အီရန်စစ်ပွဲကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းသုံးပြီး အမြန်ဆုံးအဆုံးသတ်ဖို့ ထရန့်နဲ့ ပူတင် ဆွေးနွေး

မတ် ၁၀-၂၀၂၆
MT(VOM)
​ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ဟာ အခုဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲနဲ့ ယူကရိန်းပဋိပက္ခအရေးတွေကို မတ်လ (၁၀) ရက်နေ့ မှာ ဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုဟာ အပြန်အလှန် ပွင့်ပွင့်လင်းလင်းရှိပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုမျိုး ဖြစ်ခဲ့တယ်လို့ ကရင်မလင်နန်းတော်က ထုတ်ပြန်ထားပါတယ်။
​ရုရှားသမ္မတရဲ့ သံတမန်ရေးရာအကြံပေး ယူရီ အူရှာကော့ဗ်က ရုရှားသတင်းဌာနတွေကို ပြောကြားရာမှာ ဆွေးနွေးပွဲမှာ အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေကို အလေးထား ဆွေးနွေးခဲ့ကြသလို၊ ယူကရိန်းပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်နေတဲ့ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အီရန်ပဋိပက္ခကို နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေသုံးပြီး အမြန်ဆုံး အဆုံးသတ်နိုင်ဖို့အတွက် ပူတင်က သူ့ရဲ့ အယူအဆတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
​ ဒါ့အပြင် သူ့ (ပူတင်) အနေနဲ့ ပင်လယ်ကွေ့နိုင်ငံက ခေါင်းဆောင်တွေ၊ အီရန်သမ္မတ အပါအဝင် တခြားနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တာတွေကိုလည်း ထရန့်ကို ပြန်လည်ပြောပြခဲ့ပါတယ်။
ဒီဆွေးနွေးပွဲမှာ ကမ္ဘာ့ရေနံဈေးကွက် အခြေအနေတွေနဲ့ ဆက်စပ်ပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေကိုလည်း သမ္မတနှစ်ဦးက ထည့်သွင်းဆွေးနွေးခဲ့ကြပါသေးတယ်။
Source: Al Jazeera

Related posts

Leave a Comment

VOM News

FREE
VIEW