မတ် ၉- ၂၀၂၆
MT(VOM)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့နဲ့ အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေကို “ချက်ချင်းရပ်တန့်ဖို့” မတ်လ (၈) ရက်နေ့မှာ ထပ်မံ တောင်းဆိုလိုက်ပါတယ်။
အစိုးရအပြောင်းအလဲကို လက်မခံခြင်း
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ထိုးစစ်ဆင်မှုတွေကြားမှာ ဝမ်ယိက “အရောင်တော်လှန်ရေး (Colour Revolution)” ဖန်တီးတာ ဒါမှမဟုတ် အစိုးရကို အတင်းအဓမ္မလဲလှယ်ဖို့ ကြိုးစားတာဟာ ဘယ်သူ့ဆီကမှ ထောက်ခံမှုရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်ပွဲက အဖြေမဟုတ်
“ဒါဟာ မဖြစ်သင့်တဲ့စစ်ပွဲပဲ၊ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘူး” လို့ သူက ပြောပါတယ်။ လက်နက်အားကိုးပြီး ဖြေရှင်းတာဟာ အမုန်းတရားတွေကိုပဲ ပိုတိုးပွားစေလိမ့်မယ်လို့ သတိပေးထားပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ ကံကြမ္မာကို အဲဒီဒေသမှာရှိတဲ့ နိုင်ငံတွေကပဲ ကိုယ်တိုင်ဆုံးဖြတ်သင့်ပြီး တခြားနိုင်ငံတွေက ဝင်မရှုပ်သင့်ဘူးလို့ ပြောပါတယ်။ “လက်သီးဆုပ်ပြင်းတိုင်း တရားတာမဟုတ်ဘူး၊ လောကကြီးကို တောရိုင်းဥပဒေအတိုင်း ပြန်သွားခွင့်မပေးနိုင်ဘူး” လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။
ဆွေးနွေးပွဲပြန်စရန်: ပြဿနာတွေကို စကားပြောပြီး ဖြေရှင်းဖို့နဲ့ အမြန်ဆုံး ဆွေးနွေးပွဲစားပွဲဝိုင်းကို ပြန်လာကြဖို့ အားလုံးကို တိုက်တွန်းထားပါတယ်။
အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ရဲ့ လျှို့ဝှက်အစီရင်ခံစာအရ အမေရိကန်က အကြီးအကျယ် စစ်တိုက်ရင်တောင်မှ အီရန်ရဲ့ စစ်တပ်နဲ့ ဘာသာရေးခေါင်းဆောင်ပိုင်းကို ဖြုတ်ချဖို့ မလွယ်ကူဘူးလို့ ဖော်ပြထားပါတယ်။ ဒါဟာ အီရန်ခေါင်းဆောင်ပိုင်းကို အမြစ်ဖြတ်ပစ်မယ်ဆိုတဲ့ သမ္မတ ထရန့်ရဲ့ စကားကို ပြန်ပြီးချေပသလို ဖြစ်နေပါတယ်။
အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ အသတ်ခံရမှုကိုလည်း တရုတ်က ပြစ်တင်ရှုတ်ချထားပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အနောက်နိုင်ငံတွေက ဝေဖန်နေကြပေမဲ့ တရုတ်နဲ့ ရုရှားရဲ့ ဆက်ဆံရေးကတော့ “ခိုင်မာမြဲမြံနေဆဲပဲ” လို့ ဝမ်ယိက အတည်ပြုပြောကြားခဲ့ပါသေးတယ်။
Ref: Al Jazeera English
