စုံ မ စနစ်နဲ့ ယာဥ်တွေကန့်သတ်တာမှာ ဆိုင်ကယ်​တွေပါလို့ အခြေခံလူတန်းစားတွေ ခက်ခဲ

မန္တလေး၊ မတ်- ၈- ၂၀၂၆
SA(VOM)
စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေးအတွက်ဆိုပြီး မတ်လ ၇ ရက်နေ့ကစလို့ ကိုယ်ပိုင် အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို စုံရက် ၊ မရက်ခွဲပြီး တရက်ခြားစီသာ အသုံးပြုခွင့်​ပေးတာမှာ ဆိုင်ကယ်​တွေပါလို့ အခြေခံလူတန်းစားတွေ ခက်ခဲတယ်လို့ သိရပါတယ်။
“မန္တလေးမြို့ဆိုတာက ဆိုင်ကယ်အသုံးပြုမှုက အရေးပါတယ်၊ အလုပ်သွားနေကြတဲ့သူတွေရှိတယ်၊ အလုပ်မသွားဘူးဆိုတာတောင်မှ မိသားစုကျန်းမာရေး၊ လူမှုရေးကိစ္စတွေရှိတယ်၊ တချို့ဆို ဆေးရုံဆေးခန်း ပြနေရတယ်၊ ဆိုင်ကယ်တစီးထဲရှိတယ်ဥပမာ မိသားစုဝင် နှစ်ဦးသုံးဦးရှိတဲ့သူတွေက ပြဿနာမရှိပေမယ့် နှစ်ယောက်တည်းရှိတဲ့သူက အိမ်ပြန်ပြီး အဝတ်တွေယူရမယ် အဲ့လိုလူတွေအတွက်က စုံ မ ကိစ္စက အတော် ဒုက္ခရောက်တယ်၊ ဆိုင်ကယ်တစီးထဲရှိတော့ ဆိုင်ကယ်တက္ကစီနဲ့သွားရမှာလား မီနီအိုးဝေနဲ့ သွားရမှာလား အဲ့ဒီအတွက် ကုန်ကျစရိတ်တွေ ပိုလာပြီလေ ဒါက ကျန်းမာရေးအတွက် ပြောတာ နောက်တခုက အများပြည်သူအတွက် transportation ကောင်းကောင်းမရှိတဲ့မြို့မှာ သာမာန်အလုပ်သွားတဲ့ ရုံးဝန်ထမ်းတဦး ဘယ်လိုသွားမှာလဲ စုံနေ့မှာတော့ သူ့ဆိုင်ကယ်က စုံဖြစ်လို့ အလုပ်သွားရပေမယ့် မ ရက်ကျရင် သူနဲ့ အလုပ်အတူတူ သွားတဲ့သူတွေကို သူအကူအညီတောင်းရတော့မယ်၊ ကားသမားကတော့ လူငါးယောက်စာအတွက် ပြဿနာဖြေရှင်းနိုင်ပေမယ့် ဆိုင်ကယ်က အနည်းဆုံး တယောက်ကို တစီးနှုန်းနဲ့ သွားလာနေတဲ့သူတွေအတွက်တော့ တော်တော်ကို အဆင်မပြေတာ” လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။
စုံ မ စနစ် ကို မတ်လ ၇ ရက်နေ့ကနေ မတ်လ ၁၃ ရက်နေ့အထိကို ပညာပေးကာလအဖြစ် သက်မှတ်ထားပြီး မတ်လ ၁၄ ရက်နေ့ကစတင်ပြီး ဖမ်းဆီရမယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့တွေကို ရည်ညွှန်းစာ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
” စုံ မ စနစ်က ဆီထုတ်ဖို့အတွက်သာ ကန့်သတ်သင့်ပြီး ကားတွေ လမ်းပေါ်တက်တာကိုတော့ တချို့​ဖြေ​လျှော့သင့်တယ်လို့ ထင််တယ် ဘာကြောင့်လဲ ဆိုတော့ အခုဆိုရင် တက္ကသိုလ်ဝင် စာမေးပွဲ ကာလကြီးဖြစ်နေတာက တကြောင်း အများပြည်သူအခြခံလူတန်းစားတွေအတွက် စဥ်းစားပြီးတော့ အဓိက ဆီထုတ်တဲ့ရက်ကိုဘဲ ကန့်သတ်စေချင်တယ် အသုံးပြုမှုကိုတော့ မကန့်သတ်စေချင်ဘူး” လို့ မန္တလေးမြို့ခံတဦးက မှတ်ချက်ပေးပါတယ်။
စုံ မ စနစ်ကို မလိုက်နာလို့ အရေးယူမယ့်အပေါ်ကို မန္တလေးမြို့ခံတဦးက
” လက်တလော ဒေသန္တရ အမိန့်ထုတ်ထားတော့ တက်နိုင်သလောက်တော့ လိုက်နာရမှာပဲ အခြေအနေတော့ ကြည့်ရမှာပေါ့ ပညာပေးကာလ က တပတ် သက်မှတ်ထားတာပြီးဆုံးတဲ့အခါမှာ တကယ်အရေးယူတဲ့ ကာလ ရောက်တဲ့အခါမှာ ဒဏ်ငွေလောက်နဲ့ပဲ အရေးယူမလား ထောင်ဒဏ်ပဲချမလား မသိဘူး ဒါပေမယ့် ဒဏ်ငွေပဲချမှတ်ဖို့ မျှော်လင့်မိတယ်၊ ဒါပေမယ့် ထွက်မယ့်ပြည်သူကလည်း မဖြစ်မနေ အခြေအနေမို့သာထွက်ရတာ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ မေးသိုင်းကြိုမတပ်လို့ ဒဏ်ငွေ သုံးသောင်း ဆောင်နေရတဲ့ အခြေအနေမှာ ဒါမျိုးကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်၊ သူတို့အရေးယူရင် ပြည်သူအနေနဲ့က အရေးယူခံရမှာပဲ ဒါပေမယ့် ဒဏ်ငွေလောက်နဲ့ပဲ ပြီးသွားဖို့ မျှော်လင့်ပါတယ် ” လို့ မှတ်ချက်ပေးပါတယ်။
လတ်တ​လောအ​ခြေအ​နေမှာ စုံ မ ခွဲတာ​ကြောင့် ဆီဆိုင်မှာ တန်းစီတိုးတဲ့​နေရာမှာ ကား​တွေလျော့လာ​ပေမယ့် သုံးဘီး တက္ကစီ​တွေနဲ့ ဆိုင်ကယ်​တွေက​တော့ တန်းစီဝယ်ပြီး ဆီထုတ်​ရောင်းတာရှိ​နေဆဲဖြစ်ပါတယ်။ ဒါ့​ကြောင့် ဆီ​မှောင်ခို ပ​ပျောက်​ရေးသာ တာဝန်ရှိသူ​တွေက ဦးစား​ပေးလုပ်သင့်ပြီး လက်လုပ်လက်စား အ​ခြေခံလူတန်းစား​တွေ ဆိုင်ကယ်စီးခွင့်ကို ပြန်လည်စဥ်းစား​ပေး​စေချင်တယ်လို့ မဖြစ်မ​နေ ဆိုင်ကယ်အသုံးပြု​နေရသူ​တွေက မှတ်ချက်ပြုကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW