သူတို့အိမ်အခန်း (၁၅၈)

ဆူးငှက် ဇာတ်ဆိုတာ လမိုင်းကပ်ပါမှ ——————————- ဇာတ်တိုက်ရသည့် အလုပ်က အတော် စိတ်ရှည်ရ၏။ အထူးသဖြင့် ကျွန်တော်ကိုယ်နှိုက်ကလည်း ဂီတကို ထဲထဲဝင်ဝင် တတ်မြောက်တာမဟုတ်ပေ။ အဖွင့်သီချင်းလိုကျ ကျွန်တော်ကလည်း စန္ဒရားဆရာ ကိုအောင်ကြည်ကို ကျွန်တော် ဖြစ်ချင်သည့် အသံကိုပဲ ပြောပြတတ်၏။ ဘယ်နှပေါက်တွေ ဘာကီးတွေ မသိ။ ကိုအောင်ကြည်က စန္ဒရားခလုတ်ပေါ်မှာ အသံရှာပြီး မှတ်သားကာ သူကပဲ သီဆိုမည့် သူများအား ပြန်တက်ပေးသည်။ သို့သော် သီဆိုမည့်သူ လူ၅၀ ထဲက အားလုံးညီညာ တစ်သံတည်းထွက်ဖို့က မလွယ်လှပေ။ သူတို့ ဂီတကောင်စီဝင် အဆိုတော်များမှ မဟုတ်တာ။ သူတို့ နားလည်သလိုပဲ ဆိုကြသည်။ ထို့ကြောင့် ကိုအောင်ကြည်နှင့် ညှိပြီး တကယ်ဆိုနိုင်သူလက်ထဲ မိုက်ထည့်ပေးပြီး မိုက်များ အသံစွဲမည့် နေရာကို ုတွက်ချက်ကာ ဆိုနိုင်မည့်သူများကိုပဲ နေရာချမည်။ မဆိုနိုင်သူများကိုတော့ နောက်တန်းမှာပဲ နေရာပေးမည်ပေါ့။…

Read More
VOM News

FREE
VIEW