မန္တလေးမှာ ဂိုဒေါင်အဟောင်းတခု မီးလောင်လို့ နေထိုင်သူနှစ်ဦး မီး​ဟပ်ဒဏ်ရာရရှိ

မန္တလေး၊ ဇူလိုင်- ၆- ၂၀၂၆
SA(VOM)
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇ လမ်း နဲ့ ၁၀၁ A လမ်းထောင့်က အရင်က နို့ဆီတွေသိုလှောင်တဲ့ ဂိုဒေါင်အဟောင်းတခု ဒီကနေ့ မနက် ၇ နာရီ ၄၉ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ပြီး ဂိုဒေါင်မှာ နေထိုင်သူအစောင့် နှစ်ယောက် မီးဟပ်ဒဏ်ရာ(မစိုးရိမ်)ရ ရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဂိုဒေါင်စောင့် အသက် ၆၄ နှစ်အရွယ် ဦးတင်ထွန်း နဲ့ အမျိုးသမီးဖြစ်သူ နှစ်ဦး မီးဟပ်လို့ ဆေးရုံကြီးကိုပို့ဆောင်ပေးထားရတယ်လို့ သိရပါတယ်။
” ဂိုဒေါင်မှာနေတဲ့ လင်မယား နှစ်ယောက် ခြေထောက်နဲ့ လက်တွေမှာ မီးဟပ်လို့ အရေပြားတွေ လန်ထွက်ခဲ့တာကြောင့် ဆေးရုံကြီးကို ပို့ပေးထားတယ်၊ ဂိုဒေါင်ထဲမှာတော့ ပစ္စည်းတွေမရှိဘူး ဒါပေမယ့် အောက်ခြေမှာ ခင်းထားတဲ့ အသားကွမျးခငျးတှကေို ရေနံချေးတွေသုတ်ထားတော့ မီးက ပိုဆိုးတာပါ၊ ဘေးကူးစက်လောင်ကျွမ်းမှုမရှိပါဘူးလို့” မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
မီးလောင်ကျွမ်းတဲ့ ဂိုဒေါင်အဟောင်းကို မြနိမာနိုင်ငံမီးသတ်တပ်ဖွဲ့က ငြှိိမ်းသတ်ခဲ့ရာ ၇ နာရီ ၅၉ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၅ မိနစ်မှာ မီးငြှိိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW