နေပြည်တော်၊ မတ်- ၂၃- ၂၀၂၆
KKL(VOM)
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဒီကနေ့ မတ်လ ၂၃ ရက်နေ့မနက်မှာ ကျင်းပနေပြီး ဒီအစည်းအဝေးမှာ အမြဲတမ်းကော်မတီတွေဖြစ်တဲ့ ဥပဒေ ကြမ်းကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော်မတီနှစ်ခုကို စတင်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယနေ့မှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်း ကော်မတီ ဖွဲ့ စည်းရေးနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားကာ ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအ ဝေးတွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီမှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့ အမည်စာရင်းကို ပြည်သူ့လွှတ်တော်ကို တင်ပြမှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်းကော်မတီဖွဲ့စည်းရေးနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားပြီး ကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးတွေနဲ့ စပ်လျဉ်းပြီး ရှင်းလင်းပြောကြားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ငွေစာရင်း ကော်မတီမှာ ပါဝင်ဖို့ လျာထားတဲ့ အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်တွေရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့ အမည်စာရင်းကို ပြည်သူ့လွှတ်တော်ကို တင်ပြမှာဖြစ်တယ်လို့လည်း သိရပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ပြီး ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌအဖြစ် ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရီ နဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် တပ်ကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့က တာဝန်ပေးအပ်ခြင်း ခံထားရပါတယ်။
