နေပြည်တော် ဇွန် ၂၂ – ၂၀၂၆
KKL(VOM)
နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းမှာ အောင်မြင်မှု မရှိခဲ့တဲ့ မြို့တွင်းယာဥ်လိုင်းပြေးဆွဲနိုင်ဖို့ အတွက် ရာဇာမင်း ယာဥ်လိုင်းက EV ကားကိုအသုံးပြုပြီး ပြေးဆွဲဖို့ ရာဇာမင်းယာဥ်လိုင်း တာဝန်ရှိသူတွေကို နေပြည်တော်ကောင်စီက ခေါ်ယူညှိနှိုင်းမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့က ကျိုက်လတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် Dr အောင်ကြီးမေးမြန်းတဲ့ နေပြည်တော်မှာ အများပြည်သူတွေအတွက် စျေးနှုန်းချိုသာတဲ့ လိုင်းကားပြေးဆွဲဖို့ ရှိ မရှိ နဲ့ပတ်သက်လို့ နေပြည်တော်ကောင်စီရဲ့တင်ပြမှုနဲ့ ပေါင်းစပ်ပြီး ရာဇာမင်း ပို့ဆောင်ရေးယာဥ်လိုင်း အသင်းက တာဝန်ရှိသူတွေကို နေပြည်တော်ကောင်စီက ၂၅.၅.၂၀၂၃ နေ့က ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ဆိုခဲ့ပါတယ်။
“နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းမှာ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် ကောင်းမွန်စွာဖြစ်ပေါျလာရေးအတှကျ နေပြည်တော်ကောင်စီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန ပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနတို့မှ အလေးထားဆောင် ရွက်ပေးခဲ့သော်လည်း လိုက်ပါစီးနင်းတဲ့ ခရီးသည် နည်းပါးတာကြောင့် စီးပွားရေးအရ တွက်ခြေကိုက်မှု နည်းပါးတဲ့အတွက်ကြောင့် ဖွံဖြိုးတိုးတက်မှု နည်းပါးခဲ့ရကြောင်း တွေ့ရှိရပါတယ်” လို့ ပို့ဆောင်ရေး ဒုဝန်ကြီး ဦးအောင်မြိုင် က ဖြေကြားခဲ့ပါတယ်။
၂၀၀၃ ခုနှစ်က တော်ဝင်ယာဥ်လိုင်းကနေ တစ်နေ့ကို သုံးစီးနှုနျူးနဲ့ နေပြည်တော်မြို့တွင်း သတ်မှတ်နေရာတွေကို ပြေးဆွဲပေးသော်လည်း ခရီးသည်မရပဲ တွက်ခြေမကိုက်လို့ ၂၀၀၉ မှာရပ်နားခဲ့ရတယ်လို့သိရပြီး လက်ရှိ နေပြည်တော်မှာ ရွှေသပြေ၊ ရွှေအောင်လံ၊ ရွှေပြည်သစ် ယယဥ်လိုင်း သုံးလိုင်း ကို လိုက်ထရက်ကားနဲ့ ပျဥ်းမနား မြို့မစျေး တောင်ညို တပ်ကုန်း ခရီးစဥ်တွေကို ပြေးဆွဲမှုရှိနေပေမယ့် ခရီးသည်နည်းပါးတဲ့အတွက် စျေးသည်တွေရဲ့ ကုန်ပစ္စည်းတွေကို တင်ဆောင်နေရတယ်လို့လည်း ဒုဝန်ကြီးက ဆိုပါတယ်။
ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ပြည်ထောင်စုနယ်မြေရုံးနေပြည်တော်အနေနဲ့ ၂၀၂၄ ခုနှစ်က စတင်ပြီး တော်ဝင်ယာဥ်လိုင်းနဲ့ သိုက်ချောင်း ကနေ လယ်ဝေး၊ သိုက်ချောင်း မြို့မစျေး မာရဝီဇယ၊ သိုက်ချောင်း မြို့မစျေး နည်းပညာအထက်တန်း ကျောင်း၊ သိုက်ချောင်း မြို့စျေး စတိတ်အကယ်ဒမီ ကျောင်းစတဲ့ ခရီးစဥ်လေးခုကို နေ့စဉ်ပြေးဆွဲ နေပြီး အခုလက်ရှိရာဇာမင်းယာဥ်အသင်းက နေ့စဥ်ပြေးဆွဲနိုင်ခြင်းမရှိသေးပေမယ့် နောက်ပိုင်းကာလတွေမှာ နေပြည်တော်မြို့တွင်းယာဥ်လိုင်းအဖြစ် ပြေးဆွဲလာနိုင်မှာဖြစ်ပါတယ် လို့ ပို့ဆောင်ရေး ဒုဝန်ကြီး ဦးအောင်မြိုင်က ဖြေကြားခဲ့ပါတယ်။
