လွှတ်တော်အခွင့်အရေး ကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီနှစ်ခု ပြည်သူ့လွှတ်တော်မှာ ထပ်မံဖွဲ့စည်း

နေပြည်တော်၊ မတ်- ၂၄ – ၂၀၂၆
KKL(VOM)
ဒီကနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး တတိယနေ့မှာ လွတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိကဝတ်များ တာဝန်ခံချက်များစိစစ်ရေး ကော်မတီတွေကို ထပ်မံဖွဲ့ည်းခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးတွေရဲ့အမည်စာရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က တင်ပြခဲ့ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး တတိယနေ့မှာ တပ်ကုန်းမဲဆန္ဒနယ် က ဦးမောင်မောင်အုန်းနဲ့ ထားဝယ်မဲဆန္ဒနယ်က ဒေါက်တာကျော်ကျော်ဌေး တို့ကို လွှတ်တော်အခွင့်အရေးကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။
ဆက်လက်ပြီး ကျိုင်းတုံမဲဆန္ဒနယ်က ဦးသန်းထွန်းဦးနဲ့ ပုသိမ်မဲဆန္ဒနယ်က ဦးသန်းတို့ကို အစိုးရ၏ အာမခံချက်များ ကတိကဝတ်များနဲ့ တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအဖြစ် ကြေငြာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကော်မတီ ဖွဲ့စည်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မတီ တစ်ခုခြင်းအတွက်သီးခြား ရှင်းလင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌက ကော်မတီရဲ့ တာဝန် လုပ်ပိုင်ခွင့် ရပိုင်ခွင့် ကော်မတီသက်တမ်း နဲ့ ကော်မတီအစည်း အဝေးတွေနဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေကို ကော်မတီ တစ်ခုခြင်းအတွက် သီးခြားစီ ရှင်းလင်းခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ က ကော်မတီ တစ်ခုခြင်းအတွက် ပါဝင်ဖို့လျှာထားတဲ့ အဖွဲ့ဝင်အရေအတွက် အမည်စာရင်းတွေကို ဖတ်ကြားတင်ပြခဲ့ပြီး ကော်မတီ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေရဲ့ အမည်စာရင်းကို ဆက်ပြီး တင်ပြခဲ့ပါတယ်။
လွှတ်တော်အခွင့်အရေးကော်မတီနဲ့ အစိုးရ၏ အာမခံချက်များ ကတိများ တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဌနဲ့ အတွင်းရေးမှူးအမည်စာရင်းနဲ့ ကော်မတီဖွဲ့စည်းခြင်းတွေကို ဒီကနေ့ပြုလုပ်တဲ့ပြည်သူ့လွတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ဖြစ်ပြီးတော့ ဆက်လက်ပြုလုပ်မယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အတည်ပြုသွားမယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW