ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး လျာထားတဲ့ထဲက ၂​ယောက်ကို လွှတ်​တော်ကိုယ်စားလှယ်​တွေ သ​ဘောမကျ

ဧပြီ ၈- ၂၀၂၆
VOM
ကချင်ပြည်နယ်လွှတ်​တော်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လျာထားခံရသူ အဆိုတင်ထားတဲ့ ဝန်ကြီးထဲမှာ စီမံကိန်း၊စီးပွား​ရေးနဲ့ ဘဏ္ဍာ​ရေးဝန်ကြီးနဲ့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း​ရေးဝန်ကြီး လျာထားသူ ၂​ယောက်ကို ကချင်ပြည်နယ်လွှတ်​တော်ကိုစားလှယ်တချို့က မနှစ်သက် သ​ဘောမတူကြဘူးလို့ ကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တဲ့ NDPK ပါတီက လက်ရှိကချင်ပြည်နယ် သယံဇာတဝန်ကြီးကို စီမံကိန်းစီးပွား​ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးလျာထားတာရယ် သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း​ရေးဝန်ကြီးအသစ် ခန့်အပ်မယ့်အပေါ် ဝေဖန်မှု​တွေ ထွက်ပေါ်​နေပါတယ်။
ကချင်ပြည်နယ်က လွှတ်​တော်ကိုယ်စားလှယ်တ​ယောက်​ပြောပြတာက
” ရွေးကောက်ပွဲမှာ ပြည်သူက ဆန္ဒမဲနဲ့ ပယ်ချထားလို့ ရှုံးနိမ့်ခဲ့သူကို ခုလို အရေးပါတဲ့ ဝန်ကြီးရာထူး ပြောင်းလဲပေးအပ်တာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ ” ရှုမြင်​ကြောင်း​ပြောပါတယ်။
ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်ကို နိုင်ငံ​တော်သမ္မတဖြစ်လျာထားခံရသူက အဆိုတင်ထားသလို ဝန်ကြီးချုပ်လျာထားခံရသူကလည်း လုံခြုံ​ရေးနဲ့နယ်စပ်​ရေးရာအတွက် ဗိုလ်မှူးကြီး​ကျော်သူရ၊စီမံကိန်းစီးပွား​ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးတိန့်​ဆောင်၊ လူမှု​ရေးဝန်ကြီးအဖြစ် ဦး​ကျော်မင်းခိုင်၊ လျှပ်စစ်၊စက်မှုနဲ့ လမ်းပမ်းဝန်ကြီးအဖြစ် ဦး​အောင်နိုင်၊ စိုက်ပျိုး​ရေး ​မွေးမြူ​ရေးနဲ့ ဆည်​မြောင်းဝန်ကြီး​နေရာအတွက် ဦးချန်တန်ခင်၊ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း​ရေးဝန်ကြီး​အဖြစ် ​ဒေါက်တာ​အောင်ဝင်း၊ စည်ပင်သာယာ​ရေးဝန်ကြီးအဖြစ် ဦးရဲရင့်​ဆွေတို့ကို လျာထား​ကြောင်း ကချင်ပြည်နယ်လွှတ်​တော်ကို တင်ပြထားပါတယ်။
ခုလိုလျာထားထားတဲ့ ဝန်ကြီး​​တွေကို သ​ဘောမတူရင် မနက်ဖြန်ကျင်းပမယ့် ကချင်ပြည်နယ်လွှတ်​တော်မှာ ကန့်ကွက်ရမှာမို့ ဝန်ကြီးချုပ်ရဲ့ အဆိုက အတည်ပြုမလား လွှတ်​တော်ကိုယ်စားလှယ်​တွေက ကန့်ကွက်ကြမှာလားဆိုတာ မနက်ဖြန်မှာ အ​ဖြေ​ပေါ်မှာ ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW