ဆူးငှက် တက္ကသိုလ်၏ ရွက်ကြွေလွင့်စ နေ့လယ်ခင်းများ —————————————————- ကတ္တရာလမ်းပေါ်သို့ ရွက်ဝါရော်တွေက ပျင်းတိပျင်းတွဲ လျှောဆင်းနေကြသည်။ တစ်ခါတစ်ရံ လေအဝှေ့မှာ ခိုစီး လိုက်ပါလာသေး၏။ တယ်ရွက်တွေ…ကုက္ကိုရွက်တွေ ကြွေနေတဲ့ မင်္ဂလာလမ်းပေါ်က ရေနီမြောင်းလေး အကျော်မှာ ‘စံပယ်တခက်’ အဆောင်ဆီက ကျောင်းသူလေး တစ်ဦးဦး၏ စာကြည့်စားပွဲပေါ်ရှိ ပင်နာဆိုနစ် ကက်ဆက်လေးက သီချင်းသံလေးလည်း လမ်းပေါ်သို့ သစ်ရွက်ကြွေများနှင့် အတူ လွင့်ကျလာသည်။ သည်လို နေ့ခင်းတချို့မှာ နေ့လယ်ပိုင်း စာသင်ချိန် တော်တော်များများ မရှိလေတော့ (အကယ်၍ ရှိလျှင်လည်း အတန်းမတက်ဖြစ်ဘဲ) အတန်းဖော် ကျောင်းသူအချို့နှင့် ကျွန်တော်တို့တစ်တွေ မဟာမုနိဘုရားကြီးသို့ အမြဲလိုလို သွားဖြစ်ကြသည်။ ကျောင်းတောင်ဘက် အပေါက်က ထွက်၊ စိုက်ပျိုးရေး လယ်ကန်သင်းပေါ်က မြေလမ်းအတိုင်း အနောက်ဘက် ဆင်ဖြူကန် သုသာန်ကတစ်ဆင့် ရန်ကုန်-မန္တလေး လမ်းမကြီးမှသည် ရှမ်းစု ဘူတာရုံလေးကို ဖြတ်ကာ ဘုရားကြီးသို့…
Read MoreDay: April 9, 2026
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး လျာထားတဲ့ထဲက ၂ယောက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ သဘောမကျ
ဧပြီ ၈- ၂၀၂၆ VOM ကချင်ပြည်နယ်လွှတ်တော်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လျာထားခံရသူ အဆိုတင်ထားတဲ့ ဝန်ကြီးထဲမှာ စီမံကိန်း၊စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး လျာထားသူ ၂ယောက်ကို ကချင်ပြည်နယ်လွှတ်တော်ကိုစားလှယ်တချို့က မနှစ်သက် သဘောမတူကြဘူးလို့ ကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တဲ့ NDPK ပါတီက လက်ရှိကချင်ပြည်နယ် သယံဇာတဝန်ကြီးကို စီမံကိန်းစီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးလျာထားတာရယ် သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးအသစ် ခန့်အပ်မယ့်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တယောက်ပြောပြတာက ” ရွေးကောက်ပွဲမှာ ပြည်သူက ဆန္ဒမဲနဲ့ ပယ်ချထားလို့ ရှုံးနိမ့်ခဲ့သူကို ခုလို အရေးပါတဲ့ ဝန်ကြီးရာထူး ပြောင်းလဲပေးအပ်တာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ ” ရှုမြင်ကြောင်းပြောပါတယ်။ ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်ကို နိုင်ငံတော်သမ္မတဖြစ်လျာထားခံရသူက အဆိုတင်ထားသလို ဝန်ကြီးချုပ်လျာထားခံရသူကလည်း လုံခြုံရေးနဲ့နယ်စပ်ရေးရာအတွက်…
Read Moreနှစ်ပတ်လည်စစ်ဆေးချက် မခံတဲ့ CNG ကားတွေကို ယာဥ်စာရင်းကနေပယ်ဖျက်ပြီး ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းမယ်
ဧပြီ ၈ ၊ ၂၀၂၆ CC (VOM) နှစ်ပတ်လည် စစ်ဆေးမှု ပျက်ကွက်ပြီး သတ်မှတ်စည်းကမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုး သုံးစွဲတဲ့ CNG ကားတွေကို CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှု အပြီးတိုင် ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါကြောင့် CNG ကားပိုင်ရှင်တွေအနေနဲ့ နှစ်ပတ်လည်စစ်ဆေးခြင်းနဲ့ ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းကို ယခုလ ဧပြီ ၃ဝ ရက် အတွင်းမှာ CNG ဌာနကို သွားရောက်ကာ စစ်ဆေးခံယူပြီး CNG ဝယ်ယူခွင့်စာအုပ်နဲ့ ကတ်သစ်ထုတ်ယူခြင်းကို ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။ CNG ဌာနကို လာရောက်ပြီး နှစ်ပတ်လည် စစ်ဆေးမှုခံယူခြင်းမရှိတဲ့ နှစ်ပြည့်သက်တမ်း ၅ နှစ်ကျော်လွန်တဲ့ CNG ကားတွေကို လာမယ့် မေလ ၁ ရက်နေ့ကစပြီး CNG ယာဉ်စာရင်းကနေ အပြီးအပိုင်…
Read More