြမ်းဖက်သမား” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူပါ။
​Balen ရဲ့ RSP ပါတီက သူတို့အာဏာရရင် –
​အလုပ်အကိုင် အခွင့်အလမ်း ၁.၂ သန်း ဖန်တီးပေးမယ်။​နိုင်ငံခြားကို ထွက်ခွာအလုပ်လုပ်နေရတဲ့ လူငယ်ဦးရေကို လျှော့ချမယ်။(​၅) နှစ်အတွင်း နိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေကို $၁,၄၄၇ ကနေ $၃,၀၀၀ အထိ တိုးအောင်လုပ်မယ်။​ ကျန်းမာရေးအာမခံလိုမျိုး လူမှုဖူလုံရေးတွေကို ဦးစားပေးမယ်လို့ ကတိပေးထားပါတယ်။
Ref:BBC
#voiceofmyanmar #VOM #နီ​ပေါနိုင်ငံ​ရေး #Balen

Related posts

Leave a Comment

VOM News

FREE
VIEW