မန္တလေး၊ ဇူလိုင် ၁၈ KKA(VOM ) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံဆိုက်ဘာစီးတီး ဧကတသောင်းစီမံကိန်းမြေနဲ့ သုံးတောင်ကျေးရွာအကြားမှာ မြေပြင်ကွင်းဆင်း တိုင်းတာတာတွေ ထပ်မံပြုလုပ်နေအတွက် အဲဒီသတ်မှတ်ဧရိယာဝန်းကျင်မှာ နေထိုင်သူတွေအနေနဲ့ ဖယ်ရှားခံရမှာကို စိုးရိမ်နေကြတယ်လို့ သုံးထောင်ကျေးရွာ ဒေသခံ ကိုဝင်းမြင့်ကျော်က VOMကိုပြောပါတယ်။ “လယ်ယာမြေ၊ သစ်တောနဲ့ စီမံကိန်းမြေတွေဆိုတာက သတ်မှတ်သလောက်ရှိတာပေါ့။ ကျွန်တော်တို့ ဝယ်ယူတုန်းကလည်း လောဘဇောတိုက်ပြီး အရမ်းကာရော ဝယ်ခဲ့တာမဟုတ်ဘူး။ အခုလိုချိန်မှာ ဘယ်သူ့မှ ပြန်ပြီး လက်ညှိုးမထိုးချင်ပါဘူး။ ဆုံးရှုံးတော့ ကျွန်တော်တို့ပဲ။ အခုဆို ကျနော်တို့ဖြစ်နေတာက ဘယ်အချိန်ဖျက်ခိုင်း ဖယ်ခိုင်းမလဲ စိုးရိမ်ပူပန်နေရတယ်။”လို့ ကိုဝင်းမြင့်ကျော်ကပြောပါတယ်။ သုံးထောင်းအဆင်းလမ်းဘက်ခြမ်းနဲ့စီမံကိန်းဘက်အကွေ့ခြမ်းမှာရှိတဲ့ လူနေအိမ်တွေနဲ့ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ ဇွန် ၁၀ရက်ကလည်း ရှင်းလင်းဖယ်ရှားတာတွေခံထားရပြီး အခုကျန်တဲ့နေရာတွေပါ ထပ်မံဖယ်ရှားရှင်းလင်းခံရမှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့လက ရှေ့ကအိမ်တွေ အဖျက်ခံရတုန်းကလည်း ဘာမှလုပ်မရဘဲ ငိုကြည့်နေခဲ့ရတယ်။ အခု ကျန်တဲ့နေရာတွေကိုပါ…
Read MoreDay: July 18, 2026
ဖားကန့် ကုဋေမှော် လုပ်ကွက်ဟောင်းမှာ မြေပြိုကျလို့ ခုနှစ်ယောက်ပါသွားပြီး ရှာမတွေ့သေး
ဇူလိုင် ၁၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသရှိ ကုဋေမှော်ထဲက ကုမ္ပဏီလုပ်ကွက်ဟောင်းတခုမှာ မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူ ခုနှစ်ယောက်လောက်ပါသွားတယ်လို့ ကနဦးသိရပါတယ်။ မနေ့က ဇူလိုင် ၁၇ ရက်နေ့ ၊ ညနေ ၃ နာရီကျော် လောက်မှာ မြေပြိုကျခဲ့တာ ဖြစ်ပြီး မြေပြိုကျစဥ် ရေဆေးကျောက်ရှာနေသူတွေ ပါသွားတာ ဖြစ်ကြောင်း ဒီနေ့ ဇူလိုင် ၁၈ ရက်မှာ ရှာဖွေနေပေမယ့် မတွေ့ရှိသေးဘူးလို့ သိရပါတယ်။ ” ကယ်ဆယ်ရေးအဖွဲ့တွေ ရှာနေကြတုန်းပဲ ။ ဒီနေ့ခင်းထိတော့ မတွေ့သေးဘူး သိရတယ်။ မြေပြိုကျတာက ကန်ကြီးထဲကိုဆိုတော့ ရှာဖို့က သိပ်မလွယ်တဲ့အခြေအနေဖြစ်နေတာ။ ရေငုတ်ရှာနေကြတာကို မတွေ့သေးဘူး ။ ” လို့ ဒေသခံက ပြောပါတယ် ။ ကနဦးသိရှိရတဲ့ စာရင်းအရဆိုပါက မြေပြိုကျမှုအတွင်း ပါသွားတဲ့သူတွေထဲမှာ…
Read Moreရွှေ၊ ငွေ၊ စက်ဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်နေပေမယ့် ကုန်ဈေးနှုန်းတွေ တက်အားကောင်းနေ
ဇူလိုင် ၁၈ – ၂၀၂၆ SS (VOM) ပြည်တွင်းရွှေဈေး၊ အမေရိကန်ဒေါ်လာဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေ အတက်အကျ အနည်းငယ်နဲ့ ငြိမ်သက်နေပေမယ့် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်အားကောင်းနေဆဲ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ လက်ရှိ စားသောက်ကုန် ဈေးကွက်အတွင်းမှာ ဆန်တအိတ်ကို အမျိုးအစားအလိုက် အနည်းဆုံး ကျပ် တသိန်းကျော်ဝန်းကျင်ကနေ ကျပ် နှစ်သိန်းကျော်ဝန်းကျင်အထိ ရှိနေပြီး စားသုံးဆီကလည်း ခွဲတမ်းလျှော့ချ ကန့်သတ်ထားမှုတွေကြောင့် ပြင်ပ ဈေးကွက်မှာ ဆီတပိဿာ တသောင်းရှစ်ထောင်ကျပ်ကနေ ကျပ် နှစ်သောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေသလို ကြက်သွန်နီ တပိဿာ အရင် ၃၅၀၀ ကျပ်ဝန်းကျင်ကနေ အခု ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်ဥ တလုံး အရင် ကျပ် ၅၀၀၊ ၅၅၀ ဝန်းကျင်ကနေ အခု ကျပ် ၇၀၀…
Read More