သူတို့အိမ်အခန်း (၈၇)

ဆူးငှက် တက္ကသိုလ်တဲ့၊ လွမ်းစရာ့ရက်တွေ ———————————— တက္ကသိုလ်ကျောင်းသား ဘဝကို ပြန်တွေးမိတော့ စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိသည်။ တကယ်တမ်း ပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း၄၀ကျော် ၅၀နီးပြီလေ။ ကျွန်တော်တို့ တက္ကသိုလ် တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေမို့ သိပ် မထူးခြားလှပေ။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို စက်ဘီးကိုယ်စီဖြင့် တစ်စုတဝေး တပျော်တပါး သွားကြသည်။ အထက်တန်း ကျောင်းသားတုန်း ကလည်း ဒီလိုပါပဲ။ သို့သော် ကျောင်းစတက်တော့ ထူးထူးခြားခြား အတွေ့အကြုံအဖြစ် စီနီယာ ကိုကိုဦး(ကိုဇော်မျိုးဦး) ပြောသလိုပါပဲ။ တစ်ကျောင်းလုံးနှင့် သက်ဆိုင်သည့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနား ကျင်းပသည်။ ထိုနေ့ကစပြီး အထက် တန်းကျောင်းနဲ့ မတူတဲ့ တက်္ကသိုလ် အရသာကို နဖူး တွေ့ ဒူးတွေ့ စတွေ့ရတော့သည်။…

Read More

တိုင်းဒေသကြီးအဆင့် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း

မန္တလေး၊ ဧပြီ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုမှန် အစည်းအဝေး (ဆဋ္ဌမနေ့)အခမ်းအနားမှာ တင်ပြခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်ခင်ခင်သီ တို့ကို ဦးမျိုးအောင် က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး ဦးသိန်းဌေး စီမံကိန်း၊ စီးပွား​​ေရးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးလှကြွယ် လူမှု​ရေးရာဝန်ကြီး ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါ်သိင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး…

Read More

ပြည်ထောင်စုအဆင့် တရားရေးကဏ္ဍအကြီးအကဲတွေနဲ့ UEC ဥက္ကဌ နဲ့အဖွဲ့ဝင် အမည်စာရင်းတင်ပြမှုပြည်ထောင်စုလွတ်တော်က အတည်ပြု

နေပြည်တော် ဧပြီ ၇ – ၂၀၂၆ KKL(VOM) ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ သမ္မတက တင်ပြထားတဲ့ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေနဲ့ခန့်အပ်မယ့်သူတွေရဲ့ အမည်စာရင်း နဲ့ ပြည်ထောင်စုကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေ အမည်တင်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့အတည်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနေတွနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ်၊ သမတက ပြန်လည်ရှင်းလင်းမယ့် အစီအစဥ်ကို လွှတ်တော်ဥက္ကဌဆီကိုပေးပို့ထားတဲ့အတွက် လွှတ်တော် ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်သတ်မှတ်ချက် တွေကို လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့ ၁။ ဦးခင်မောင်ရီ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၂။…

Read More

ပြင်ဦးလွင်က ” မေ ” စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရ၊ ကျူးလွန်သူ တယောက်ဖမ်းမိပြီး တယောက်က ရွှေတွေနဲ့လွတ်သွား

ဧပြီ ၇ ၊၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းမပေါ်ရှိ ” မေ ” စိန်ရွှေရတနာဆိုင်မှာ ဒီကနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူထဲက တယောက်ကိုဖမ်းမိခဲ့ပေမယ့် ကျန်တယောက်ကတော့ ရွှေထည်ပစ္စည်းတွေနဲ့အတူ လွတ်သွားတယ်လို့ သိရပါတယ်။ ” မနက် ၁၁ နာရီ ခွဲကျော်လောက်မှာ သေနတ်ပြပြီး ဓားပြတိုက်တာလို့သိရတယ်။ သေနတ်နဲ့ချိန်ထားပြီး ရွှေတွေကို လုပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ပိုင်ရှင်နဲ့ဝန်ထမ်းတွေ ဝိုင်းဖမ်းတော့ တယောက်ကို မိတယ်။ တယောက်ကတော့ ရွှေထုပ်နဲ့ ထွက်ပြေးသွားတယ်။ သေနတ်ပစ်ဖောက်တာမျိုးတော့မရှိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ် ။ လက်ရှိမှာ ရွှေဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သူတွေထဲက အောင်ဇော်ဖြိုးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ရွှေထည်တွေနဲ့အတူ ထွက်ပြေးသွားသူကတော့ ပြည်ကြီးတံခွန်မြိုနယ်နေ အောင်ကျော်ဦး ဆိုသူတို့ဖြစ်ကြောင်း…

Read More

အစိုးရသစ်လက်ထက်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး ဦးစားပေး လုပ်ဆောင်နိုင်ဖွယ်ရှိ

ဧပြီ ၈ – ၂၀၂၆ SN (VOM) အစိုးရသစ်လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်သလို တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်တယ်။ နောက်တချက်က တည်ငြိမ် အေးချမ်းရေးပေါ့။ နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လာနိုင်တယ်” လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။ ဒါအပြင် ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအပြင် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို အဓိကထား လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလာနိုင်သလို ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လာနိုင်ဖွယ်…

Read More

ပြည်သူ့လွှတ်​တော် ပထမပုံမှန်အစည်းအ​ဝေး ရပ်နားပြီ

နေပြည်တော် ဧပြီ ၈ – ၂၀၂၆ KKL(VOM) ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ဖို့အတွက် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ကြိုးပမ်းဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ဒီ​နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်​တော်အစည်းအ​ဝေးမှာ လွှတ်​တော်ကိုယ်စားလှယ်​တွေကိုမှာကြားပါတယ်။ ​ ” ပြည်သူ့အကျိုးဖော်ဆောင်ရန် မိမိတို့ ရွေးကောက်ခံရတဲ့ နယ်မြေအသီးသီးမှာ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်ကြဖို့၊ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အမြဲမပြတ် လေ့လာနေဖို့ ဥပဒေပြုရေး မဏ္ဍိုင်မှာ ပါဝင်နေသူများဖြစ်တာကြောင့် စဉ်ဆက်မပြတ် လေ့လာနေဖို့၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်စေဖို့အတွက် စိတ်ကောင်းစေတနာ အရင်းခံပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ဖို့ ” မှာကြားသလို မကြာမီ ကျရောက်တော့မယ့် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ်ကူး အခါသမယမှာ အားလုံးပဲ ပျော်ရွှင်ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့ပြီး၊ ဒုတိယပုံမှန်အစည်းအဝေးမှာ ပြန်လည်ဆုံတွေ့ကြဖို့ ဆန္ဒပြုကာ အစည်းအဝေးကို…

Read More

ဝပြည်နယ် ၊ပန်ဆမ်းမြို့က ယမ်းသိုလှောင်စက်ရုံပေါက်ကွဲလို့ လူအများအပြားသေဆုံး

ဧပြီ ၈ ၊ ၂၀၂၆ GG (VOM) “ဝ” UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ ယောင်ပန်ရွာအနီးရှိ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကနဦးသတင်းတွေအရ စုံစမ်းသိရှိ ရပါတယ်။ မနေ့က ဧပြီ ၇ ရက်နေ့ ၊ညနေ ၃နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုအတွင်းမှာ လူပေါင်း ၁၆၀ လောက်အထိ သေဆုံးမှုရှိနိုင်ကြောင်း သတင်းတွေထွက်နေပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး ။ ” ယမ်းသိုလှောင်ရုံပေါက်ကွဲမှုမှာက လူ ၁၆၀ လောက်​သေတယ်လို့ အဲဒီဘက်က သတင်းရတယ်။ သေချာတော့ မပြောနိုင်သေးဘူး ။ ပြောတာတော့ အဲဒီထက်လည်းပိုနိုင်တယ် သိရတယ်။ အခုအဲဒီနေရာမှာဝတပ်ဖွဲ့တွေက လုံခြုံရေးယူထားတယ် ။ ” လို့ ပန်ဆမ်းဒေသခံနဲ့ အဆက်သွယ်ရှိသူ တယောက်က ပြောပါတယ်။ အဆိုပါ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဝ…

Read More

မြစ်ကြီးနားက စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်မီးလောင်ပြီး ဆီကားတချို့လည်းမီးလောင်ခဲ့

ဧပြီ ၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁ မှာရှိတဲ့ စက်သုံးဆီ သိုလှောင်တဲ့ဂိုဒေါင်မှာ မီးလောင်မှုဖြစ်ပွားပြီး ရပ်ထားတဲ့ ဆီဘောက်ဆာကားသုံးစီးလောက်လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဧပြီ ၈ ရက်နေ့ ၊ ၈ နာရီ ၃၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်သုံးဆီ သိုလှောင်တဲ့နေရာ ဖြစ်တာကြောင့် မီးလောင်အားပြင်းပြီး မီးလောင်ချိန်လည်း ကြာမြင့်ခဲ့တဲ့အတွက် ၂ နာရီကျော်လောက်အထိ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။ ” ကရိန်နော်အပန်းဖြေစခန်းနားက ဆီသိုလှောင်ရုံပါ။ရပ်ထားတဲ့ကားသုံးစီးလောက်လည်း မီးလောင်သွားတယ်။ ဆီ ပေပါတွေလည်းမီးလောင်တယ်။ မီးကများတော့ တော်တော်လေးငြှိမ်းယူရတယ်။ ဘေးအိမ်တွေတော့ မီးမကူးဘူး ။ မီးဟပ်တဲ့ကားတွေလည်းရှိတယ်။ ” လို့ မြေပြင်ရောက်ရှိခဲ့တဲ့ ဒေသခံကပြောပါတယ်။ ရပ်နားထားတဲ့ ဆီဘောက်ဆာကနေ ကားတိုင်ကီထဲကို…

Read More

မိတ္ထီလာမှာ မိုးသက်လေပြင်းကြောင့် ထိခိုက်ပျက်စီးမှု များပြား၊ တယောက် ဒဏ်ရာရ

ဧပြီ ၈ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့ ဧပြီ ၇ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့ ထိခိုက်ပျက်စီးမှု များပြားခဲ့ကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ မိုးသက်လေပြင်း ကျရောက်မှုဟာ အချိန် တနာရီလောက်သာ ကြာမြင့်ခဲ့တာဖြစ်ပေမယ့် လမ်းမကြီးတွေပေါ် သစ်ပင်ကြီး အများအပြား လဲပြိုကျခဲ့တာကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေရော၊ မိုးရော ခဏလေးအတွင်းကို အတော်ကြမ်းခဲ့တာ။ မိုးသီးတွေပါကျတာ။ မိုးက အနောက်ဘက်ကနေ ပတ်ရွာတာ။ သစ်ပင်တွေက နှစ်ချို့ပင်ကြီးတွေတောင် အမြစ်ကကျွတ်ထွက်ပြီး လဲတာ။ လမ်းဘေးမှာ ရပ်ထားတဲ့ ဟိုက်ဂျက်တစီးပေါ် သစ်ပင်လဲကျလို့ ကားလည်း ပျက်စီးသွားတယ်၊ ဘေးမှာရှိနေတဲ့ အမျိုးသမီးတယောက်လည်း…

Read More
VOM News

FREE
VIEW